
မန်စီးတီးအသင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးအောင် နောက်ဆုံးမိနစ်သွင်းယူစဉ်တုန်းကဆာဂျီယိုအဂွဲရိုးဝတ်ဆင်ခဲ့တဲ့အင်္ကျီကိုလေလံတင်ရောင်းချလာတော့မှာဖြစ်ပါတယ်။
ဆာဂျီယိုအဂွဲရိုးဟာ၂၀၁၂ခုနှစ်၊မေလ၁၃ရက်တုန်းကကျူပီအာနှင့်ပွဲစဉ်ရဲ့၉၃မိနစ်တွင်အနိုင်ဂိုးသွင်းယူကာမန်စီးတီးကို၄၄နှစ်အတွင်းပထမဆုံးအမှတ်ပေးဖလားဆွတ်ခူးနိုင်အောင်ကူညီခဲ့ပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးရဲ့အင်္ကျီကိုမေလတုန်းကလေလံတင်ရောင်းချရန်စီစဉ်ခဲ့ပေမဲ့လည်း ရုတ်သိမ်းသွားခဲ့ပါတယ်။
လျှော်ဖွတ်ထားခြင်းမရှိတဲ့ ကျောနံပါတ်၁၆ပါအဂွဲရိုးကိုအနည်းဆုံးပေါင်၂၀၀၀၀ဖြင့်လေလံကြမ်းခင်းဈေးသတ်မှတ်လာဖို့လည်းရှိပါတယ်။
မန်စီးတီးဟာအဂွဲရိုးရဲ့နောက်ကျဂိုးကြောင့်ကျူပီအာကို၃-၂ဖြင့်အနိုင်ရရှိကာ မြို့ခံပြိုင်ဘက်ယူနိုက်တက်ကိုကျော်ဖြတ်ကာ၁၉၆၈ခုနှစ်နောက်ပိုင်းပထမဆုံးအမှတ်ပေးဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။
အဂွဲရိုးဟာမန်စီးတီးတွင်၁၀နှစ်ကြာကစားခဲ့စဉ်အတွင်းဂိုး၂၆၀သွင်းယူကာမန်စီးတီးသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်သမိုင်းမှတ်တမ်းရေးထိုးခဲ့သလိုပရီးမီးယားလိဂ်ဂိုး၁၈၄ဂိုးဖြင့်ပရီးမီးယားလိဂ်သမိုင်းတွင်စတုတ္ထဂိုးအများဆုံးသွင်းယူသူအဖြစ်လည်းရပ်တည်နေပါတယ်။
အဂွဲရိုးဟာဘာစီလိုနာသို့ပြောင်းရွှေ့ခဲ့ပေမဲ့လည်းနှလုံးခုန်နှုန်းမမှန်မှုကြောင့်၂၀၂၁ခုနှစ်၊ဒီဇင်ဘာလတွင်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။
ZawGyi
အဂြဲ႐ိုးရဲ႕မန္စီးတီးပထမဆုံးပရီးမီးယားလိဂ္ဖလားဆြတ္ခူးေစခဲ့တဲ့ အက်ႌ ေလလံတင္ေရာင္းခ်လာ
မန္စီးတီးအသင္း ပထမဆုံးပရီးမီးယားလိဂ္ဖလားဆြတ္ခူးေအာင္ ေနာက္ဆုံးမိနစ္သြင္းယူစဥ္တုန္းကဆာဂ်ီယိုအဂြဲ႐ိုးဝတ္ဆင္ခဲ့တဲ့အက်ႌကိုေလလံတင္ေရာင္းခ်လာေတာ့မွာျဖစ္ပါတယ္။
ဆာဂ်ီယိုအဂြဲ႐ိုးဟာ၂၀၁၂ခုႏွစ္၊ေမလ၁၃ရက္တုန္းကက်ဴပီအာႏွင့္ပြဲစဥ္ရဲ႕၉၃မိနစ္တြင္အႏိုင္ဂိုးသြင္းယူကာမန္စီးတီးကို၄၄ႏွစ္အတြင္းပထမဆုံးအမွတ္ေပးဖလားဆြတ္ခူးႏိုင္ေအာင္ကူညီခဲ့ပါတယ္။
အာဂ်င္တီးနားတိုက္စစ္မႉးရဲ႕အက်ႌကိုေမလတုန္းကေလလံတင္ေရာင္းခ်ရန္စီစဥ္ခဲ့ေပမဲ့လည္း ႐ုတ္သိမ္းသြားခဲ့ပါတယ္။
ေလွ်ာ္ဖြတ္ထားျခင္းမရွိတဲ့ ေက်ာနံပါတ္၁၆ပါအဂြဲ႐ိုးကိုအနည္းဆုံးေပါင္၂၀၀၀၀ျဖင့္ေလလံၾကမ္းခင္းေဈးသတ္မွတ္လာဖို႔လည္းရွိပါတယ္။
မန္စီးတီးဟာအဂြဲ႐ိုးရဲ႕ေနာက္က်ဂိုးေၾကာင့္က်ဴပီအာကို၃-၂ျဖင့္အႏိုင္ရရွိကာ ၿမိဳ႕ခံၿပိဳင္ဘက္ယူႏိုက္တက္ကိုေက်ာ္ျဖတ္ကာ၁၉၆၈ခုႏွစ္ေနာက္ပိုင္းပထမဆုံးအမွတ္ေပးဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။
အဂြဲ႐ိုးဟာမန္စီးတီးတြင္၁၀ႏွစ္ၾကာကစားခဲ့စဥ္အတြင္းဂိုး၂၆၀သြင္းယူကာမန္စီးတီးသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္သမိုင္းမွတ္တမ္းေရးထိုးခဲ့သလိုပရီးမီးယားလိဂ္ဂိုး၁၈၄ဂိုးျဖင့္ပရီးမီးယားလိဂ္သမိုင္းတြင္စတုတၳဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္လည္းရပ္တည္ေနပါတယ္။
အဂြဲ႐ိုးဟာဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ခဲ့ေပမဲ့လည္းႏွလုံးခုန္ႏႈန္းမမွန္မႈေၾကာင့္၂၀၂၁ခုႏွစ္၊ဒီဇင္ဘာလတြင္ကစားသမားဘဝမွအနားယူခဲ့ပါတယ္။