အင်တာတွင် ဘုံပျောက်နေတဲ့ မန်ယူနှင့်အာဆင်နယ်စတားဟောင်းကို အဲဗာတန်နည်းပြဘင်နီတက်ဇ်ခေါ်ယူလိုနေ

အဲဗာတန်ဟာအင်တာမီလန်တွင်နေရာရရှိရန်ရုန်းကန်နေရတဲ့အလက်ဆစ်ဆန်းချက်ဇ်အားခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။

အသက်၃၂နှစ်ရှိချီလီလက်ရွေးစင်စတားဟာမန်ယူတွင်အောင်မြင်မှုမရရှိခဲ့ပြီးနောက်၂၀၁၉ခုနှစ်တွင်အင်တာမီလန်သို့အငှားဖြင့်ပြောင်းကာနောက်တစ်နွေတွင်အပြီးသတ်ပြောင်းခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်တွင်ကစားစဉ်တုန်းကပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်ရပ်တည်ခဲ့တဲ့အလက်ဆစ်ဆန်းချက်ဇ်ဟာယခုရာသီတွင်နည်းပြသစ်အင်ဇာဂီလက်ထက်တွင်အင်တာမီလန်မှာနေရာရရှိရန်ရုန်းကန်နေရပါတယ်။

သူဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာအင်တာမီလန်မှထွက်ခွာလိုနေပါတယ်။အင်တာမီလန်ကလည်းအလက်ဆစ်ဆန်းချက်ဇ်ကိုရောင်းချကာလုပ်ခအသုံးစရိတ်လျှော့ချနေပါတယ်။

အဲဗာတန်နည်းပြရာဖေးလ်ဘင်နီတက်ဇ်ဟာအလက်ဆစ်ဆန်းချက်ဇ်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီးဇန်နဝါရီတွင်ခေါ်ယူလိုနေပါတယ်။

အဲဗာတန်ဟာဆန်းချက်ဇ်ကိုနေရာပျောက်နေတဲ့တိုက်စစ်မှူးကန့်တိုဆန်နှင့်အလဲအထပ်ပြုလုပ်ရန်ကမ်းလှမ်းသွားမယ်လို့သိရပါတယ်။ဒါပေမယ့်အင်တာမီလန်ကကစားသမားအလဲအထပ်လုပ်ခြင်းထက်ငွေသားဖြင့်ရောင်းချမှုသာပြုလုပ်လိုနေပါတယ်။

ZawGyi

အင္တာတြင္ ဘုံေပ်ာက္ေနတဲ့ မန္ယူႏွင့္အာဆင္နယ္စတားေဟာင္းကို အဲဗာတန္နည္းျပဘင္နီတက္ဇ္ေခၚယူလိုေန

အဲဗာတန္ဟာအင္တာမီလန္တြင္ေနရာရရွိရန္႐ုန္းကန္ေနရတဲ့အလက္ဆစ္ဆန္းခ်က္ဇ္အားေခၚယူရန္စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။

အသက္၃၂ႏွစ္ရွိခ်ီလီလက္ေ႐ြးစင္စတားဟာမန္ယူတြင္ေအာင္ျမင္မႈမရရွိခဲ့ၿပီးေနာက္၂၀၁၉ခုႏွစ္တြင္အင္တာမီလန္သို႔အငွားျဖင့္ေျပာင္းကာေနာက္တစ္ေႏြတြင္အၿပီးသတ္ေျပာင္းခဲ့သူျဖစ္ပါတယ္။

အာဆင္နယ္တြင္ကစားစဥ္တုန္းကပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ခဲ့တဲ့အလက္ဆစ္ဆန္းခ်က္ဇ္ဟာယခုရာသီတြင္နည္းျပသစ္အင္ဇာဂီလက္ထက္တြင္အင္တာမီလန္မွာေနရာရရွိရန္႐ုန္းကန္ေနရပါတယ္။

သူဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာအင္တာမီလန္မွထြက္ခြာလိုေနပါတယ္။အင္တာမီလန္ကလည္းအလက္ဆစ္ဆန္းခ်က္ဇ္ကိုေရာင္းခ်ကာလုပ္ခအသုံးစရိတ္ေလွ်ာ့ခ်ေနပါတယ္။

အဲဗာတန္နည္းျပရာေဖးလ္ဘင္နီတက္ဇ္ဟာအလက္ဆစ္ဆန္းခ်က္ဇ္ရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ၿပီးဇန္နဝါရီတြင္ေခၚယူလိုေနပါတယ္။

အဲဗာတန္ဟာဆန္းခ်က္ဇ္ကိုေနရာေပ်ာက္ေနတဲ့တိုက္စစ္မႉးကန႔္တိုဆန္ႏွင့္အလဲအထပ္ျပဳလုပ္ရန္ကမ္းလွမ္းသြားမယ္လို႔သိရပါတယ္။ဒါေပမယ့္အင္တာမီလန္ကကစားသမားအလဲအထပ္လုပ္ျခင္းထက္ေငြသားျဖင့္ေရာင္းခ်မႈသာျပဳလုပ္လိုေနပါတယ္။