အင်တာပွဲအပြင် နာပိုလီနှင့် အီတလီစူပါဖလားပွဲကို လွဲချော်မယ့် ဒိုင်ဘာလာ

ပေါလ်လိုဒိုင်ဘာလာဟာဇန်နဝါရီလအတွင်းမှာကစားရမယ့်အင်တာမီလန်၊ နာပိုလီတို့နဲ့အရေးပါတဲ့ပွဲစဉ်များကိုလွဲ ချော်မှာဖြစ်ကြောင်းသိရပါတယ်။

ဒိုင်ဘာလာဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကဆက်စ်ဆူလိုအားအနိုင်ရရှိတဲ့ပွဲတွင်ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။စစ်ဆေးမှုအရအာဂျင်တီးနားတိုက်စစ်မှူးရဲ့ဘယ်ဖက်ဒူးမှာအသေးစားဒဏ်ရာရရှိခဲ့တာဖြစ်ပြီးနှစ်ပတ်မှသုံးပတ်အထိ အနားယူရပါမယ်။

အာဂျင်တီးနားစတားဟာလာမယ့်တနင်္ဂနွေနေ့မှာဂူဆက်ပီမီယေးဇာသို့သွားရောက်ကာအင်တာနှင့်ပွဲအပြင်ဇန်နဝါရီလ၂၀ရက်နေ့မှာနာပိုလီနှင့်ကစားရမယ့်အီတလီစူပါဖလားပွဲစဉ်ကိုလည်းလွဲချော်ပါမယ်။

ဂျူဗင်တပ်နည်းပြပီယာလိုအတွက်ဖြေသာတာကတော့တိုက်စစ်မှူးမိုရာတာမှာဒဏ်ရာမှပြန်လည်ကောင်းမွန်ကာ ဆက်စ်ဆူလိုနှင့်ပွဲမှာမိနစ်အနည်းငယ်ဝင်ရောက်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စ်ဆူလိုနှင့်ပွဲတွင်ချီယေးဆာနှင့်မက်ကန်နီတို့မှာလည်းဒဏ်ရာအသီးသီးရရှိခဲ့ကြပေမယ့်အင်တာမီလန်နှင့်ပွဲမှာ ပါဝင်လာကြပါမယ်။

ZawGyi

အင္တာပြဲအျပင္ နာပိုလီႏွင့္ အီတလီစူပါဖလားပြဲကို လြဲေခ်ာ္မယ့္ ဒိုင္ဘာလာ

ေပါလ္လိုဒိုင္ဘာလာဟာဇန္နဝါရီလအတြင္းမွာကစားရမယ့္အင္တာမီလန္၊ နာပိုလီတို႔နဲ႔အေရးပါတဲ့ပြဲစဥ္မ်ားကိုလြဲ ေခ်ာ္မွာျဖစ္ေၾကာင္းသိရပါတယ္။

ဒိုင္ဘာလာဟာၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကဆက္စ္ဆူလိုအားအႏိုင္ရရွိတဲ့ပြဲတြင္ဒူးဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။စစ္ေဆးမႈအရအာဂ်င္တီးနားတိုက္စစ္မႉးရဲ႕ဘယ္ဖက္ဒူးမွာအေသးစားဒဏ္ရာရရွိခဲ့တာျဖစ္ၿပီးႏွစ္ပတ္မွသုံးပတ္အထိ အနားယူရပါမယ္။

အာဂ်င္တီးနားစတားဟာလာမယ့္တနဂၤေႏြေန႔မွာဂူဆက္ပီမီေယးဇာသို႔သြားေရာက္ကာအင္တာႏွင့္ပြဲအျပင္ဇန္နဝါရီလ၂၀ရက္ေန႔မွာနာပိုလီႏွင့္ကစားရမယ့္အီတလီစူပါဖလားပြဲစဥ္ကိုလည္းလြဲေခ်ာ္ပါမယ္။

ဂ်ဴဗင္တပ္နည္းျပပီယာလိုအတြက္ေျဖသာတာကေတာ့တိုက္စစ္မႉးမိုရာတာမွာဒဏ္ရာမွျပန္လည္ေကာင္းမြန္ကာ ဆက္စ္ဆူလိုႏွင့္ပြဲမွာမိနစ္အနည္းငယ္ဝင္ေရာက္ကစားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆက္စ္ဆူလိုႏွင့္ပြဲတြင္ခ်ီေယးဆာႏွင့္မက္ကန္နီတို႔မွာလည္းဒဏ္ရာအသီးသီးရရွိခဲ့ၾကေပမယ့္အင္တာမီလန္ႏွင့္ပြဲမွာ ပါဝင္လာၾကပါမယ္။