အဂွဲရိုးနေရာတွင် ပရီးမီးယားလိဂ်ထိပ်တန်းတိုက်စစ်မှူးအား ပေါင်၅သန်းတည်းဖြင့် ခေါ်ယူအစားထိုးရန် ဇာဗီးစီစဉ်

ဘာစီလိုနာနည်းပြဇာဗီးဟာနှလုံးရောဂါပြဿနာကြောင့်အနားယူနေရတဲ့ တိုက်စစ်မှူးဆာဂျီယိုအဂွဲရိုးရဲ့နေရာတွင်ပရီးမီးယားလိဂ်ထိပ်တန်းတိုက်စစ်မှူးနှင့်အစားထိုးရန်စီစဉ်နေကြောင်းသိရပါတယ်။

အသက်၃၃နှစ်ရှိဆာဂျီယိုအဂွဲရိုးဟာနှလုံးရောဂါပြဿနာကြောင့်ကစားသမားဘဝမှအနားယူနိုင်ရတဲ့အနေအထားမျိုးတွင်ရှိနေသူလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့နွေရာသီတွင်မန်စီးတီးမှအလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်လာပြီးနောက်ဘာစီလိုနာအတွက်၅ပွဲတည်းသာကစားထားရသူလည်းဖြစ်ပါတယ်။

အဂွဲရိုးဟာကစားသမားဘဝမှအနားမယူရဘူးဆိုရင်တောင်ပြန်ကစားနိုင်ဖို့အချိန်တန်ကြာယူရမယ့်အနေအထားမှာရှိတာကြောင့်ဘာစီလိုနာဟာဇန်နဝါရီတွင်တိုက်စစ်မှူးတစ်ဦးအစားထိုးခေါ်ယူရန်လိုအပ်နေပါတယ်။

The Mirror ရဲ့ဖော်ပြချက်အရဘာစီလိုနာဟာမန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးအက်ဒီဆင်ကာဗာနီကိုခေါ်ယူလိုနေကြောင်းသိရပါတယ်။

ငွေကြေးပြဿနာရှိနေတဲ့ဘာစီလိုနာဟာအက်ဒီဆင်ကာဗာနီကိုပေါင်၅သန်းတည်းသာအသုံးပြုပြီးခေါ်ယူရန်စီစဉ်နေတာလည်းဖြစ်ပါတယ်။

ကာဗာနီဟာမန်ယူတွင်ဒုတိယမြောက်ရာသီကစားနေတာဖြစ်ပြီးယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူလည်းဖြစ်ပါတယ်။

သူဟာရာသီအစပိုင်းတုန်းကဒုတိယဦးစားပေးအဖြစ်သာကစားခွင့်ရခဲ့ပေမယ့်နောက်ပိုင်းတွင်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်အတူတိုက်စစ်ကိုဦးဆောင်ခွင့်ရနေပါတယ်။

အက်ဒီဆင်ကာဗာနီဟာဘာစီလိုနာသို့ပြောင်းရွှေ့ကစားပါကပုံမှန်ကစားခွင့်ရလာနိုင်တဲ့အနေအထားကြောင့်ထွက်ခွာဖို့ရှိနေပါတယ်။

ဒါ့အပြင်မန်ယူဟာမားကပ်စ်ရပ်ရှ်ဖို့ဒ်၊မေဆင်ဂရင်းဝုဒ်နှင့်မာရှယ်တို့အားအခွင့်အရေးပိုပေးနိုင်ရန်အတွက်ကာဗာနီကိုရောင်းချဖို့ရှိပါတယ်။

ကာဗာနီဟာပြီးခဲ့တဲ့ရာသီတုန်းကမန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၁၇ဂိုးသွင်းယူနိုင်ခဲ့ပြီးယခုရာသီမှာပရီးမီးယားလိဂ်ဂိုး၁ဂိုးသွင်းထားပါတယ်။

သူ့ကိုစီးရီးအေထိပ်သီးအင်တာမီလန်ကလည်းခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

ZawGyi

အဂြဲ႐ိုးေနရာတြင္ ပရီးမီးယားလိဂ္ထိပ္တန္းတိုက္စစ္မႉးအား ေပါင္၅သန္းတည္းျဖင့္ ေခၚယူအစားထိုးရန္ ဇာဗီးစီစဥ္

ဘာစီလိုနာနည္းျပဇာဗီးဟာႏွလုံးေရာဂါျပႆနာေၾကာင့္အနားယူေနရတဲ့ တိုက္စစ္မႉးဆာဂ်ီယိုအဂြဲ႐ိုးရဲ႕ေနရာတြင္ပရီးမီးယားလိဂ္ထိပ္တန္းတိုက္စစ္မႉးႏွင့္အစားထိုးရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

အသက္၃၃ႏွစ္ရွိဆာဂ်ီယိုအဂြဲ႐ိုးဟာႏွလုံးေရာဂါျပႆနာေၾကာင့္ကစားသမားဘဝမွအနားယူႏိုင္ရတဲ့အေနအထားမ်ိဳးတြင္ရွိေနသူလည္းျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ေႏြရာသီတြင္မန္စီးတီးမွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေရာက္လာၿပီးေနာက္ဘာစီလိုနာအတြက္၅ပြဲတည္းသာကစားထားရသူလည္းျဖစ္ပါတယ္။

အဂြဲ႐ိုးဟာကစားသမားဘဝမွအနားမယူရဘူးဆိုရင္ေတာင္ျပန္ကစားႏိုင္ဖို႔အခ်ိန္တန္ၾကာယူရမယ့္အေနအထားမွာရွိတာေၾကာင့္ဘာစီလိုနာဟာဇန္နဝါရီတြင္တိုက္စစ္မႉးတစ္ဦးအစားထိုးေခၚယူရန္လိုအပ္ေနပါတယ္။

The Mirror ရဲ႕ေဖာ္ျပခ်က္အရဘာစီလိုနာဟာမန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးအက္ဒီဆင္ကာဗာနီကိုေခၚယူလိုေနေၾကာင္းသိရပါတယ္။

ေငြေၾကးျပႆနာရွိေနတဲ့ဘာစီလိုနာဟာအက္ဒီဆင္ကာဗာနီကိုေပါင္၅သန္းတည္းသာအသုံးျပဳၿပီးေခၚယူရန္စီစဥ္ေနတာလည္းျဖစ္ပါတယ္။

ကာဗာနီဟာမန္ယူတြင္ဒုတိယေျမာက္ရာသီကစားေနတာျဖစ္ၿပီးယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္သူလည္းျဖစ္ပါတယ္။

သူဟာရာသီအစပိုင္းတုန္းကဒုတိယဦးစားေပးအျဖစ္သာကစားခြင့္ရခဲ့ေပမယ့္ေနာက္ပိုင္းတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္အတူတိုက္စစ္ကိုဦးေဆာင္ခြင့္ရေနပါတယ္။

အက္ဒီဆင္ကာဗာနီဟာဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ကစားပါကပုံမွန္ကစားခြင့္ရလာႏိုင္တဲ့အေနအထားေၾကာင့္ထြက္ခြာဖို႔ရွိေနပါတယ္။

ဒါ့အျပင္မန္ယူဟာမားကပ္စ္ရပ္ရွ္ဖို႔ဒ္၊ေမဆင္ဂရင္းဝုဒ္ႏွင့္မာရွယ္တို႔အားအခြင့္အေရးပိုေပးႏိုင္ရန္အတြက္ကာဗာနီကိုေရာင္းခ်ဖို႔ရွိပါတယ္။

ကာဗာနီဟာၿပီးခဲ့တဲ့ရာသီတုန္းကမန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၁၇ဂိုးသြင္းယူႏိုင္ခဲ့ၿပီးယခုရာသီမွာပရီးမီးယားလိဂ္ဂိုး၁ဂိုးသြင္းထားပါတယ္။

သူ႔ကိုစီးရီးေအထိပ္သီးအင္တာမီလန္ကလည္းေခၚယူရန္စိတ္ဝင္စားေနပါတယ္။