အခွင့်အရေးများစွာ ဖြုန်းတီးပစ်ခဲ့မိကြောင်း အူဘာမီယန်ဝန်ခံ

အာဆင်နယ်အသင်းခေါင်းဆောင်အူဘာမီယန်ကဘင်ဖီကာနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင်အခွင့်အရေးများစွာကို ဖြုန်းတီးပစ်ခဲ့မိကြောင်းဝန်ခံပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာမနေ့ညတုန်းကယူရိုပါလိဂ်၃၂သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်အဖြစ်ရောမတွင်ဘင်ဖီကာနှင့်ရင်ဆိုင်ကစားခဲ့ရပြီးတစ်ဂိုးစီသရေဖြင့်အဆုံးသတ်ခဲ့ပါတယ်။

ယင်းပွဲစဉ်တွင်အသက်၃၁နှစ်ရှိအာဆင်နယ်အသင်းခေါင်းဆောင်အူဘာမီယန်ဟာသေချာပေါက်ဂိုးရနိုင်မယ့် အခွင့်အရေးများစွာရရှိခဲ့ပြီးအာဆင်နယ်မှာဂိုးပြတ်အနိုင်ရရှိခဲ့သင့်ပါတယ်။

အထူးသဖြင့်ပွဲချိန်၁၉မိနစ်တွင်အူဘာမီယန်ဟာဘယ်လီရန်ရဲ့ပေးပို့မှုကနေ၇ကိုက်အကွာမှာသေချာပေါက်ဂိုးရနိုင် မယ့်အခွင့်အရေးရရှိခဲ့ပေမယ့်ကန်ချက်မှာလွဲချော်ခဲ့ပါတယ်။

အူဘာမီယန်က “ဒီထက်ပိုကောင်းတဲ့ရလဒ်ရသင့်ပါတယ်။ဒီနေ့မှာကျွန်တော်ဂိုးအချို့သွင်းနိုင်ခဲ့သင့်တယ်။ဒါပေ မယ့်နောက်ထပ်တစ်ပွဲကစားဖို့ကျန်ပါသေးတယ်”လို့ပြောကြားသွားပါတယ်။

ဘင်ဖီကာဟာဧရိယာအတွင်းမှာအီမီလီစမစ်ရိုဝီရဲ့လက်ထိဘောကြောင့်ပင်နယ်တီရရှိကာပီဇီရဲ့ဂိုးနဲ့ပွဲကိုဦးဆောင် နိုင်ခဲ့ပြီးဆာကီကပြန်လည်ချေပခဲ့ပါတယ်။

အူဘာမီယန်ဟာပွဲချိန်၆၃မိနစ်တွင်လည်းအပိုင်အခွင့်အရေးကြုံခဲ့ပေမယ့်အသုံးမချနိုင်ခဲ့ပါဘူး။

ZawGyi

အခြင့္အေရးမ်ားစြာ ျဖဳန္းတီးပစ္ခဲ့မိေၾကာင္း အူဘာမီယန္ဝန္ခံ

အာဆင္နယ္အသင္းေခါင္းေဆာင္အူဘာမီယန္ကဘင္ဖီကာႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္တြင္အခြင့္အေရးမ်ားစြာကို ျဖဳန္းတီးပစ္ခဲ့မိေၾကာင္းဝန္ခံေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္ဟာမေန႔ညတုန္းကယူ႐ိုပါလိဂ္၃၂သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္အျဖစ္ေရာမတြင္ဘင္ဖီကာႏွင့္ရင္ဆိုင္ကစားခဲ့ရၿပီးတစ္ဂိုးစီသေရျဖင့္အဆုံးသတ္ခဲ့ပါတယ္။

ယင္းပြဲစဥ္တြင္အသက္၃၁ႏွစ္ရွိအာဆင္နယ္အသင္းေခါင္းေဆာင္အူဘာမီယန္ဟာေသခ်ာေပါက္ဂိုးရႏိုင္မယ့္ အခြင့္အေရးမ်ားစြာရရွိခဲ့ၿပီးအာဆင္နယ္မွာဂိုးျပတ္အႏိုင္ရရွိခဲ့သင့္ပါတယ္။

အထူးသျဖင့္ပြဲခ်ိန္၁၉မိနစ္တြင္အူဘာမီယန္ဟာဘယ္လီရန္ရဲ႕ေပးပို႔မႈကေန၇ကိုက္အကြာမွာေသခ်ာေပါက္ဂိုးရႏိုင္ မယ့္အခြင့္အေရးရရွိခဲ့ေပမယ့္ကန္ခ်က္မွာလြဲေခ်ာ္ခဲ့ပါတယ္။

အူဘာမီယန္က “ဒီထက္ပိုေကာင္းတဲ့ရလဒ္ရသင့္ပါတယ္။ဒီေန႔မွာကြၽန္ေတာ္ဂိုးအခ်ိဳ႕သြင္းႏိုင္ခဲ့သင့္တယ္။ဒါေပ မယ့္ေနာက္ထပ္တစ္ပြဲကစားဖို႔က်န္ပါေသးတယ္”လို႔ေျပာၾကားသြားပါတယ္။

ဘင္ဖီကာဟာဧရိယာအတြင္းမွာအီမီလီစမစ္႐ိုဝီရဲ႕လက္ထိေဘာေၾကာင့္ပင္နယ္တီရရွိကာပီဇီရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္ ႏိုင္ခဲ့ၿပီးဆာကီကျပန္လည္ေခ်ပခဲ့ပါတယ္။

အူဘာမီယန္ဟာပြဲခ်ိန္၆၃မိနစ္တြင္လည္းအပိုင္အခြင့္အေရးႀကဳံခဲ့ေပမယ့္အသုံးမခ်ႏိုင္ခဲ့ပါဘူး။