အခြေအနေကို အခွင့်ကောင်းယူပြီး တူချယ်ကို ခန့်အပ်ရေး ကြိုးပမ်းရန် ယူနိုက်တက်တိုက်တွန်းခံရ

ဂျေမီကာရေဂါကရိုမန်အေဘရာမိုဗစ်ဆန်ရှင်ထိမှုကြောင့်ဆိုးရွားတဲ့အခြေအနေကြုံနေရတဲ့ချဲလ်ဆီးရဲ့အခြေအနေကိုအခွင့်ကောင်းယူကာသောမတ်စ်တူချယ်အားခန့်အပ်ရေးကြိုးပမ်းရန် ယူနိုက်တက်ကိုတိုက်တွန်းလာပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ဟာဗြိတိန်အစိုးရရဲ့ဆန်ရှင်အလုပ်ခံခဲ့ရပါတယ်။ဒါကြောင့်လည်းချဲလ်ဆီးဟာအိမ်ကွင်းလက်မှတ်ရောင်းချနိုင်ခြင်းမရှိတော့ခြင်း၊အမှတ်တရပစ္စည်းအရောင်းဆိုင်ပိတ်ရခြင်း၊ကစားသမားအရောင်းအဝယ်မလုပ်နိုင်ခြင်း၊ပရီးမီးယားလိဂ်နှင့်ချန်ပီယံလိဂ်တို့မှဆုကြေးငွေများမရယူနိုင်ခြင်းတို့ကြုံရပါတယ်။

ကာရေဂါကအထက်ပါဖြစ်ရပ်များမှာနည်းပြသောမတ်စ်တူချယ်အပေါ်တွင်များစွာရိုက်ခတ်လာမှာဖြစ်ပြီး ယူနိုက်တက်အနေဖြင့်အခြေအနေကို အခွင့်ကောင်းယူကာဂျာမန်လူမျိုးနည်းပြကိုခန့်အပ်ရေးကြိုးပမ်းသင့်ကြောင်းပြောကြားလာပါတယ်။

ကာရေဂါက “မန်ချက်စတာယူနိုက်တက်မှာသူတို့ရဲ့နံပါတ်တစ်ပစ်မှတ်ဖြစ်တဲ့သောမတ်စ်တူချယ်ကိုခန့်အပ်နိုင်တဲ့အခွင့်အရေးရရှိနေပါတယ်။ချဲလ်ဆီးမှာကြုံနေရတဲ့အခြေအနေတွေကြောင့်ယူနိုက်တက်ဟာကမ်းလှမ်းမှုပြုလုပ်ဖို့အတွက်ရာသီအကုန်အထိစောင့်ဆိုင်းရပါမယ်။သူကလက်ရှိဖီဖာကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်သလိုကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲကတစ်ဦးဖြစ်တာကြောင့်သူ့ကိုလျာထားစာရင်းမှာထည့်သွင်းသင့်တယ်။တူချယ်ကလည်းစတမ်းဖို့ဒ်ဘရစ်ချ်ကအခြားသူတွေလိုဘဲအနာဂတ်ဘာဖြစ်လာမယ်ဆိုတာမသိပါဘူး။မသေချာတဲ့အခြေအနေမျိုးမှာဘယ်နည်းပြမှအလုပ်မလုပ်ချင်ပါဘူး။ချဲလ်ဆီးကထွက်ခွာခွင့်ရပြီးယူနိုက်တက်လိုအသင်းကိုကိုင်တွယ်ရမယ်ဆိုရင်သူဟာလက်ခံလာမှာသေချာပါတယ်”လို့ပြောကြားသွားပါတယ်။

မနေ့ညတုန်းကနော့ဝှစ်ချ်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲအပြီးမှာတော့သောမတ်စ်တူချယ်ကချဲလ်ဆီးတွင်ဆက်လက်နေသွားလိုကြောင်းပြောကြားခဲ့ပါတယ်။

ZawGyi

အေျခအေနကို အခြင့္ေကာင္းယူၿပီး တူခ်ယ္ကို ခန႔္အပ္ေရး ႀကိဳးပမ္းရန္ ယူႏိုက္တက္တိုက္တြန္းခံရ

ေဂ်မီကာေရဂါက႐ိုမန္ေအဘရာမိုဗစ္ဆန္ရွင္ထိမႈေၾကာင့္ဆိုး႐ြားတဲ့အေျခအေနႀကဳံေနရတဲ့ခ်ဲလ္ဆီးရဲ႕အေျခအေနကိုအခြင့္ေကာင္းယူကာေသာမတ္စ္တူခ်ယ္အားခန႔္အပ္ေရးႀကိဳးပမ္းရန္ ယူႏိုက္တက္ကိုတိုက္တြန္းလာပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ဟာၿဗိတိန္အစိုးရရဲ႕ဆန္ရွင္အလုပ္ခံခဲ့ရပါတယ္။ဒါေၾကာင့္လည္းခ်ဲလ္ဆီးဟာအိမ္ကြင္းလက္မွတ္ေရာင္းခ်ႏိုင္ျခင္းမရွိေတာ့ျခင္း၊အမွတ္တရပစၥည္းအေရာင္းဆိုင္ပိတ္ရျခင္း၊ကစားသမားအေရာင္းအဝယ္မလုပ္ႏိုင္ျခင္း၊ပရီးမီးယားလိဂ္ႏွင့္ခ်န္ပီယံလိဂ္တို႔မွဆုေၾကးေငြမ်ားမရယူႏိုင္ျခင္းတို႔ႀကဳံရပါတယ္။

ကာေရဂါကအထက္ပါျဖစ္ရပ္မ်ားမွာနည္းျပေသာမတ္စ္တူခ်ယ္အေပၚတြင္မ်ားစြာ႐ိုက္ခတ္လာမွာျဖစ္ၿပီး ယူႏိုက္တက္အေနျဖင့္အေျခအေနကို အခြင့္ေကာင္းယူကာဂ်ာမန္လူမ်ိဳးနည္းျပကိုခန႔္အပ္ေရးႀကိဳးပမ္းသင့္ေၾကာင္းေျပာၾကားလာပါတယ္။

ကာေရဂါက “မန္ခ်က္စတာယူႏိုက္တက္မွာသူတို႔ရဲ႕နံပါတ္တစ္ပစ္မွတ္ျဖစ္တဲ့ေသာမတ္စ္တူခ်ယ္ကိုခန႔္အပ္ႏိုင္တဲ့အခြင့္အေရးရရွိေနပါတယ္။ခ်ဲလ္ဆီးမွာႀကဳံေနရတဲ့အေျခအေနေတြေၾကာင့္ယူႏိုက္တက္ဟာကမ္းလွမ္းမႈျပဳလုပ္ဖို႔အတြက္ရာသီအကုန္အထိေစာင့္ဆိုင္းရပါမယ္။သူကလက္ရွိဖီဖာကမာၻ႔အေကာင္းဆုံးနည္းျပျဖစ္သလိုကမာၻ႔အေကာင္းဆုံးနည္းျပေတြထဲကတစ္ဦးျဖစ္တာေၾကာင့္သူ႔ကိုလ်ာထားစာရင္းမွာထည့္သြင္းသင့္တယ္။တူခ်ယ္ကလည္းစတမ္းဖို႔ဒ္ဘရစ္ခ်္ကအျခားသူေတြလိုဘဲအနာဂတ္ဘာျဖစ္လာမယ္ဆိုတာမသိပါဘူး။မေသခ်ာတဲ့အေျခအေနမ်ိဳးမွာဘယ္နည္းျပမွအလုပ္မလုပ္ခ်င္ပါဘူး။ခ်ဲလ္ဆီးကထြက္ခြာခြင့္ရၿပီးယူႏိုက္တက္လိုအသင္းကိုကိုင္တြယ္ရမယ္ဆိုရင္သူဟာလက္ခံလာမွာေသခ်ာပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မေန႔ညတုန္းကေနာ့ဝွစ္ခ်္ကို၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲအၿပီးမွာေတာ့ေသာမတ္စ္တူခ်ယ္ကခ်ဲလ္ဆီးတြင္ဆက္လက္ေနသြားလိုေၾကာင္းေျပာၾကားခဲ့ပါတယ္။