အချက်တစ်ချက်နှင့် ကိုက်ညီနေမှုသာ ဇန်နဝါရီတွင် ကစားသမားသစ်ခေါ်ယူနိုင်မယ့် ဆိုးလ်ရှား

အိုလီဂန်းနားဆိုးလ်ရှားဟာလက်စတာကို၄-၂ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာကစားသမားသစ်ခေါ်ယူရေးဘတ်ဂျက် ရရှိလာမယ့်အခြေအနေအလွန်နည်းပါးလာခဲ့ပါတယ်။

မန်ယူဟာလက်စတာနှင့်ပွဲစဉ်မှာမေဆင်ဂရင်းဝုဒ်ရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့်ဂိုးများပြန်ပေးခဲ့ရကာ၄-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။မန်ယူဟာယင်းရှုံးပွဲကြောင့် နောက်ဆုံးပွဲ၇ပွဲမှာ၂ပွဲတည်းသာအနိုင်ရထားပါတယ်။

မန်ယူဟာထိပ်ဆုံးမှချဲလ်ဆီးနှင့်ရမှတ်၅မှတ်ကွာဟနေပါတယ်။မန်ယူဟာလာမယ့်အပတ်တနင်္ဂနွေနေ့မှာအိုးထရက်ဖို့ဒ်ကွင်းမှာလီဗာပူးကိုဧည့်ခံကစားရမှာဖြစ်ပြီးယင်းပွဲရှုံးနိမ့်ပါကချန်ပီယံမျှော်လင့်ချက်ကုန်ဆုံးသလောက်ရှိလာပါမယ်။

ယနေ့မှာ The Star ရဲ့ဖော်ပြချက်အရမန်ယူဟာပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးမျှော်လင့်ချက်ရှိမည်ဆိုပါကဆိုးလ်ရှားအားကစားသမားသစ်ထပ်မံခေါ်ယူရန်အတွက်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်သုံးရန်ပေါင်သန်း၇၀အထိအသုံးပြုခွင့်ပေးရန်စီစဉ်ထားကြောင်းသိရပါတယ်။ဒါပေမယ့်မန်ယူဘုတ်အဖွဲ့ဟာချန်ပီယံမျှော်လင့်ချက်လုံးဝမရှိလျှင်ဆိုးလ်ရှားကိုကစားသမားသစ်ခေါ်ယူရန်ငွေချပေးသွားမှာမဟုတ်ပါကြောင်းသိရပါတယ်။

ဆိုးလ်ရှားဟာနွေရာသီတုန်းကဗာရိန်း၊ရော်နယ်ဒိုနှင့်ဆန်ချိုတို့ကိုခေါ်ယူခဲ့ပေမယ့်ညာနောက်ခံလူတစ်ဦးနှင့်ကွင်းလယ်ကစားသမားတစ်ဦးခေါ်ယူရေး ကြိုးပမ်းခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။

ဆိုးလ်ရှားဟာညာနောက်ခံလူနေရာအတွက်အက်သလက်တီကိုမှအင်္ဂလန်လက်ရွေးစင်ထရစ်ပီယာကိုခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

ဆိုးလ်ရှားအနေဖြင့်လာမယ့်လီဗာပူးနှင့်ပွဲမှာရှုံးနိမ့်ပါကချန်ပီယံမျှော်လင့်ချက်လည်းအဆုံးသတ်လာမှာဖြစ်လို့ ကစားသမားသစ်လည်းခေါ်ယူခွင့်ရရှိမှာမဟုတ်ပါဘူး။

ZawGyi

အခ်က္တစ္ခ်က္ႏွင့္ ကိုက္ညီေနမႈသာ ဇန္နဝါရီတြင္ ကစားသမားသစ္ေခၚယူႏိုင္မယ့္ ဆိုးလ္ရွား

အိုလီဂန္းနားဆိုးလ္ရွားဟာလက္စတာကို၄-၂ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာကစားသမားသစ္ေခၚယူေရးဘတ္ဂ်က္ ရရွိလာမယ့္အေျခအေနအလြန္နည္းပါးလာခဲ့ပါတယ္။

မန္ယူဟာလက္စတာႏွင့္ပြဲစဥ္မွာေမဆင္ဂရင္းဝုဒ္ရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ဂိုးမ်ားျပန္ေပးခဲ့ရကာ၄-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။မန္ယူဟာယင္းရႈံးပြဲေၾကာင့္ ေနာက္ဆုံးပြဲ၇ပြဲမွာ၂ပြဲတည္းသာအႏိုင္ရထားပါတယ္။

မန္ယူဟာထိပ္ဆုံးမွခ်ဲလ္ဆီးႏွင့္ရမွတ္၅မွတ္ကြာဟေနပါတယ္။မန္ယူဟာလာမယ့္အပတ္တနဂၤေႏြေန႔မွာအိုးထရက္ဖို႔ဒ္ကြင္းမွာလီဗာပူးကိုဧည့္ခံကစားရမွာျဖစ္ၿပီးယင္းပြဲရႈံးနိမ့္ပါကခ်န္ပီယံေမွ်ာ္လင့္ခ်က္ကုန္ဆုံးသေလာက္ရွိလာပါမယ္။

ယေန႔မွာ The Star ရဲ႕ေဖာ္ျပခ်က္အရမန္ယူဟာပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေရးေမွ်ာ္လင့္ခ်က္ရွိမည္ဆိုပါကဆိုးလ္ရွားအားကစားသမားသစ္ထပ္မံေခၚယူရန္အတြက္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္သုံးရန္ေပါင္သန္း၇၀အထိအသုံးျပဳခြင့္ေပးရန္စီစဥ္ထားေၾကာင္းသိရပါတယ္။ဒါေပမယ့္မန္ယူဘုတ္အဖြဲ႕ဟာခ်န္ပီယံေမွ်ာ္လင့္ခ်က္လုံးဝမရွိလွ်င္ဆိုးလ္ရွားကိုကစားသမားသစ္ေခၚယူရန္ေငြခ်ေပးသြားမွာမဟုတ္ပါေၾကာင္းသိရပါတယ္။

ဆိုးလ္ရွားဟာေႏြရာသီတုန္းကဗာရိန္း၊ေရာ္နယ္ဒိုႏွင့္ဆန္ခ်ိဳတို႔ကိုေခၚယူခဲ့ေပမယ့္ညာေနာက္ခံလူတစ္ဦးႏွင့္ကြင္းလယ္ကစားသမားတစ္ဦးေခၚယူေရး ႀကိဳးပမ္းခဲ့ေပမယ့္မေအာင္ျမင္ခဲ့ပါဘူး။

ဆိုးလ္ရွားဟာညာေနာက္ခံလူေနရာအတြက္အက္သလက္တီကိုမွအဂၤလန္လက္ေ႐ြးစင္ထရစ္ပီယာကိုေခၚယူရန္စိတ္ဝင္စားေနပါတယ္။

ဆိုးလ္ရွားအေနျဖင့္လာမယ့္လီဗာပူးႏွင့္ပြဲမွာရႈံးနိမ့္ပါကခ်န္ပီယံေမွ်ာ္လင့္ခ်က္လည္းအဆုံးသတ္လာမွာျဖစ္လို႔ ကစားသမားသစ္လည္းေခၚယူခြင့္ရရွိမွာမဟုတ္ပါဘူး။