
လတ်တလောထွက်ပေါ်နေတဲ့သတင်းများအရအင်တာမီယာမီဟာလီယွန်နယ်မက်ဆီကိုခေါ်ယူရန်အကောင်းဆုံးအခြေအနေတွင်ရှိနေကြောင်းသိရပါတယ်။
အာဂျင်တီးနားစူပါစတားဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးအလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းနိုင်ပါမယ်။
အစောပိုင်းတုန်းကအသက်၃၅နှစ်ရှိမက်ဆီဟာဘာစီလိုနာသို့ပြောင်းကာကစားဖော်ဟောင်းဇာဗီးရဲ့လက်အောက်တွင်ကစားမယ်လို့သတင်းထွက်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ The Times ရဲ့ဖော်ပြလာမှုအရမက်ဆီဟာအင်တာမီယာမီသို့ပြောင်းရန်အလွန်နီးစပ်နေပြီးအမေရိကန်မေဂျာလိဂ်သမိုင်းတွင်လုပ်ခအများဆုံးကစားသမားဖြစ်လာတော့မှာဖြစ်ကြောင်းသိရပါတယ်။
လီယွန်နယ်မက်ဆီဟာမီယာမီတွင်ပေါင်၅သန်းတန်နေအိမ်တစ်လုံးပိုင်ဆိုင်ထားပြီးဖြစ်ကာအားလပ်ရက်တိုင်းမကြာခဏသွားရောက်လည်ပတ်လေ့ရှိသူလည်းဖြစ်ပါတယ်။
အမေရိကန်ဟာလာမယ့်၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲကိုပူးတွဲအိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိထားပြီးတကယ်လို့များမက်ဆီကိုသာခေါ်ယူနိုင်မည်ဆိုပါက ပြည်တွင်းဘောလုံးပြိုင်ပွဲမှာပိုမိုလူစိတ်ဝင်စားမှုမြင့်မားလာဖို့ရှိနေပါတယ်။
အင်တာမီယာမီပူးတွဲပိုင်ရှင်အသက်၄၇နှစ်ရှိဒေးဗစ်ဘက်ဟမ်းမှာပီအက်စ်ဂျီရဲ့ကာတာပိုင်ရှင်များနှင့်ဆက်စပ်မှုရှိနေသူဖြစ်ပြီးကာတာကမ္ဘာ့ဖလားပြိုင်ပွဲသံတမန်အဖြစ်တာဝန်ယူနေသူလည်းဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာလည်းမက်ဆီကိုတစ်ပတ်လုပ်ခပေါင်၁.၂သန်းတန်စာချုပ်သက်တမ်းတိုးရန်ကမ်းလှမ်းလာဖို့ရှိနေပေမဲ့လည်းမက်ဆီရဲ့ဆုံးဖြတ်ချက်ကသာအဓိကကျလာပါမယ်။
တဖက်တွင်အင်တာမီယာမီဟာယူနိုက်တက်နှင့်စာချုပ်ဖျက်သိမ်းထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုလည်းခေါ်ယူရေးဆွေးနွေးနေပါတယ်။
ဒါပေမဲ့အင်တာမီယာမီဟာမက်ဆီကိုခေါ်ယူလာနိုင်မည်ဆိုပါကခရစ္စတီယာနိုရော်နယ်ဒိုကိခေါ်ယူရေးကိုလက်လျှော့လာဖို့ရှိနေပါတယ်။
ZawGyi
အင္တာမီယာမီသို႔ လီယြန္နယ္မက္ဆီေျပာင္းရန္ နီးစပ္ေနၿပီး ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ တြဲကစားလာႏိုင္
လတ္တေလာထြက္ေပၚေနတဲ့သတင္းမ်ားအရအင္တာမီယာမီဟာလီယြန္နယ္မက္ဆီကိုေခၚယူရန္အေကာင္းဆုံးအေျခအေနတြင္ရွိေနေၾကာင္းသိရပါတယ္။
အာဂ်င္တီးနားစူပါစတားဟာယခုရာသီအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းႏိုင္ပါမယ္။
အေစာပိုင္းတုန္းကအသက္၃၅ႏွစ္ရွိမက္ဆီဟာဘာစီလိုနာသို႔ေျပာင္းကာကစားေဖာ္ေဟာင္းဇာဗီးရဲ႕လက္ေအာက္တြင္ကစားမယ္လို႔သတင္းထြက္ခဲ့ဖူးပါတယ္။
ဒါေပမဲ့ The Times ရဲ႕ေဖာ္ျပလာမႈအရမက္ဆီဟာအင္တာမီယာမီသို႔ေျပာင္းရန္အလြန္နီးစပ္ေနၿပီးအေမရိကန္ေမဂ်ာလိဂ္သမိုင္းတြင္လုပ္ခအမ်ားဆုံးကစားသမားျဖစ္လာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။
လီယြန္နယ္မက္ဆီဟာမီယာမီတြင္ေပါင္၅သန္းတန္ေနအိမ္တစ္လုံးပိုင္ဆိုင္ထားၿပီးျဖစ္ကာအားလပ္ရက္တိုင္းမၾကာခဏသြားေရာက္လည္ပတ္ေလ့ရွိသူလည္းျဖစ္ပါတယ္။
အေမရိကန္ဟာလာမယ့္၂၀၂၆ကမာၻ႔ဖလားၿပိဳင္ပြဲကိုပူးတြဲအိမ္ရွင္အျဖစ္က်င္းပခြင့္ရရွိထားၿပီးတကယ္လို႔မ်ားမက္ဆီကိုသာေခၚယူႏိုင္မည္ဆိုပါက ျပည္တြင္းေဘာလုံးၿပိဳင္ပြဲမွာပိုမိုလူစိတ္ဝင္စားမႈျမင့္မားလာဖို႔ရွိေနပါတယ္။
အင္တာမီယာမီပူးတြဲပိုင္ရွင္အသက္၄၇ႏွစ္ရွိေဒးဗစ္ဘက္ဟမ္းမွာပီအက္စ္ဂ်ီရဲ႕ကာတာပိုင္ရွင္မ်ားႏွင့္ဆက္စပ္မႈရွိေနသူျဖစ္ၿပီးကာတာကမာၻ႔ဖလားၿပိဳင္ပြဲသံတမန္အျဖစ္တာဝန္ယူေနသူလည္းျဖစ္ပါတယ္။
ပီအက္စ္ဂ်ီဟာလည္းမက္ဆီကိုတစ္ပတ္လုပ္ခေပါင္၁.၂သန္းတန္စာခ်ဳပ္သသက္တမ္းတိုးရန္ကမ္းလွမ္းလာဖို႔ရွိေနေပမဲ့လည္းမက္ဆီရဲ႕ဆုံးျဖတ္ခ်က္ကသာအဓိကက်လာပါမယ္။
တဖက္တြင္အင္တာမီယာမီဟာယူႏိုက္တက္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းထားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုလည္းေခၚယူေရးေဆြးေႏြးေနပါတယ္။
ဒါေပမဲ့အင္တာမီယာမီဟာမက္ဆီကိုေခၚယူလာႏိုင္မည္ဆိုပါကခရစၥတီယာႏိုေရာ္နယ္ဒိုကိေခၚယူေရးကိုလက္ေလွ်ာ့လာဖို႔ရွိေနပါတယ္။