အခန်းဖော်ကိုငရဲခန်းမှာနေရသလိုဖြစ်အောင်ဒုက္ခပေးတဲ့ နီကိုလပ်စ်ပီပီ

အာဆင်နယ်စတားနီကိုလပ်စ်ပီပီဟာမော်တော်ဆိုင်ကယ်သံမျိုးဖြင့်ကျယ်လောင်စွာဟောက်ကာအိပ်မရအောင် နှိပ်စက်လေ့ရှိတဲ့ဘောလုံးအခန်းဖော်ဖြစ်ကြောင်းဖွင့်ချခြင်းခံလာရပါတယ်။

အသက်၂၅နှစ်ရှိအာဆင်နယ်စတားဟာသူ့ရဲ့ဘောလုံးကျွမ်းကျင်မှုဖြင့်တောင်ပံတလျှောက်နောက်တန်းလူများကို ဒုက္ခပေးလာခဲ့သူဖြစ်ပါတယ်။

အခြားတစ်ဖက်မှာသူဟာကွင်းပြင်ပမှာလည်းအခန်းဖော်ကိုလည်းစိတ်အနှောက်အယှက်ဖြစ်အောင်အမြဲလုပ်လေ့ ရှိသူဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိခရစ္စတယ်ပဲလေ့စ်ကအိုင်ဗရီကို့စ်လက်ရွေးစင်အသင်းအတွက်သွားကစားစဉ်ပီပီနဲ့တစ်ခန်းတည်း အတူနေရာတွင်ဆိုးရွားလွန်းလှတဲ့ဟောက်သံကြောင့်အိပ်မရကာအခန်းပြောင်းခွင့်ပေးဖို့တောင်းဆိုခဲ့ရကြောင်း ဖွင့်ဟပြောကြားလာပါတယ်။

ဇာဟာက “နီကိုလပ်စ်ပီပီပါ။အခန်းပြောင်းပေးဖို့တောင်တောင်းဆိုခဲ့ရတယ်။သူ့အသံကမော်တော်ဆိုင်ကယ်အသံ လိုဘဲဆိုးရွားလှလို့အခန်းပြောင်းဖို့တောင်းဆိုခဲ့ရတယ်။တော်တော်ဆိုးတယ်။ကျွန်တော်ကတော့လုံးဝမကြိုက်ဘူး။ အိုင်ဗရီကို့စ်အတွက်ပထမဆုံးအကြိမ်သွားကစားတုန်းကပါ။သူတို့ကလည်းကျွန်တော့်ကိုအခန်းပြောင်းပေးခဲ့ကြ တယ်။ဆော်လမွန်ကာလူးနဲ့တစ်ခန်းတည်းထားပေးတယ်။သူကတော့ကျွန်တော်အခန်းပြောင်းပြေးတာနားလည် ပေးပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ခရစ္စတယ်ပဲလေ့စ်တောင်ပံစတားကအင်္ဂလန်ယူ-၂၁အသင်းအတွက်ကစားစဉ်ကရော်နယ်ဒင်ဟိုကဲ့သို့က စားရန်ကြိုးပမ်းတဲ့မန်ယူကြယ်ပွင်ဟောင်းရာဗင်မောရစ်ဆင်နဲ့အချင်းများမှုကိုလည်းဖွင့်ဟခဲ့ပါတယ်။ကစားသမားနှစ်ဦးတို့ဟာ၂၀၁၃ခုနှစ်တုန်းကလစ်သူယေးနီးယားအား၅-၀ဂိုးဖြင့်အနိုင်ရရှိတုန်းကကွင်းအတွင်းမှာအချင်းများခဲ့ ကြတာဖြစ်ပါတယ်။

ဇာဟာက “သူကရော်နယ်ဒင်ဟိုလိုလှုပ်ရှားတယ်။သူကကျန်တဲ့သူတွေကိုမရှိသလိုထင်နေတယ်။ဘောလုံးရပြီဆို ရင်လိမ်လိုက်ခေါက်လိုက်ကစားနေတယ်။သူလိုအပ်တော့မှအခြားသူတွေကိုပေးတယ်။လစ်သူယေးနီးယား ကစားသမားခြောက်ယောက်လောက်ကိုသူကျော်ဖြတ်လိမ်ခေါက်နေချိန်မှာကျွန်တော်တို့ကဖင်ကုပ်ရပ်နေရုံဘဲ ရပ်နေရတယ်။သူဘဲလုပ်တတ်တယ်ပေါ့ဗျာ။တကယ်တော့လွယ်ပါတယ်။ကျွန်တော်တို့မှာကစားသမားကောင်း တွေချည်းပါ။လူတိုင်းလုပ်နိုင်တယ်။လူတိုင်းဘောလုံးကိုအကြာကြီးကိုင်ထားနိုင်တယ်။ပြိုင်ဘက်ကိုကောင်းကောင်းကျော်နိုင်တယ်။ဒါပေမယ့်ဘယ်သူမှမလုပ်ကြဘူး။ဒီကောင်ဘာလုပ်နေလဲပေါ့။သူကစတွန်းလာလို့ဒေါသထွက် သွားတာ။ကျုပ်လည်းပြန်တွန်းတယ်။ကွင်းထဲမှာဒါမျိုးကမဖြစ်သင့်ဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

အခန္းေဖာ္ကိုငရဲခန္းမွာေနရသလိုျဖစ္ေအာင္ဒုကၡေပးတဲ့ နီကိုလပ္စ္ပီပီ

အာဆင္နယ္စတားနီကိုလပ္စ္ပီပီဟာေမာ္ေတာ္ဆိုင္ကယ္သံမ်ိဳးျဖင့္က်ယ္ေလာင္စြာေဟာက္ကာအိပ္မရေအာင္ ႏွိပ္စက္ေလ့ရွိတဲ့ေဘာလုံးအခန္းေဖာ္ျဖစ္ေၾကာင္းဖြင့္ခ်ျခင္းခံလာရပါတယ္။

အသက္၂၅ႏွစ္ရွိအာဆင္နယ္စတားဟာသူ႔ရဲ႕ေဘာလုံးကြၽမ္းက်င္မႈျဖင့္ေတာင္ပံတေလွ်ာက္ေနာက္တန္းလူမ်ားကို ဒုကၡေပးလာခဲ့သူျဖစ္ပါတယ္။

အျခားတစ္ဖက္မွာသူဟာကြင္းျပင္ပမွာလည္းအခန္းေဖာ္ကိုလည္းစိတ္အေႏွာက္အယွက္ျဖစ္ေအာင္အၿမဲလုပ္ေလ့ ရွိသူျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိခရစၥတယ္ပဲေလ့စ္ကအိုင္ဗရီကို႔စ္လက္ေ႐ြးစင္အသင္းအတြက္သြားကစားစဥ္ပီပီနဲ႔တစ္ခန္းတည္း အတူေနရာတြင္ဆိုး႐ြားလြန္းလွတဲ့ေဟာက္သံေၾကာင့္အိပ္မရကာအခန္းေျပာင္းခြင့္ေပးဖို႔ေတာင္းဆိုခဲ့ရေၾကာင္း ဖြင့္ဟေျပာၾကားလာပါတယ္။

ဇာဟာက “နီကိုလပ္စ္ပီပီပါ။အခန္းေျပာင္းေပးဖို႔ေတာင္ေတာင္းဆိုခဲ့ရတယ္။သူ႔အသံကေမာ္ေတာ္ဆိုင္ကယ္အသံ လိုဘဲဆိုး႐ြားလွလို႔အခန္းေျပာင္းဖို႔ေတာင္းဆိုခဲ့ရတယ္။ေတာ္ေတာ္ဆိုးတယ္။ကြၽန္ေတာ္ကေတာ့လုံးဝမႀကိဳက္ဘူး။ အိုင္ဗရီကို႔စ္အတြက္ပထမဆုံးအႀကိမ္သြားကစားတုန္းကပါ။သူတို႔ကလည္းကြၽန္ေတာ့္ကိုအခန္းေျပာင္းေပးခဲ့ၾက တယ္။ေဆာ္လမြန္ကာလူးနဲ႔တစ္ခန္းတည္းထားေပးတယ္။သူကေတာ့ကြၽန္ေတာ္အခန္းေျပာင္းေျပးတာနားလည္ ေပးပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ခရစၥတယ္ပဲေလ့စ္ေတာင္ပံစတားကအဂၤလန္ယူ-၂၁အသင္းအတြက္ကစားစဥ္ကေရာ္နယ္ဒင္ဟိုကဲ့သို႔က စားရန္ႀကိဳးပမ္းတဲ့မန္ယူၾကယ္ပြင္ေဟာင္းရာဗင္ေမာရစ္ဆင္နဲ႔အခ်င္းမ်ားမႈကိုလည္းဖြင့္ဟခဲ့ပါတယ္။ကစားသမားႏွစ္ဦးတို႔ဟာ၂၀၁၃ခုႏွစ္တုန္းကလစ္သူေယးနီးယားအား၅-၀ဂိုးျဖင့္အႏိုင္ရရွိတုန္းကကြင္းအတြင္းမွာအခ်င္းမ်ားခဲ့ ၾကတာျဖစ္ပါတယ္။

ဇာဟာက “သူကေရာ္နယ္ဒင္ဟိုလိုလႈပ္ရွားတယ္။သူကက်န္တဲ့သူေတြကိုမရွိသလိုထင္ေနတယ္။ေဘာလုံးရၿပီဆို ရင္လိမ္လိုက္ေခါက္လိုက္ကစားေနတယ္။သူလိုအပ္ေတာ့မွအျခားသူေတြကိုေပးတယ္။လစ္သူေယးနီးယား ကစားသမားေျခာက္ေယာက္ေလာက္ကိုသူေက်ာ္ျဖတ္လိမ္ေခါက္ေနခ်ိန္မွာကြၽန္ေတာ္တို႔ကဖင္ကုပ္ရပ္ေန႐ုံဘဲ ရပ္ေနရတယ္။သူဘဲလုပ္တတ္တယ္ေပါ့ဗ်ာ။တကယ္ေတာ့လြယ္ပါတယ္။ကြၽန္ေတာ္တို႔မွာကစားသမားေကာင္း ေတြခ်ည္းပါ။လူတိုင္းလုပ္ႏိုင္တယ္။လူတိုင္းေဘာလုံးကိုအၾကာႀကီးကိုင္ထားႏိုင္တယ္။ၿပိဳင္ဘက္ကိုေကာင္းေကာင္းေက်ာ္ႏိုင္တယ္။ဒါေပမယ့္ဘယ္သူမွမလုပ္ၾကဘူး။ဒီေကာင္ဘာလုပ္ေနလဲေပါ့။သူကစတြန္းလာလို႔ေဒါသထြက္ သြားတာ။က်ဳပ္လည္းျပန္တြန္းတယ္။ကြင္းထဲမွာဒါမ်ိဳးကမျဖစ္သင့္ဘူး”လို႔ေျပာၾကားသြားပါတယ္။