အခြားကစားသမားတစ်ဦးရယူထားတဲ့ ကျောနံပါတ်အား လီဝန်ဒေါ့စကီးကို ဝတ်ဆင်စေလိုနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာရောဘတ်လီဝန်ဒေါ့စကီးကိုအခြားဘာစီလိုနာကစားသမားတစ်ဦးရယူထားတဲ့ကျောနံပါတ်အားရယူဝတ်ဆင်စေလိုလျက်ရှိပါတယ်။

အသက်၃၃နှစ်ရှိရောဘတ်လီဝန်ဒေါ့စကီးဟာတနင်္လာနေ့တုန်းကဘိုင်ယန်မြူးနစ်မှဘာစီလိုနာသို့ပေါင်၄၂.၅သန်းဖြင့်ပြောင်းရွှေ့ပြီးနောက်မီယာမီရှိဘာစီလိုနာရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းခဲ့ပါတယ်။

ဘာစီလိုနာအသင်းတာဝန်ရှိသူများဟာလာမယ့်ရာသီတွင်အသင်းရဲ့နံပါတ်တစ်တိုက်စစ်မှူးဖြစ်လာမယ့်ရောဘတ်လီဝန်ဒေါ့စကီးကို ရာသီသစ်မတိုင်မီ ပထမအသင်းကျောနံပါတ်အားရယူစေလိုနေပါတယ်။

စပိန်သတင်းစာ SPORT ရဲ့ဖော်ပြချက်အရဘာစီလိုနာဟာရောဘတ်လီဝန်ဒေါ့စကီးကိုကျောနံပါတ်၉အားရယူဝတ်ဆင်စေလိုနေကြောင်းသိရပါတယ်။

ဒါပေမဲ့ယင်းကျောနံပါတ်မှာမမ်ဖစ်ဒီပေးဝတ်ဆင်နေတဲ့ကျောနံပါတ်ဖြစ်ပါတယ်။

လီဝန်ဒေါ့စကီးဟာဘိုင်ယန်မြူးနစ်တွင်အကြီးအကျယ်အောင်မြင်မှုရယူတဲ့ရှစ်နှစ်တာကာလအတွင်းတွင်ကျောနံပါတ်၉ကိုဝတ်ဆင်လာခဲ့တဲ့အပြင်ပိုလန်တွင်လည်းဝတ်ဆင်နေပါတယ်။

ဘာစီလိုနာတွင်ကျောနံပါတ်၉ကိုဝတ်ဆင်နေတဲ့မမ်ဖစ်ဒီပေးဟာလည်းနူးကမ့်တွင်အနာဂတ်မရေမရာဖြစ်နေသူဖြစ်ပါတယ်။စပါးစ်ဟာဒတ်ချ်တိုက်စစ်သမားကိုခေါ်ယူရန်ကြိုးပမ်းနေကြောင်းသတင်းထွက်နေပါတယ်။

တကယ်လို့များမမ်ဖစ်ဒီပေးသာထွက်ခွာမယ်ဆိုရင်တော့ရောဘတ်လီဝန်ဒေါ့စကီးအနေဖြင့်သူ့စိတ်ကြိုက်ကျောနံပါတ်၉ကိုဝတ်ဆင်လာနိုင်ပါမယ်။

ZawGyi

အျခားကစားသမားတစ္ဦးရယူထားတဲ့ ေက်ာနံပါတ္အား လီဝန္ေဒါ့စကီးကို ဝတ္ဆင္ေစလိုေနတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာေရာဘတ္လီဝန္ေဒါ့စကီးကိုအျခားဘာစီလိုနာကစားသမားတစ္ဦးရယူထားတဲ့ေက်ာနံပါတ္အားရယူဝတ္ဆင္ေစလိုလ်က္ရွိပါတယ္။

အသက္၃၃ႏွစ္ရွိေရာဘတ္လီဝန္ေဒါ့စကီးဟာတနလၤာေန႔တုန္းကဘိုင္ယန္ျမဴးနစ္မွဘာစီလိုနာသို႔ေပါင္၄၂.၅သန္းျဖင့္ေျပာင္းေ႐ႊ႕ၿပီးေနာက္မီယာမီရွိဘာစီလိုနာရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပူးေပါင္းခဲ့ပါတယ္။

ဘာစီလိုနာအသင္းတာဝန္ရွိသူမ်ားဟာလာမယ့္ရာသီတြင္အသင္းရဲ႕နံပါတ္တစ္တိုက္စစ္မႉးျဖစ္လာမယ့္ေရာဘတ္လီဝန္ေဒါ့စကီးကို ရာသီသစ္မတိုင္မီ ပထမအသင္းေက်ာနံပါတ္အားရယူေစလိုေနပါတယ္။

စပိန္သတင္းစာ SPORT ရဲ႕ေဖာ္ျပခ်က္အရဘာစီလိုနာဟာေရာဘတ္လီဝန္ေဒါ့စကီးကိုေက်ာနံပါတ္၉အားရယူဝတ္ဆင္ေစလိုေနေၾကာင္းသိရပါတယ္။

ဒါေပမဲ့ယင္းေက်ာနံပါတ္မွာမမ္ဖစ္ဒီေပးဝတ္ဆင္ေနတဲ့ေက်ာနံပါတ္ျဖစ္ပါတယ္။

လီဝန္ေဒါ့စကီးဟာဘိုင္ယန္ျမဴးနစ္တြင္အႀကီးအက်ယ္ေအာင္ျမင္မႈရယူတဲ့ရွစ္ႏွစ္တာကာလအတြင္းတြင္ေက်ာနံပါတ္၉ကိုဝတ္ဆင္လာခဲ့တဲ့အျပင္ပိုလန္တြင္လည္းဝတ္ဆင္ေနပါတယ္။

ဘာစီလိုနာတြင္ေက်ာနံပါတ္၉ကိုဝတ္ဆင္ေနတဲ့မမ္ဖစ္ဒီေပးဟာလည္းႏူးကမ့္တြင္အနာဂတ္မေရမရာျဖစ္ေနသူျဖစ္ပါတယ္။စပါးစ္ဟာဒတ္ခ်္တိုက္စစ္သမားကိုေခၚယူရန္ႀကိဳးပမ္းေနေၾကာင္းသတင္းထြက္ေနပါတယ္။

တကယ္လို႔မ်ားမမ္ဖစ္ဒီေပးသာထြက္ခြာမယ္ဆိုရင္ေတာ့ေရာဘတ္လီဝန္ေဒါ့စကီးအေနျဖင့္သူ႔စိတ္ႀကိဳက္ေက်ာနံပါတ္၉ကိုဝတ္ဆင္လာႏိုင္ပါမယ္။