အဂူရိုကို ခေါ်ယူပြီးနောက် အဲရစ်ဂါစီယာအား ငါးနှစ်စာချုပ်ဖြင့် ဘာစီလိုနာထပ်မံအားဖြည့်

အဲရစ်ဂါစီယာဟာဘာစီလိုနာနှင့်ငါးနှစ်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။အဲရစ်ဂါစီယာဟာဘာစီလိုနာသို့မန်စီးတီးကစားဖော်အဂူရိုပြောင်းရွှေ့ပြီးနောက်ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာဟာအဲရစ်ဂါစီယာကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။အသက်၂၀နှစ်ရှိအဲရစ်ဂါစီယာဟာဘာစီလိုနာအကယ်ဒမီထွက်တစ်ဦးဖြစ်ပြီးမန်စီးတီးတွင်လေးနှစ်ကစားပြီးနောက်အသင်းဟောင်းထံသို့ပြန်လည်ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။

အဲရစ်ဂါစီယာဟာဘာစီလိုနာနှင့်၂၀၂၅-၂၆ရာသီအထိစာချုပ်ချုပ်ဆိုထားပြီးစာချုပ်အတွင်းတွင်သူ့ကိုခေါ်ယူလိုပါကယူရိုသန်း၄၀၀ပေးရမယ်ဆိုတဲ့အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

ZawGyi



