အခွန်ရှောင်တိမ်းမှုကြောင့် ထောင်ဒဏ် ၁၄ လချမှတ်ခံလာရတဲ့ ဂျွန်ကာရူး

အက်စတွန်ဗီလာတိုက်စစ်မှူးဟောင်းဂျွန်ကာရူးဟာမွေးရပ်မြေနော်ဝေတွင်အခွန်ရှောင်တိမ်းကြောင်းတွေ့ရှိရပြီးနောက်ထောင်ဒဏ်၁၄လချမှတ်ခြင်းခံခဲ့ရပါတယ်။

အသက်၄၃နှစ်ရှိနော်ဝေတိုက်စစ်မှူးဟောင်းဟာ၂၀၁၄ခုနှစ်မှ၂၀၁၉ခုနှစ်အတွင်းတွင်ပေါင်၂၆.၇သန်းအတွက်အခွန်ပေးရန်ပျက်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျွန်ကာရူးက၎င်းမှာနိုင်ငံခြားတွင်နေထိုင်နေမှုနှင့်အတူအခွန်ပေးဆောင်ရန်မလိုအပ်ဟုယူဆကာအခွန်မပေးခဲ့ခြင်းဖြစ်ကြောင်းဆိုထားပါတယ်။

ဒါပေမဲ့အခွန်စုံစမ်းစစ်ဆေးရေးမှူးများကဂျွန်ကာရူးမှာယင်းကာလအတွင်းတွင်နော်ဝေတွင်တစ်နှစ်လျှင်၁၈၃ရက်ထက်ပိုပြီးနေထိုင်ကြောင်းသက်သေပြနိုင်မှုနှင့်အတူ၎င်းအနေဖြင့်အခွန်ပေးဆောင်ရန်ဖြစ်လာခဲ့ပါတယ်။

ဂျွန်ကာရူးဟာထောင်ဒဏ်၁၄လချမှတ်ခြင်းခံခဲ့ရတဲ့အပြင်ပေါင်၄၆၀၀၀လည်းဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။

ကာရူးက၎င်းမှာအေးဂျင့်ဟောင်းရဲ့အကြံပေးမှုကြောင့်အခွန်မပေးဆောင်ရခြင်းဖြစ်ကြောင်းလည်းဆိုထားပါတယ်။

၂၀၁၂ခုနှစ်တွင်ကစားသမားဘဝမှအနားယူခဲ့တဲ့ဂျွန်ကာရူးဟာဗလင်စီယာ၊ရိုးမား၊လိုင်ယွန်၊စတုတ်စီးတီး၊ဝက်စ်ဟမ်းအပါအဝင်ကလပ်ကိုးခုတွင်ကစားခဲ့ရာမှာပွဲပေါင်း၅၀၀နီးပါးကစားခဲ့ပါတယ်။

သူဟာနော်ဝေအသင်းအတွက်၉၁ပွဲကစားကာ၂၄ဂိုးသွင်းယူပေးခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

အခြန္ေရွာင္တိမ္းမႈေၾကာင့္ ေထာင္ဒဏ္ ၁၄ လခ်မွတ္ခံလာရတဲ့ ဂြၽန္ကာ႐ူး

အက္စတြန္ဗီလာတိုက္စစ္မႉးေဟာင္းဂြၽန္ကာ႐ူးဟာေမြးရပ္ေျမေနာ္ေဝတြင္အခြန္ေရွာင္တိမ္းေၾကာင္းေတြ႕ရွိရၿပီးေနာက္ေထာင္ဒဏ္၁၄လခ်မွတ္ျခင္းခံခဲ့ရပါတယ္။

အသက္၄၃ႏွစ္ရွိေနာ္ေဝတိုက္စစ္မႉးေဟာင္းဟာ၂၀၁၄ခုႏွစ္မွ၂၀၁၉ခုႏွစ္အတြင္းတြင္ေပါင္၂၆.၇သန္းအတြက္အခြန္ေပးရန္ပ်က္ကြက္ခဲ့တာလည္းျဖစ္ပါတယ္။

ဂြၽန္ကာ႐ူးက၎မွာႏိုင္ငံျခားတြင္ေနထိုင္ေနမႈႏွင့္အတူအခြန္ေပးေဆာင္ရန္မလိုအပ္ဟုယူဆကာအခြန္မေပးခဲ့ျခင္းျဖစ္ေၾကာင္းဆိုထားပါတယ္။

ဒါေပမဲ့အခြန္စုံစမ္းစစ္ေဆးေရးမႉးမ်ားကဂြၽန္ကာ႐ူးမွာယင္းကာလအတြင္းတြင္ေနာ္ေဝတြင္တစ္ႏွစ္လွ်င္၁၈၃ရက္ထက္ပိုၿပီးေနထိုင္ေၾကာင္းသက္ေသျပႏိုင္မႈႏွင့္အတူ၎အေနျဖင့္အခြန္ေပးေဆာင္ရန္ျဖစ္လာခဲ့ပါတယ္။

ဂြၽန္ကာ႐ူးဟာေထာင္ဒဏ္၁၄လခ်မွတ္ျခင္းခံခဲ့ရတဲ့အျပင္ေပါင္၄၆၀၀၀လည္းဒဏ္႐ိုက္ျခင္းခံခဲ့ရပါတယ္။

ကာ႐ူးက၎မွာေအးဂ်င့္ေဟာင္းရဲ႕အႀကံေပးမႈေၾကာင့္အခြန္မေပးေဆာင္ရျခင္းျဖစ္ေၾကာင္းလည္းဆိုထားပါတယ္။

၂၀၁၂ခုႏွစ္တြင္ကစားသမားဘဝမွအနားယူခဲ့တဲ့ဂြၽန္ကာ႐ူးဟာဗလင္စီယာ၊႐ိုးမား၊လိုင္ယြန္၊စတုတ္စီးတီး၊ဝက္စ္ဟမ္းအပါအဝင္ကလပ္ကိုးခုတြင္ကစားခဲ့ရာမွာပြဲေပါင္း၅၀၀နီးပါးကစားခဲ့ပါတယ္။

သူဟာေနာ္ေဝအသင္းအတြက္၉၁ပြဲကစားကာ၂၄ဂိုးသြင္းယူေပးခဲ့သူလည္းျဖစ္ပါတယ္။