အချိန်ပိုမှာ အနိုင်ဂိုးသွင်းပြီးနောက် အင်္ကျီချွတ်အောင်ပွဲခံခဲ့ပေမယ့် ခွင့်ပြုမခံခဲ့ရတဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကစီးရီးအေအဖွင့်ပွဲမှာဂျူဗင်တပ်အတွက်အနိုင်ဂိုးကိုနာကျင်အချိန်ပိုမှာသွင်းယူခဲ့ပြီးနောက်အင်္ကျီကိုပါချွတ်ပြီးအကြီးအကျယ်အောင်ပွဲခံခဲ့ပါတယ်။

ဒါပေမယ့်ကံဆိုးတာကတော့သူ့ရဲ့ဂိုးကို VAR ကခွင့်မပြုခဲ့ပါဘူး။

ပေါ်တူဂီစတားဟာအူဒီးနီးစ်နှင့်ပွဲစဉ်မှာအရန်စာရင်းထဲမှာဘဲပါဝင်ခဲ့တာပါ။ပွဲမတိုင်မီထွက်ပေါ်လာတဲ့သတင်းအရရော်နယ်ဒိုဟာအပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်မှုကြောင့် ပွဲထွက်လူစာရင်းတွင်မထည့်သွင်းရန်ဂျူဗင်တပ်နည်းပြအယ်လီဂရီကိုတောင်းဆိုခဲ့ကြောင်းသိရပါတယ်။

ဒါပေမယ့်သူဟာလူစားဝင်ရောက်ကစားခဲ့ရပါတယ်။ဂျူဗင်တပ်ဟာပထမပိုင်းမှာဒိုင်ဘာလာ(ပင်နယ်တီ)၊ကွာဒရာဒိုတို့ရဲ့ဂိုးများဖြင့်အူဒီးနီးစ်ကိုဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာပါရဲရာ(ပင်နယ်တီ)နှင့်ဒူလိုဖူတို့ကအူဒီးနီးစ်အတွက်ပြန်လည်ချေပဂိုးများသွင်းယူခဲ့ကြပါတယ်။

ဒုတိယပိုင်းမှာအသင်းပြောင်းဖို့ကြိုးစားနေတယ်လို့သတင်းထွက်နေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာလူစားဝင်ရောက်ကစားခဲ့ပါတယ်။သူဟာဂျူဗင်တပ်မှထွက်ခွာမယ်လို့သတင်းထွက်နေပေမယ့်အကောင်းဆုံးကြိုးပမ်းခဲ့တာတွေ့ရပါတယ်။

အသက်၃၆နှစ်ရှိပေါ်တူဂီစူပါစတားဟာပွဲချိန်နာကျင်အချိန်ပို၉၅မိနစ်ရောက်နေချိန်မှာတော့ချီယေးဆာရဲ့ဖြတ်တင်ဘောကနေအမြင့်ခုန်ကလှပတဲ့ခေါင်းတိုက်ဂိုးတစ်ဂိုးသွင်းယူခဲ့ပါတယ်။

သူဟာနာကျင်အချိန်ပိုမှာဂိုးသွင်းယူနိုင်ပြီးနောက်အလွန်ပျော်ရွှင်ကာထောင့်ကန်ဘောအလံတိုင်ဆီသို့သွားပြီးအင်္ကျီချွတ်ကာအောင်ပွဲခံခဲ့ပါတယ်။

ရော်နယ်ဒိုဟာ VAR ရဲ့ဆုံးဖြတ်ချက်ကိုမစောင့်ဘဲအကြီးအကျယ်အောင်ပွဲခံခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမယ့်နောက်ဆုံးမှာတော့VAR ကသူ့ဂိုးကိုလူကျွံတယ်ဆိုပြီးခွင့်မပြုခဲ့ပါဘူး။

ပွဲအပြီးမှာအယ်လီဂရီက “ရော်နယ်ဒိုကကြံ့ခိုင်မှုပြည့်ပါတယ်။ပွဲမတိုင်ခင်တုန်းကသူနဲ့စကားပြောခဲ့တယ်ဆိုတာမှန်ပါတယ်။အရန်ခုံမှာထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူ့ကိုအဆင်သင့်ပြင်ထားဖို့လည်းပြောခဲ့ပါတယ်။ဒုတိယပိုင်းမှာသူကောင်းပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

အခ်ိန္ပိုမွာ အႏိုင္ဂိုးသြင္းၿပီးေနာက္ အက်ႌခြၽတ္ေအာင္ပြဲခံခဲ့ေပမယ့္ ခြင့္ျပဳမခံခဲ့ရတဲ့ ေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကစီးရီးေအအဖြင့္ပြဲမွာဂ်ဴဗင္တပ္အတြက္အႏိုင္ဂိုးကိုနာက်င္အခ်ိန္ပိုမွာသြင္းယူခဲ့ၿပီးေနာက္အက်ႌကိုပါခြၽတ္ၿပီးအႀကီးအက်ယ္ေအာင္ပြဲခံခဲ့ပါတယ္။

ဒါေပမယ့္ကံဆိုးတာကေတာ့သူ႔ရဲ႕ဂိုးကို VAR ကခြင့္မျပဳခဲ့ပါဘူး။

ေပၚတူဂီစတားဟာအူဒီးနီးစ္ႏွင့္ပြဲစဥ္မွာအရန္စာရင္းထဲမွာဘဲပါဝင္ခဲ့တာပါ။ပြဲမတိုင္မီထြက္ေပၚလာတဲ့သတင္းအရေရာ္နယ္ဒိုဟာအေျပာင္းအေ႐ႊ႕ျဖစ္ေပၚလာႏိုင္မႈေၾကာင့္ ပြဲထြက္လူစာရင္းတြင္မထည့္သြင္းရန္ဂ်ဴဗင္တပ္နည္းျပအယ္လီဂရီကိုေတာင္းဆိုခဲ့ေၾကာင္းသိရပါတယ္။

ဒါေပမယ့္သူဟာလူစားဝင္ေရာက္ကစားခဲ့ရပါတယ္။ဂ်ဴဗင္တပ္ဟာပထမပိုင္းမွာဒိုင္ဘာလာ(ပင္နယ္တီ)၊ကြာဒရာဒိုတို႔ရဲ႕ဂိုးမ်ားျဖင့္အူဒီးနီးစ္ကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာပါရဲရာ(ပင္နယ္တီ)ႏွင့္ဒူလိုဖူတို႔ကအူဒီးနီးစ္အတြက္ျပန္လည္ေခ်ပဂိုးမ်ားသြင္းယူခဲ့ၾကပါတယ္။

ဒုတိယပိုင္းမွာအသင္းေျပာင္းဖို႔ႀကိဳးစားေနတယ္လို႔သတင္းထြက္ေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလူစားဝင္ေရာက္ကစားခဲ့ပါတယ္။သူဟာဂ်ဴဗင္တပ္မွထြက္ခြာမယ္လို႔သတင္းထြက္ေနေပမယ့္အေကာင္းဆုံးႀကိဳးပမ္းခဲ့တာေတြ႕ရပါတယ္။

အသက္၃၆ႏွစ္ရွိေပၚတူဂီစူပါစတားဟာပြဲခ်ိန္နာက်င္အခ်ိန္ပို၉၅မိနစ္ေရာက္ေနခ်ိန္မွာေတာ့ခ်ီေယးဆာရဲ႕ျဖတ္တင္ေဘာကေနအျမင့္ခုန္ကလွပတဲ့ေခါင္းတိုက္ဂိုးတစ္ဂိုးသြင္းယူခဲ့ပါတယ္။

သူဟာနာက်င္အခ်ိန္ပိုမွာဂိုးသြင္းယူႏိုင္ၿပီးေနာက္အလြန္ေပ်ာ္႐ႊင္ကာေထာင့္ကန္ေဘာအလံတိုင္ဆီသို႔သြားၿပီးအက်ႌခြၽတ္ကာေအာင္ပြဲခံခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ VAR ရဲ႕ဆုံးျဖတ္ခ်က္ကိုမေစာင့္ဘဲအႀကီးအက်ယ္ေအာင္ပြဲခံခဲ့တာလည္းျဖစ္ပါတယ္။ဒါေပမယ့္ေနာက္ဆုံးမွာေတာ့VAR ကသူ႔ဂိုးကိုလူကြၽံတယ္ဆိုၿပီးခြင့္မျပဳခဲ့ပါဘူး။

ပြဲအၿပီးမွာအယ္လီဂရီက “ေရာ္နယ္ဒိုကႀကံ့ခိုင္မႈျပည့္ပါတယ္။ပြဲမတိုင္ခင္တုန္းကသူနဲ႔စကားေျပာခဲ့တယ္ဆိုတာမွန္ပါတယ္။အရန္ခုံမွာထားဖို႔ဆုံးျဖတ္ခဲ့ပါတယ္။သူ႔ကိုအဆင္သင့္ျပင္ထားဖို႔လည္းေျပာခဲ့ပါတယ္။ဒုတိယပိုင္းမွာသူေကာင္းပါတယ္”လို႔ေျပာၾကားသြားပါတယ္။