အင်တာတွင်ပင် ဆက်ကစားသွားမယ့် အာဆင်နယ်နှင့် မန်စီးတီးပစ်မှတ် လူသာရိုမာတီနက်ဇ်

အာဆင်နယ်နှင့်မန်စီးတီးတို့ပစ်မှတ်ထားနေတဲ့လူသာရိုမာတီနက်ဇ်မှာ အင်တာမီလန်တွင်ပင်ဆက်ကစားသွားပါမယ်။

လူသာရိုမာတီနက်ဇ်ရဲ့အေးဂျင့်အလီဂျန်ဒိုကာမာနိုကကစားသမားနှင့်မိသားစုဝင်များမှာအင်တာမီလန်တွင်ပျော်ရွှင်နေပြီးထွက်ခွာမယ့်အခြေအနေလုံးဝမရှိကြောင်းပြောကြားလာပါတယ်။

ကာမာနိုက “သူဟာအင်တာမီလန်မှာဘဲဆက်နေပါမယ်။လူသာရိုဟာအင်တာမီလန်နဲ့ငါးနှစ်စာချုပ်ကျန်ပါသေးတယ်။သူ့ကိုယ်သူအင်တာသားလိုခံစားနေရပါတယ်။အင်တာကသူ့နှလုံးသားထဲကကလပ်ပါ။သူကကွင်းထဲမှာပရိသတ်တစ်ဦးလိုပါပဲ။သူ့မိသားစုကလည်းမီလန်မှာအရမ်းပျော်နေတယ်။လူသာရို အင်တာကထွက်ခွာဖို့လမ်းမရှိလို့ပြောချင်တယ်။ဒီကလပ်နဲ့အတူ အောင်မြင်မှုရဖို့အရမ်းဆန္ဒပြင်းပြနေတယ်”လို့ပြောကြားသွားပါတယ်။

အာဆင်နယ်ဟာဇန်နဝါရီလတုန်းကစာချုပ်ဖျက်သိမ်းကာဘာစီလိုနာသို့ထွက်ခွာခွင့်ပေးလိုက်တဲ့အူဘာမီယန်ရဲ့နေရာတွင်မာတီနက်ဇ်နှင့်အစားထိုးရန်ဆန္ဒရှိနေတာဖြစ်ပါတယ်။အာဆင်နယ်ဟာနွေရာသီမှာလာကာဇက်တီနှင့်အက်ဒီနကီတာတို့ကိုလည်းဆုံးရှုံးရဦးမှာဖြစ်ပါတယ်။

မန်စီးတီးဟာကလပ်သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူထားတဲ့အဂွဲရိုးနေရာတွင်အစားထိုးရန်ဗဟိုတိုက်စစ်မှူးတစ်ဦးရှာဖွေနေပါတယ်။

အသက်၂၄နှစ်ရှိမာတီနက်ဇ်ဟာယခုရာသီတွင်လည်းအကောင်းဆုံးပုံစံဖြင့်ကစားနေပြီးအာဆင်နယ်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၃၆ပွဲကစားထားရာမှာ၁၆ဂိုးသွင်းယူပြီး၂ကြိမ်ဖန်တီးထားပါတယ်။

သူဟာမနေ့ညတုန်းကလီဗာပူးကိုအင်တာမီလန်က၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအံ့ဩစရာကောင်းတဲ့အနိုင်ဂိုးသွင်းခဲ့သူလည်းဖြစ်ပါတယ်။လီဗာပူးဟာမနေ့ညကပွဲမှာရှုံးနိမ့်ပေမဲ့ ပထမအကျော့တုန်းက၂-၀ဂိုးဖြင့်အနိုင်ရရှိထားမှုကြောင့်နှစ်ကျော့ပေါင်းရလဒ်၂-၁ဖြင့်ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့တက်ရောက်သွားနိုင်ခဲ့ပါတယ်။

Zawgyi

အင္တာတြင္ပင္ ဆက္ကစားသြားမယ့္ အာဆင္နယ္ႏွင့္ မန္စီးတီးပစ္မွတ္ လူသာ႐ိုမာတီနက္ဇ္

အာဆင္နယ္ႏွင့္မန္စီးတီးတို႔ပစ္မွတ္ထားေနတဲ့လူသာ႐ိုမာတီနက္ဇ္မွာ အင္တာမီလန္တြင္ပင္ဆက္ကစားသြားပါမယ္။

လူသာ႐ိုမာတီနက္ဇ္ရဲ႕ေအးဂ်င့္အလီဂ်န္ဒိုကာမာႏိုကကစားသမားႏွင့္မိသားစုဝင္မ်ားမွာအင္တာမီလန္တြင္ေပ်ာ္႐ႊင္ေနၿပီးထြက္ခြာမယ့္အေျခအေနလုံးဝမရွိေၾကာင္းေျပာၾကားလာပါတယ္။

ကာမာႏိုက “သူဟာအင္တာမီလန္မွာဘဲဆက္ေနပါမယ္။လူသာ႐ိုဟာအင္တာမီလန္နဲ႔ငါးႏွစ္စာခ်ဳပ္က်န္ပါေသးတယ္။သူ႔ကိုယ္သူအင္တာသားလိုခံစားေနရပါတယ္။အင္တာကသူ႔ႏွလုံးသားထဲကကလပ္ပါ။သူကကြင္းထဲမွာပရိသတ္တစ္ဦးလိုပါပဲ။သူ႔မိသားစုကလည္းမီလန္မွာအရမ္းေပ်ာ္ေနတယ္။လူသာ႐ို အင္တာကထြက္ခြာဖို႔လမ္းမရွိလို႔ေျပာခ်င္တယ္။ဒီကလပ္နဲ႔အတူ ေအာင္ျမင္မႈရဖို႔အရမ္းဆႏၵျပင္းျပေနတယ္”လို႔ေျပာၾကားသြားပါတယ္။

အာဆင္နယ္ဟာဇန္နဝါရီလတုန္းကစာခ်ဳပ္ဖ်က္သိမ္းကာဘာစီလိုနာသို႔ထြက္ခြာခြင့္ေပးလိုက္တဲ့အူဘာမီယန္ရဲ႕ေနရာတြင္မာတီနက္ဇ္ႏွင့္အစားထိုးရန္ဆႏၵရွိေနတာျဖစ္ပါတယ္။အာဆင္နယ္ဟာေႏြရာသီမွာလာကာဇက္တီႏွင့္အက္ဒီနကီတာတို႔ကိုလည္းဆုံးရႈံးရဦးမွာျဖစ္ပါတယ္။

မန္စီးတီးဟာကလပ္သမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့အဂြဲ႐ိုးေနရာတြင္အစားထိုးရန္ဗဟိုတိုက္စစ္မႉးတစ္ဦးရွာေဖြေနပါတယ္။

အသက္၂၄ႏွစ္ရွိမာတီနက္ဇ္ဟာယခုရာသီတြင္လည္းအေကာင္းဆုံးပုံစံျဖင့္ကစားေနၿပီးအာဆင္နယ္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၃၆ပြဲကစားထားရာမွာ၁၆ဂိုးသြင္းယူၿပီး၂ႀကိမ္ဖန္တီးထားပါတယ္။

သူဟာမေန႔ညတုန္းကလီဗာပူးကိုအင္တာမီလန္က၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာအံ့ဩစရာေကာင္းတဲ့အႏိုင္ဂိုးသြင္းခဲ့သူလည္းျဖစ္ပါတယ္။လီဗာပူးဟာမေန႔ညကပြဲမွာရႈံးနိမ့္ေပမဲ့ ပထမအေက်ာ့တုန္းက၂-၀ဂိုးျဖင့္အႏိုင္ရရွိထားမႈေၾကာင့္ႏွစ္ေက်ာ့ေပါင္းရလဒ္၂-၁ျဖင့္ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္သို႔တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။