အင်စတာဂရမ်မှာ ပို့စ်တစ်ခုလျှင် ပေါင်၁.၂သန်းအထိရရှိလာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာအင်စတာဂရမ်ပို့စ်အတွက်ငွေအများဆုံးရရှိတဲ့သူအဖြစ်ပထမဆုံးအကြိမ်အဖြစ်ရပ်တည်လာနိုင်ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာဂန္ထဝင်နပန်းသမားနှင့်ရုပ်ရှင်မင်းသား The Rock ကိုကျော်ဖြတ်ကာရပ်တည်လာနိုင်တာဖြစ်ပါတယ်။

ပေါ်တူဂီနှင့်ဂျူဗင်တပ်စတားဟာအင်စတာဂရမ်မှာပို့စ်တစ်ခုလျှင်ပေါင်၁.၂သန်းအထိရရှိနေတာဖြစ်ပြီးအင်စတာဂရမ်မှာအခြားဆယ်လီများထက်ငွေမြင့်မားစွာရရှိနေပါတယ်။

ဆိုရှယ်မီဒီယာမတ်ကက်တင်းကုမ္ပဏီ Hopper HQ ရဲ့စစ်တမ်းအရရော်နယ်ဒိုအနေဖြင့်ဆိုရှယ်မီဒီယာပို့စ်တစ်ခုအတွက်ပေါင်၁.၂သန်း(သို့မဟုတ်)ဒေါ်လာ၁.၆သန်းအထိတောင်းခံနိုင်ကြောင်းဆိုသွားပါတယ်။

ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားဟာအင်စတာဂရမ်မှာ Followers ၃၀၈သန်းအထိရှိကာအင်စတာဂရမ်မှာ Followers အများဆုံးအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

The Rock ဟာ၂၀၁၇ခုနှစ်ကတည်းကအင်စတာဂရမ်တွင်ပို့စ်တစ်ခုအတွက်ငွေအများဆုံးရရှိနိုင်သူအဖြစ်ရပ်တည်လာခဲ့တာဖြစ်ပြီးယခုအခါမှာတော့ ခရစ္စတီယာနိုရော်နယ်ဒိုကိုနေရာဖယ်ပေးလိုက်ရပြီဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်းမှာသူ့အင်စတာဂရမ်အကောင့်မှာ Clear ၊ LiveScore ၊ Insparya တို့အတွက်ကြော်ငြာပို့စ်တင်ခဲ့သူဖြစ်ပါတယ်။

The Rock ကအင်စတာဂရမ်ပို့စ်တစ်ခုအတွက်ပေါင်၁.၁သန်းဖြင့်အဆိုတော်အေရီယာနာဂရန်ဒီနှင့်အတူရပ်တည်နေပါတယ်။

သူတို့ရဲ့နောက်မှာကိုင်လီဂျန်နာကပေါင်၁.၈သန်း၊ဆီလီနာဂိုမက်စ်ပေါင်၁.၀၈သန်း၊ကမ်ကာဒါရှီယန်ပေါင်၁.၀၂သန်း၊လီယွန်နယ်မက်ဆီပေါင်၈၄၀၀၀၀၊ဘီယွန်းဆေးပေါင်၈၃၀၀၀၀၊ဂျပ်စတင်ဘီဘာပေါင်၈၁၀၀၀၀၊ကန်ဒဲလ်ဂျန်နာပေါင်၇၆၀၀၀၀တို့အသီးသီးရပ်တည်နေပါတယ်။

ZawGyi

အင္စတာဂရမ္မွာ ပို႔စ္တစ္ခုလွ်င္ ေပါင္၁.၂သန္းအထိရရွိလာတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအင္စတာဂရမ္ပို႔စ္အတြက္ေငြအမ်ားဆုံးရရွိတဲ့သူအျဖစ္ပထမဆုံးအႀကိမ္အျဖစ္ရပ္တည္လာႏိုင္ပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂႏၴဝင္နပန္းသမားႏွင့္႐ုပ္ရွင္မင္းသား The Rock ကိုေက်ာ္ျဖတ္ကာရပ္တည္လာႏိုင္တာျဖစ္ပါတယ္။

ေပၚတူဂီႏွင့္ဂ်ဴဗင္တပ္စတားဟာအင္စတာဂရမ္မွာပို႔စ္တစ္ခုလွ်င္ေပါင္၁.၂သန္းအထိရရွိေနတာျဖစ္ၿပီးအင္စတာဂရမ္မွာအျခားဆယ္လီမ်ားထက္ေငြျမင့္မားစြာရရွိေနပါတယ္။

ဆိုရွယ္မီဒီယာမတ္ကက္တင္းကုမၸဏီ Hopper HQ ရဲ႕စစ္တမ္းအရေရာ္နယ္ဒိုအေနျဖင့္ဆိုရွယ္မီဒီယာပို႔စ္တစ္ခုအတြက္ေပါင္၁.၂သန္း(သို႔မဟုတ္)ေဒၚလာ၁.၆သန္းအထိေတာင္းခံႏိုင္ေၾကာင္းဆိုသြားပါတယ္။

ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ကစားသမားဟာအင္စတာဂရမ္မွာ Followers ၃၀၈သန္းအထိရွိကာအင္စတာဂရမ္မွာ Followers အမ်ားဆုံးအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။

The Rock ဟာ၂၀၁၇ခုႏွစ္ကတည္းကအင္စတာဂရမ္တြင္ပို႔စ္တစ္ခုအတြက္ေငြအမ်ားဆုံးရရွိႏိုင္သူအျဖစ္ရပ္တည္လာခဲ့တာျဖစ္ၿပီးယခုအခါမွာေတာ့ ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေနရာဖယ္ေပးလိုက္ရၿပီျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားအတြင္းမွာသူ႔အင္စတာဂရမ္အေကာင့္မွာ Clear ၊ LiveScore ၊ Insparya တို႔အတြက္ေၾကာ္ျငာပို႔စ္တင္ခဲ့သူျဖစ္ပါတယ္။

The Rock ကအင္စတာဂရမ္ပို႔စ္တစ္ခုအတြက္ေပါင္၁.၁သန္းျဖင့္အဆိုေတာ္ေအရီယာနာဂရန္ဒီႏွင့္အတူရပ္တည္ေနပါတယ္။

သူတို႔ရဲ႕ေနာက္မွာကိုင္လီဂ်န္နာကေပါင္၁.၈သန္း၊ဆီလီနာဂိုမက္စ္ေပါင္၁.၀၈သန္း၊ကမ္ကာဒါရွီယန္ေပါင္၁.၀၂သန္း၊လီယြန္နယ္မက္ဆီေပါင္၈၄၀၀၀၀၊ဘီယြန္းေဆးေပါင္၈၃၀၀၀၀၊ဂ်ပ္စတင္ဘီဘာေပါင္၈၁၀၀၀၀၊ကန္ဒဲလ္ဂ်န္နာေပါင္၇၆၀၀၀၀တို႔အသီးသီးရပ္တည္ေနပါတယ္။