အခက်အခဲကြားထဲမှာ ဆွဲတင်ရန် စီနီယာကစားသမားများကို အာတီတာတောင်းဆို

မီခေးလ်အာတီတာကအာဆင်နယ်စီနီယာစတားများအနေဖြင့်ကလပ်ရဲ့ပြဿနာအားအဆုံးသတ်နိုင်ရေးအတွက်ဆွဲတင်ပေးကြရန်တောင်းဆိုလိုက်ပါတယ်။

ဖိအားများနှင့်ကြုံတွေ့နေရတဲ့အာတီတာဟာဖိအားများနှင့်ရင်ဆိုင်လာရတဲ့လူငယ်စတားများဖြစ်ကြတဲ့အီမီလီစမစ်ရိုး၊ဘူကာယိုဆာကာတို့အားအကာအကွယ်ပေးကြရန်အာဆင်နယ်စီနီယာကစားသမားများကိုတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာဘရန့်ဖို့ဒ်နှင့်ချဲလ်ဆီးတို့အားဆက်တိုက်ရှုံးနိမ့်ကာရဂိုးလည်းတစ်ဂိုးမျှမရှိမှုနဲ့အတူကလပ်ရဲ့၁၁၈နှစ်သမိုင်းတွင်အဆိုးရွားဆုံးရာသီအစနှင့်ရင်ဆိုင်နေရပါတယ်။

၎င်းတို့ဟာယနေ့ညတွင်ချန်ပီယံရှစ်တွင်အကောင်းဆုံးပုံစံရရှိနေတဲ့ဝက်စ်ဘရွန်းနှင့်ကာရာဘောင်းဖလားဒုတိယအဆင့်ပွဲကစားရပါမယ်။

အာတီတာက “စီနီယာကစားသမားတွေကဘဲအသင်းရဲ့အောင်မြင်မှုမှာအရေးပါတဲ့သူတွေဖြစ်သလိုအသင်းကိုဦးဆောင်သူတွေလည်းဖြစ်ပါတယ်။သူတို့ကနေ့တိုင်းအသင်းကိုမောင်းနှင်နေကြသူတွေပါ။ပြီးတော့အသင်းခေါင်းဆောင်တွေပီသစွာတာဝန်ယူရပါမယ်။ဒါမှလည်းလူငယ်တွေကပိုပြီးတော့သန်မာပြီးပိုကောင်းလာကြပါမယ်။ဒါပေမယ့်လူငယ်တွေကိုရင့်ကျက်ဖို့အချိန်တော့ပေးရပါမယ်”လို့ပြောကြားသွားပါတယ်။

အာဆင်နယ်ဟာလာမယ့်စနေနေ့မှာအီတီဟတ်ကွင်းသို့သွားရောက်ကာမန်စီးတီးနှင့်ရင်ဆိုင်ကစားရဦးမှာဖြစ်ပါတယ်။

ZawGyi

အခက္အခဲၾကားထဲမွာ ဆြဲတင္ရန္ စီနီယာကစားသမားမ်ားကို အာတီတာေတာင္းဆို

မီေခးလ္အာတီတာကအာဆင္နယ္စီနီယာစတားမ်ားအေနျဖင့္ကလပ္ရဲ႕ျပႆနာအားအဆုံးသတ္ႏိုင္ေရးအတြက္ဆြဲတင္ေပးၾကရန္ေတာင္းဆိုလိုက္ပါတယ္။

ဖိအားမ်ားႏွင့္ႀကဳံေတြ႕ေနရတဲ့အာတီတာဟာဖိအားမ်ားႏွင့္ရင္ဆိုင္လာရတဲ့လူငယ္စတားမ်ားျဖစ္ၾကတဲ့အီမီလီစမစ္႐ိုး၊ဘူကာယိုဆာကာတို႔အားအကာအကြယ္ေပးၾကရန္အာဆင္နယ္စီနီယာကစားသမားမ်ားကိုေတာင္းဆိုလိုက္တာလည္းျဖစ္ပါတယ္။

အာဆင္နယ္ဟာဘရန႔္ဖို႔ဒ္ႏွင့္ခ်ဲလ္ဆီးတို႔အားဆက္တိုက္ရႈံးနိမ့္ကာရဂိုးလည္းတစ္ဂိုးမွ်မရွိမႈနဲ႔အတူကလပ္ရဲ႕၁၁၈ႏွစ္သမိုင္းတြင္အဆိုး႐ြားဆုံးရာသီအစႏွင့္ရင္ဆိုင္ေနရပါတယ္။

၎တို႔ဟာယေန႔ညတြင္ခ်န္ပီယံရွစ္တြင္အေကာင္းဆုံးပုံစံရရွိေနတဲ့ဝက္စ္ဘ႐ြန္းႏွင့္ကာရာေဘာင္းဖလားဒုတိယအဆင့္ပြဲကစားရပါမယ္။

အာတီတာက “စီနီယာကစားသမားေတြကဘဲအသင္းရဲ႕ေအာင္ျမင္မႈမွာအေရးပါတဲ့သူေတြျဖစ္သလိုအသင္းကိုဦးေဆာင္သူေတြလည္းျဖစ္ပါတယ္။သူတို႔ကေန႔တိုင္းအသင္းကိုေမာင္းႏွင္ေနၾကသူေတြပါ။ၿပီးေတာ့အသင္းေခါင္းေဆာင္ေတြပီသစြာတာဝန္ယူရပါမယ္။ဒါမွလည္းလူငယ္ေတြကပိုၿပီးေတာ့သန္မာၿပီးပိုေကာင္းလာၾကပါမယ္။ဒါေပမယ့္လူငယ္ေတြကိုရင့္က်က္ဖို႔အခ်ိန္ေတာ့ေပးရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

အာဆင္နယ္ဟာလာမယ့္စေနေန႔မွာအီတီဟတ္ကြင္းသို႔သြားေရာက္ကာမန္စီးတီးႏွင့္ရင္ဆိုင္ကစားရဦးမွာျဖစ္ပါတယ္။