အင်စတာဂရမ်တွင် ပို့စ်တင်ပြီး အာဆင်နယ်အပြောင်းအရွှေ့ကို အတည်ပြုလာတဲ့ ရှက်တာစတားမိုင်ခိုင်လိုမူဒရစ်

မိုင်ခိုင်လိုမူဒရစ်ဟာအင်စတာဂရမ်တွင်အာဆင်နယ်အသင်းအင်္ကျီပုံဖြင့်ဓာတ်ပုံတင်ပြီးအာဆင်နယ်သို့ပြောင်းရွှေ့ကစားလိုကြောင်းအတည်ပြုလာပါတယ်။

အသက်၂၂နှစ်ရှိရှက်တာဒိုးနက်စ်စတားဟာမြောက်လန်ဒန်ကလပ်အာဆင်နယ်သို့ပြောင်းရန်ဆွေးနွေးမှုများပြုလုပ်နေသူဖြစ်ပါတယ်။

အာဆင်နယ်ဟာယူကရိန်းတောင်ပံစတားကို ပေါင်၈၈သန်းဖြင့်ခေါ်ယူရန်၂ကြိမ်ကမ်းလှမ်းမှုကိုရှက်တာဒိုးနက်စ်ရဲ့ပယ်ချမှုခံခဲ့ရပါတယ်။

အာဆင်နယ်ဟာမူဒရစ်အတွက်တတိယမြောက်ကမ်းလှမ်းမှုမပြုရသေးချိန်မှာချဲလ်ဆီးကလည်းခေါ်ယူရေးကြိုးပမ်းလာပါတယ်။

လက်ရှိအချိန်တွင်ကလပ်နှစ်ခုအကြားမူဒရစ်ကိုခေါ်ယူရေးတိုက်ပွဲဝင်နေတုန်းဖြစ်ပါတယ်။

ဒါပေမဲ့လက်ရှိအချိန်တွင်တူရကီတွင်ရှက်တာဒိုးနက်စ်နှင့်အတူဆောင်းရာသီရာသီဝက်လေ့ကျင့်ခန်းဆင်းနေတဲ့မူဒရစ်ကတော့အာဆင်နယ်သို့ပြောင်းကစားလိုနေပုံရပါတယ်။

မူဒရစ်ဟာအာဆင်နယ်အသင်းအင်္ကျီဝတ်ဆင်ထားတဲ့ပုံအားအင်စတာဂရမ် တွင်တင်လာပါတယ်။ဒါကိုကြည့်ရင်သူဟာအာဆင်နယ်သို့ပြောင်းကစားဖို့အိပ်မက်မက်နေတာသေချာပါတယ်။

လာမယ့်ရက်သတ္တပတ်တွေမှာမူဒရစ်တစ်ယောက်အာဆင်နယ်သို့ပြောင်းပြီးသူ့အိပ်မက်တကယ်ဖြစ်လာမလားစောင့်ကြည့်ရပါမယ်။

ZawGyi








 

