အချင်းများခဲ့တဲ့ ဂါဘရီရယ်နှင့်ဟင်ဒါဆင်တို့ကို အက်ဖ်အေအရေးယူမည်မဟုတ်

အက်ဖ်အေကယခုပွဲစဉ်တွင်ကွင်းအတွင်းအချင်းများခဲ့ကြတဲ့ဂျော်ဒန်ဟင်ဒါဆင်နှင့်ဂါဘရီရယ်တို့ကိုအရေးယူလာတော့မှာမဟုတ်ကြောင်းအတည်ပြုလာပါတယ်။

အဆိုပါကစားသမားနှစ်ဦးတို့ဟာအမ်းမရိတ်ကွင်းတွင်အာဆင်နယ်ကလီဗာပူးကို၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအချင်းများခဲ့ကြတာဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးဟာအာဆင်နယ်ကပွဲချိန်၇၆မိနစ်မှာပင်နယ်တီရရှိသွားပြီးနောက်အချင်းများခဲ့တာဖြစ်ပါတယ်။ယင်းပင်နယ်တီမှတဆင့်အာဆင်နယ်တို့အနိုင်ဂိုးရသွားခဲ့တာဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးအချင်းများပြီးနောက် ဒိုင်လူကြီးမိုက်ကယ်အိုလီဗာဟာမီခေးလ်အာတီတာနှင့်ဂျာဂင်ကလော့ပ်တို့ကိုဆင့်ခေါ်ကာစကားပြောမှုပြုလုပ်ခဲ့ပါတယ်။

ယင်းနောက်မိုက်ကယ်အိုလီဗာဟာအထက်ပါဖြစ်ရပ်ကိုပွဲပြီးမှတ်တမ်းတွင်ထည့်သွင်းရေးသားခဲ့ပြီးအက်ဖ်အေကလည်းစုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့အက်ဖ်အေဟာဂါဘရီရယ်နှင့်ဟင်ဒါဆင်တို့အဖြစ်အပျက်ကိုစစ်ဆေးမှုပြုလုပ်ပြီးနောက်အရေးယူခြင်းပြုလုပ်လာတော့မှာမဟုတ်ကြောင်းအတည်ပြုလာပြီဖြစ်ပါတယ်။

ZawGyi

အခ်င္းမ်ားခဲ့တဲ့ ဂါဘရီရယ္ႏွင့္ဟင္ဒါဆင္တို႔ကို အက္ဖ္ေအအေရးယူမည္မဟုတ္

အက္ဖ္ေအကယခုပြဲစဥ္တြင္ကြင္းအတြင္းအခ်င္းမ်ားခဲ့ၾကတဲ့ေဂ်ာ္ဒန္ဟင္ဒါဆင္ႏွင့္ဂါဘရီရယ္တို႔ကိုအေရးယူလာေတာ့မွာမဟုတ္ေၾကာင္းအတည္ျပဳလာပါတယ္။

အဆိုပါကစားသမားႏွစ္ဦးတို႔ဟာအမ္းမရိတ္ကြင္းတြင္အာဆင္နယ္ကလီဗာပူးကို၃-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာအခ်င္းမ်ားခဲ့ၾကတာျဖစ္ပါတယ္။

၎တို႔ႏွစ္ဦးဟာအာဆင္နယ္ကပြဲခ်ိန္၇၆မိနစ္မွာပင္နယ္တီရရွိသြားၿပီးေနာက္အခ်င္းမ်ားခဲ့တာျဖစ္ပါတယ္။ယင္းပင္နယ္တီမွတဆင့္အာဆင္နယ္တို႔အႏိုင္ဂိုးရသြားခဲ့တာျဖစ္ပါတယ္။

၎တို႔ႏွစ္ဦးအခ်င္းမ်ားၿပီးေနာက္ ဒိုင္လူႀကီးမိုက္ကယ္အိုလီဗာဟာမီေခးလ္အာတီတာႏွင့္ဂ်ာဂင္ကေလာ့ပ္တို႔ကိုဆင့္ေခၚကာစကားေျပာမႈျပဳလုပ္ခဲ့ပါတယ္။

ယင္းေနာက္မိုက္ကယ္အိုလီဗာဟာအထက္ပါျဖစ္ရပ္ကိုပြဲၿပီးမွတ္တမ္းတြင္ထည့္သြင္းေရးသားခဲ့ၿပီးအက္ဖ္ေအကလည္းစုံစမ္းစစ္ေဆးမႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမဲ့အက္ဖ္ေအဟာဂါဘရီရယ္ႏွင့္ဟင္ဒါဆင္တို႔အျဖစ္အပ်က္ကိုစစ္ေဆးမႈျပဳလုပ္ၿပီးေနာက္အေရးယူျခင္းျပဳလုပ္လာေတာ့မွာမဟုတ္ေၾကာင္းအတည္ျပဳလာၿပီျဖစ္ပါတယ္။