အဂူရိုနေရာတွင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြင့် အစားထိုးမည်ဟု မန်စီးတီးဥက္ကဌကတိပြု

မန်စီးတီးဥက္ကဌခါဒွမ်းအယ်လ်မူဘာရက်ကယခုနွေရာသီတွင်ဆာဂျီယိုအဂူရိုရဲ့နေရာတွင်အစားထိုးနိုင်မယ့်ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကိုခေါ်ယူပေးသွားမည်ဖြစ်ကြောင်းမန်စီးတီးပရိသတ်များကိုကတိပြုလိုက်ပါတယ်။

မန်စီးတီးဟာဘာစီလိုနာသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခွင့်ပေးလိုက်တဲ့ဆာဂျီယိုအဂူရိုရဲ့နေရာတွင်စပါးစ်ရဲ့ဟယ်ရီကိန်း၊ဒေါ့မွန်ရဲ့အာလင်းဟာလန်းတို့အားအဓိကပစ်မှတ်ထားနေပါတယ်။

အခြားတစ်ဖက်မှာမန်စီးတီးဟာအက်စတွန်ဗီလာအသင်းခေါင်းဆောင်ဂျက်ဂရဲလ်လစ်ရှ်ကိုလည်းပေါင်သန်း၁၀၀အထိပေးကာခေါ်ယူဖို့ပစ်မှတ်ထားနေပါသေးတယ်။

ခါဒွမ်းက “ကျွန်တော်တို့ဟာအရမ်းကိုအရေးပါတဲ့ဂန္ထဝင်ဆာဂျီယိုအဂူရိုကိုဆုံးရှုံးထားရပါတယ်။အစားထိုးဖို့အလွန်ခက်ခဲပါတယ်။ဒါပေမယ့်အစားထိုးနိုင်မယ့်သင့်တော်မယ့်ကစားသမားကိုကျွန်တော်တို့ရှာဖွေသွားပါမယ်။ပြီးတော့အသင်းမှာအခြားနေရာတွေမှာလည်းရင်းနှီးမြှပ်နှံဖို့လိုနေပါတယ်။သိပ်အများကြီးတော့မဟုတ်ပါဘူး။ကျွန်တော်တို့မှာအရမ်းကောင်းတဲ့အသင်းကိုပိုင်ဆိုင်ထားတယ်လို့ထင်ပါတယ်။အရမ်းကောင်းတဲ့အသင်းမရှိဘဲပရီးမီးယားလိဂ်ဖလားမရနိုင်သလိုချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်းမရောက်နိုင်ပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

အဂူ႐ိုေနရာတြင္ ထိပ္တန္းတိုက္စစ္မႉးတစ္ဦးျဖင့္ အစားထိုးမည္ဟု မန္စီးတီးဥကၠဌကတိျပဳ

မန္စီးတီးဥကၠဌခါဒြမ္းအယ္လ္မူဘာရက္ကယခုေႏြရာသီတြင္ဆာဂ်ီယိုအဂူ႐ိုရဲ႕ေနရာတြင္အစားထိုးႏိုင္မယ့္ထိပ္တန္းတိုက္စစ္မႉးတစ္ဦးကိုေခၚယူေပးသြားမည္ျဖစ္ေၾကာင္းမန္စီးတီးပရိသတ္မ်ားကိုကတိျပဳလိုက္ပါတယ္။

မန္စီးတီးဟာဘာစီလိုနာသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာခြင့္ေပးလိုက္တဲ့ဆာဂ်ီယိုအဂူ႐ိုရဲ႕ေနရာတြင္စပါးစ္ရဲ႕ဟယ္ရီကိန္း၊ေဒါ့မြန္ရဲ႕အာလင္းဟာလန္းတို႔အားအဓိကပစ္မွတ္ထားေနပါတယ္။

အျခားတစ္ဖက္မွာမန္စီးတီးဟာအက္စတြန္ဗီလာအသင္းေခါင္းေဆာင္ဂ်က္ဂရဲလ္လစ္ရွ္ကိုလည္းေပါင္သန္း၁၀၀အထိေပးကာေခၚယူဖို႔ပစ္မွတ္ထားေနပါေသးတယ္။

 

ခါဒြမ္းက “ကြၽန္ေတာ္တို႔ဟာအရမ္းကိုအေရးပါတဲ့ဂႏၴဝင္ဆာဂ်ီယိုအဂူ႐ိုကိုဆုံးရႈံးထားရပါတယ္။အစားထိုးဖို႔အလြန္ခက္ခဲပါတယ္။ဒါေပမယ့္အစားထိုးႏိုင္မယ့္သင့္ေတာ္မယ့္ကစားသမားကိုကြၽန္ေတာ္တို႔ရွာေဖြသြားပါမယ္။ၿပီးေတာ့အသင္းမွာအျခားေနရာေတြမွာလည္းရင္းႏွီးျမႇပ္ႏွံဖို႔လိုေနပါတယ္။သိပ္အမ်ားႀကီးေတာ့မဟုတ္ပါဘူး။ကြၽန္ေတာ္တို႔မွာအရမ္းေကာင္းတဲ့အသင္းကိုပိုင္ဆိုင္ထားတယ္လို႔ထင္ပါတယ္။အရမ္းေကာင္းတဲ့အသင္းမရွိဘဲပရီးမီးယားလိဂ္ဖလားမရႏိုင္သလိုခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔လည္းမေရာက္ႏိုင္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။