အချစ်ဆုံးသူငယ်ချင်း ဆီမီဒိုရဲ့ဇနီးသည် ဆုံးပါးသွားပြီးနောက် ချက်ချင်းဖုန်းဆက်ကာ နှစ်သိမ့်ပေးခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာအချစ်ဆုံးသူငယ်ချင်းများထဲမှတစ်ဦးဖြစ်တဲ့ဟိုဆေးဆီမီဒိုရဲ့ဇနီးသည်ကွယ်လွန်သွားခဲ့ပြီးနောက်ချက်ချင်းပင်ဖုန်းဆက်ကာအားပေးနှစ်သိမ့်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ချာလ်တန်နှင့်ရှက်ဖီးလ်ဝင်းနက်စ်ဒေးစတားဟောင်းဆီမီဒိုရဲ့ဇနီးသည်ဆာရီယာဟာကြာသပတေးနေ့နံနက်ပိုင်းတုန်းကကိုဗစ်ကူးစက်ခံရပြီးနောက်ကျန်းမာရေးမကောင်းဖြစ်လာပြီးဆုံးပါးသွားခဲ့ပါတယ်။သူမဟာလစ္စဘွန်းရှိ Curry Cabral Hospital မှာသေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာဆီမီဒိုနှင့်အတူစပို့တင်းလစ္စဘွန်းအကယ်ဒမီမှကတည်းကအတူတူကစားခဲ့ကြသူများဖြစ်ပြီးအလွန်ခင်မင်ကြတဲ့ငယ်သူငယ်ချင်းများလည်းဖြစ်ပါတယ်။၎င်းတို့ဟာမကြာခဏတွေ့ဆုံသလို အပန်းဖြေခရီးလည်းအတူသွားခဲ့ကြဖူးပါတယ်။

ရော်နယ်ဒိုဟာချက်ချင်းပင်သူငယ်ချင်းဖြစ်တဲ့ရဲ့ဇနီးသည်သတင်းကိုကြားရပြီးနောက်ဖုန်းဆက်ကာအားပေးနှစ်သိမ့်မှုပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်မန်ချက်စတာစတားဟာသူငယ်ချင်းဖြစ်သူရဲ့ဇနီးသည်ဈာပနသို့တက်ရောက်မလားဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။

ကွင်းလယ်အဖျက်ကစားသမားဆီမီဒိုဟာပေါ်တူဂီကလပ်ဗစ်တိုရီးယားအက်ဖ်စီမှာကစားနေသူဖြစ်ပြီးဆိုရှယ်မီဒီယာတွင်ပရိသတ်အမြောက်အမြားတို့ရဲ့ဝမ်းနည်းကြောင်း နှစ်သိမ့်ပြောကြားခြင်းခံနေရပါတယ်။

ZawGyi

အခ်စ္ဆုံးသူငယ္ခ်င္း ဆီမီဒိုရဲ႕ဇနီးသည္ ဆုံးပါးသြားၿပီးေနာက္ ခ်က္ခ်င္းဖုန္းဆက္ကာ ႏွစ္သိမ့္ေပးခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအခ်စ္ဆုံးသူငယ္ခ်င္းမ်ားထဲမွတစ္ဦးျဖစ္တဲ့ဟိုေဆးဆီမီဒိုရဲ႕ဇနီးသည္ကြယ္လြန္သြားခဲ့ၿပီးေနာက္ခ်က္ခ်င္းပင္ဖုန္းဆက္ကာအားေပးႏွစ္သိမ့္မႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

ခ်ာလ္တန္ႏွင့္ရွက္ဖီးလ္ဝင္းနက္စ္ေဒးစတားေဟာင္းဆီမီဒိုရဲ႕ဇနီးသည္ဆာရီယာဟာၾကာသပေတးေန႔နံနက္ပိုင္းတုန္းကကိုဗစ္ကူးစက္ခံရၿပီးေနာက္က်န္းမာေရးမေကာင္းျဖစ္လာၿပီးဆုံးပါးသြားခဲ့ပါတယ္။သူမဟာလစၥဘြန္းရွိ Curry Cabral Hospital မွာေသဆုံးသြားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာဆီမီဒိုႏွင့္အတူစပို႔တင္းလစၥဘြန္းအကယ္ဒမီမွကတည္းကအတူတူကစားခဲ့ၾကသူမ်ားျဖစ္ၿပီးအလြန္ခင္မင္ၾကတဲ့ငယ္သူငယ္ခ်င္းမ်ားလည္းျဖစ္ပါတယ္။၎တို႔ဟာမၾကာခဏေတြ႕ဆုံသလို အပန္းေျဖခရီးလည္းအတူသြားခဲ့ၾကဖူးပါတယ္။

ေရာ္နယ္ဒိုဟာခ်က္ခ်င္းပင္သူငယ္ခ်င္းျဖစ္တဲ့ရဲ႕ဇနီးသည္သတင္းကိုၾကားရၿပီးေနာက္ဖုန္းဆက္ကာအားေပးႏွစ္သိမ့္မႈျပဳလုပ္ခဲ့ပါတယ္။ဒါေပမယ့္မန္ခ်က္စတာစတားဟာသူငယ္ခ်င္းျဖစ္သူရဲ႕ဇနီးသည္ဈာပနသို႔တက္ေရာက္မလားဆိုတာကိုေတာ့အတိအက်မသိရေသးပါဘူး။

ကြင္းလယ္အဖ်က္ကစားသမားဆီမီဒိုဟာေပၚတူဂီကလပ္ဗစ္တိုရီးယားအက္ဖ္စီမွာကစားေနသူျဖစ္ၿပီးဆိုရွယ္မီဒီယာတြင္ပရိသတ္အေျမာက္အျမားတို႔ရဲ႕ဝမ္းနည္းေၾကာင္း ႏွစ္သိမ့္ေျပာၾကားျခင္းခံေနရပါတယ္။