အခုအချိန် ဆိုးလ်ရှားကို ထုတ်လျှင် နစ်နာကြေးပေါင် ၇.၅ သန်းပေးရမယ့်ကိန်း ဆိုက်နေတဲ့ သရဲနီ

မန်ချက်စတာယူနိုက်တက်ဟာအိုလီဂန်းနားဆိုးလ်ရှားအားရာထူးမှထုတ်ပယ်ကာနစ်နာကြေးပေါင်၇.၅သန်းအထိပေးရမယ့်ကိန်းဆိုက်နေကြောင်းသိရပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာခြေစွမ်းနှင့်ရလဒ်ပိုင်းဆိုးရွားနေမှုကြောင့်ရာထူးမှထုတ်ပယ်ခံရလုနီးပါးအခြေအနေတွင်ရင်ဆိုင်နေရပါတယ်။

မန်ယူဟာအိုးထရက်ဖို့ဒ်တွင်လီဗာပူးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် နောက်ဆုံးပရီးမီးယားလိဂ်လေးပွဲဆက်နိုင်ပွဲပျောက်နေပါတယ်။

ဒါကြောင့်လည်းကလပ်အတွင်းပိုင်းနှင့်အပြင်ပိုင်းတို့ကနည်းပြအပြောင်းအလဲများပြုလုပ်ရန်တောင်းဆိုမှုများရလာပါတယ်။

တစ်ဖက်တွင်မန်ယူဘုတ်အဖွဲ့တွင်လည်းဆိုးလ်ရှားအားထုတ်ပယ်ရေးအပေါ် သဘောထားကွဲလွဲမှုများရှိနေပါတယ်။

ယနေ့မှာ The Sun ရဲ့ဖော်ပြချက်အရ ဆိုးလ်ရှားဟာမန်ယူနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပါကတစ်နှစ်စာလုပ်ခအပြည့်အဝအားနစ်နာကြေးအဖြစ်ရရှိမယ်လို့သိရပါတယ်။

ဆိုးလ်ရှားဟာမန်ယူတွင်တစ်နှစ်လုပ်ခပေါင်၇.၅သန်းရရှိနေသူဖြစ်ပြီးဂွါဒီယိုလာ၊ကလော့ပ်၊ဘရန်ဒန်ရော်ဂျာ၊မာဆယ်လိုဘီရဲလ်ဆာတို့ပြီးရင်ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးနည်းပြဖြစ်ပါတယ်။

လက်ရှိအချိန်တွင်အနာဂတ်နှင့်ပတ်သက်ပြီးမရေမရာမှုများရှိနေပေမယ့်ဆိုးလ်ရှားဟာယခုအပတ်အကုန်စပါးစ်နှင့်ပွဲစဉ်အားကိုင်တွယ်ရန်သေချာနေပါတယ်။

ဆိုးလ်ရှားဟာစပါးစ်အားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်ပွဲတွင်ရှုံးနိမ့်ပါကမန်ယူနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရရန်သေချာနေပါတယ်။

လက်ရှိအချိန်တွင်မန်ယူနည်းပြရာထူးအတွက်ချဲလ်ဆီးနည်းပြဟောင်းအန်တိုနီယိုကွန်တီနှင့်လက်စတာနည်းပြဘရန်ဒန်ရော်ဂျာတို့ကထိပ်ဆုံးမှရေပန်းစားနေပါတယ်။

ZawGyi

အခုအခ်ိန္ ဆိုးလ္ရွားကို ထုတ္လွ်င္ နစ္နာေၾကးေပါင္ ၇.၅ သန္းေပးရမယ့္ကိန္း ဆိုက္ေနတဲ့ သရဲနီ

မန္ခ်က္စတာယူႏိုက္တက္ဟာအိုလီဂန္းနားဆိုးလ္ရွားအားရာထူးမွထုတ္ပယ္ကာနစ္နာေၾကးေပါင္၇.၅သန္းအထိေပးရမယ့္ကိန္းဆိုက္ေနေၾကာင္းသိရပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားဟာေျခစြမ္းႏွင့္ရလဒ္ပိုင္းဆိုး႐ြားေနမႈေၾကာင့္ရာထူးမွထုတ္ပယ္ခံရလုနီးပါးအေျခအေနတြင္ရင္ဆိုင္ေနရပါတယ္။

မန္ယူဟာအိုးထရက္ဖို႔ဒ္တြင္လီဗာပူးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ ေနာက္ဆုံးပရီးမီးယားလိဂ္ေလးပြဲဆက္ႏိုင္ပြဲေပ်ာက္ေနပါတယ္။

ဒါေၾကာင့္လည္းကလပ္အတြင္းပိုင္းႏွင့္အျပင္ပိုင္းတို႔ကနည္းျပအေျပာင္းအလဲမ်ားျပဳလုပ္ရန္ေတာင္းဆိုမႈမ်ားရလာပါတယ္။

တစ္ဖက္တြင္မန္ယူဘုတ္အဖြဲ႕တြင္လည္းဆိုးလ္ရွားအားထုတ္ပယ္ေရးအေပၚ သေဘာထားကြဲလြဲမႈမ်ားရွိေနပါတယ္။

ယေန႔မွာ The Sun ရဲ႕ေဖာ္ျပခ်က္အရ ဆိုးလ္ရွားဟာမန္ယူနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရပါကတစ္ႏွစ္စာလုပ္ခအျပည့္အဝအားနစ္နာေၾကးအျဖစ္ရရွိမယ္လို႔သိရပါတယ္။

ဆိုးလ္ရွားဟာမန္ယူတြင္တစ္ႏွစ္လုပ္ခေပါင္၇.၅သန္းရရွိေနသူျဖစ္ၿပီးဂြါဒီယိုလာ၊ကေလာ့ပ္၊ဘရန္ဒန္ေရာ္ဂ်ာ၊မာဆယ္လိုဘီရဲလ္ဆာတို႔ၿပီးရင္ပရီးမီးယားလိဂ္ရဲ႕လုပ္ခအမ်ားဆုံးနည္းျပျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္အနာဂတ္ႏွင့္ပတ္သက္ၿပီးမေရမရာမႈမ်ားရွိေနေပမယ့္ဆိုးလ္ရွားဟာယခုအပတ္အကုန္စပါးစ္ႏွင့္ပြဲစဥ္အားကိုင္တြယ္ရန္ေသခ်ာေနပါတယ္။

ဆိုးလ္ရွားဟာစပါးစ္အားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမယ့္ပြဲတြင္ရႈံးနိမ့္ပါကမန္ယူနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရရန္ေသခ်ာေနပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူနည္းျပရာထူးအတြက္ခ်ဲလ္ဆီးနည္းျပေဟာင္းအန္တိုနီယိုကြန္တီႏွင့္လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာတို႔ကထိပ္ဆုံးမွေရပန္းစားေနပါတယ္။