အင်စတာဂရမ်ကနေ အသင်းပြောင်းခွင့်တောင်းလာတဲ့ အာဆင်နယ်စတား

အိန်စလေမိုင်လန်းနေးလ်ဟာအင်စတာဂရမ်တွင်ပို့စ်တင်ကာသူ့အားသူသွားကစားချင်တဲ့နေရာသို့သွားကစားခွင့်ပေးရန်အာဆင်နယ်ကိုတောင်းဆိုလာပါတယ်။

အလယ်တန်းကစားသမားဟာအင်စတာဂရမ်ရဲ့စတိုရီတွင် သူသွားကစားချင်တဲ့နေရာသို့ သွားကစားလိုကြောင်းတင်လာခဲ့တာလည်းဖြစ်ပါတယ်။

သူဟာမျက်ရည်ကျနေတဲ့ Emoji ကိုလည်းအသုံးပြုခဲ့တာကြောင့်လက်ရှိသူ့ရဲ့အခြေအနေအပေါ်မပျော်မရွှင်ဖြစ်နေကြောင်းလည်းအရိပ်အမြွက်ဆိုသွားပါတယ်။

လက်ရှိအချိန်တွင်မိုင်လန်းနေးလ်ကိုအဲဗာတန်နည်းပြရာဖေးလ်ဘင်နီတက်ဇ်ကခေါ်ယူလိုနေပါတယ်။အဲဗာတန်ဟာအလယ်တန်းတွင်နေရာစုံကစားနိုင်တဲ့မိုင်လန်းနေးလ်အား ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့်အာဆင်နယ်ကပယ်ချခဲ့ကြောင်းသိရပါတယ်။

ဒါပေယ့်အာဆင်နယ်ဟာမိုင်လန်းနေးလ်အားသင့်တော်တဲ့ပြောင်းရွှေ့ကြေးရရှိပါကရောင်းချသွားဖို့လည်းရှိနေပါတယ်။

မိုင်လန်းနေးလ်ဟာအသက်၆နှစ်အရွယ်ကတည်းကအာဆင်နယ်သို့ရောက်လာသူဖြစ်ပြီးအာဆင်နယ်အတွက်၁၂၃ပွဲကစားထားပေမယ့်လည်းပုံမှန်ကစားခွင့်ရရှိရန်ရုန်းကန်နေရသူလည်းဖြစ်ပါတယ်။

သူဟာအာဆင်နယ်တွင်ကစားစဉ်ကာလအတွင်းတွင်အက်ဖ်အေဖလား၃ကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။

အသက်၂၄နှစ်ရှိကစားသမားဟာအင်္ဂလန်အတွက်ငါးကြိမ်ကစားခွင့်ရထားပေမယ့်အာဆင်နယ်ပထမအသင်းတွင်နေရာရရှိမှုနဲ့အတူနောက်ပိုင်းတွင်ရွေးချယ်ခြင်းမခံလာခဲ့ရသူလည်းဖြစ်ပါတယ်။

ZawGyi

အင္စတာဂရမ္ကေန အသင္းေျပာင္းခြင့္ေတာင္းလာတဲ့ အာဆင္နယ္စတား

အိန္စေလမိုင္လန္းေနးလ္ဟာအင္စတာဂရမ္တြင္ပို႔စ္တင္ကာသူ႔အားသူသြားကစားခ်င္တဲ့ေနရာသို႔သြားကစားခြင့္ေပးရန္အာဆင္နယ္ကိုေတာင္းဆိုလာပါတယ္။

အလယ္တန္းကစားသမားဟာအင္စတာဂရမ္ရဲ႕စတိုရီတြင္ သူသြားကစားခ်င္တဲ့ေနရာသို႔ သြားကစားလိုေၾကာင္းတင္လာခဲ့တာလည္းျဖစ္ပါတယ္။

သူဟာမ်က္ရည္က်ေနတဲ့ Emoji ကိုလည္းအသုံးျပဳခဲ့တာေၾကာင့္လက္ရွိသူ႔ရဲ႕အေျခအေနအေပၚမေပ်ာ္မ႐ႊင္ျဖစ္ေနေၾကာင္းလည္းအရိပ္အႁမြက္ဆိုသြားပါတယ္။

လက္ရွိအခ်ိန္တြင္မိုင္လန္းေနးလ္ကိုအဲဗာတန္နည္းျပရာေဖးလ္ဘင္နီတက္ဇ္ကေခၚယူလိုေနပါတယ္။အဲဗာတန္ဟာအလယ္တန္းတြင္ေနရာစုံကစားႏိုင္တဲ့မိုင္လန္းေနးလ္အား ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေပမယ့္အာဆင္နယ္ကပယ္ခ်ခဲ့ေၾကာင္းသိရပါတယ္။

ဒါေပယ့္အာဆင္နယ္ဟာမိုင္လန္းေနးလ္အားသင့္ေတာ္တဲ့ေျပာင္းေ႐ႊ႕ေၾကးရရွိပါကေရာင္းခ်သြားဖို႔လည္းရွိေနပါတယ္။

မိုင္လန္းေနးလ္ဟာအသက္၆ႏွစ္အ႐ြယ္ကတည္းကအာဆင္နယ္သို႔ေရာက္လာသူျဖစ္ၿပီးအာဆင္နယ္အတြက္၁၂၃ပြဲကစားထားေပမယ့္လည္းပုံမွန္ကစားခြင့္ရရွိရန္႐ုန္းကန္ေနရသူလည္းျဖစ္ပါတယ္။

သူဟာအာဆင္နယ္တြင္ကစားစဥ္ကာလအတြင္းတြင္အက္ဖ္ေအဖလား၃ႀကိမ္ဆြတ္ခူးထားႏိုင္ပါတယ္။

အသက္၂၄ႏွစ္ရွိကစားသမားဟာအဂၤလန္အတြက္ငါးႀကိမ္ကစားခြင့္ရထားေပမယ့္အာဆင္နယ္ပထမအသင္းတြင္ေနရာရရွိမႈနဲ႔အတူေနာက္ပိုင္းတြင္ေ႐ြးခ်ယ္ျခင္းမခံလာခဲ့ရသူလည္းျဖစ္ပါတယ္။