အင်တာမီလန်ကို ရောင်းချရေးအတွက် ကလပ်ပိုင်ရှင် Suning ကြိုးပမ်းနေ

Suning ဟာ အင်တာမီလန်ရဲ့ကြွေးမြီ ယူရိုသန်း၄၀၀ကိုဖြေရှင်းရေးနှင့် ယခုရာသီအကုန်အထိယူရိုသန်း၂၀၀ ထပ်မံချေးယူရေးအတွက် Bain Capital နှင့်ဆွေးနွေးနေကြောင်းသိရပါတယ်။

Sole 24 Ore နှင့် Corriere dello Sport ရဲ့ဖော်ပြချက်အရ Sunging ဟာ အင်တာမီလန်အသင်းရှယ်ယာများကို ရောင်းချရေးအတွက် Bain Capital နှင့်ဆွေးနွေးနေကြတာလည်းဖြစ်ပါတယ်။

Suning က အင်တာမီလန်ကို ယူရို ၁ဘီလီယံသတ်မှတ်ထားပြီး Bain Capital က ယူရိုသန်း၇၅၀သာ ပေးလိုလျက်ရှိ‌နေပါတယ်။

Bain Capital ကတော့ အင်တာမီလန်ရဲ့လက်ရှိကြွေးမြီ ယူရို ၄၀၀ ကိုပေးချေခြင်း၊နောက်ထပ် ယူရိုသန်း ၂၀၀ ထပ်ချေးခြင်းတို့ ပြုလုပ်ပြီးရာသီအကုန်တွင်မှအသင်းရဲ့အခြေအနေအပေါ်မူတည်ပြီး ကလပ်ကိုလွဲပြောင်းယူရေး ဆွေးနွေးရန် စီစဉ်ထားပါတယ်။

လက်ရှိအနေအထားများအရ Suning အနေဖြင့် Bain Capital ရဲ့ကမ်းလှမ်းလာမှုကိုလက်ခံရမယ့်အခြေအနေမျိုး မှာဆိုက်ရောက်နေပါတယ်။

ZawGyi

အင္တာမီလန္ကို ေရာင္းခ်ေရးအတြက္ ကလပ္ပိုင္ရွင္ Suning ႀကိဳးပမ္းေန

Suning ဟာ အင္တာမီလန္ရဲ႕ေႂကြးၿမီ ယူ႐ိုသန္း၄၀၀ကိုေျဖရွင္းေရးႏွင့္ ယခုရာသီအကုန္အထိယူ႐ိုသန္း၂၀၀ ထပ္မံေခ်းယူေရးအတြက္ Bain Capital ႏွင့္ေဆြးေႏြးေနေၾကာင္းသိရပါတယ္။

Sole 24 Ore ႏွင့္ Corriere dello Sport ရဲ႕ေဖာ္ျပခ်က္အရ Sunging ဟာ အင္တာမီလန္အသင္းရွယ္ယာမ်ားကို ေရာင္းခ်ေရးအတြက္ Bain Capital ႏွင့္ေဆြးေႏြးေနၾကတာလည္းျဖစ္ပါတယ္။

Suning က အင္တာမီလန္ကို ယူ႐ို ၁ဘီလီယံသတ္မွတ္ထားၿပီး Bain Capital က ယူ႐ိုသန္း၇၅၀သာ ေပးလိုလ်က္ရွိ‌ေနပါတယ္။

Bain Capital ကေတာ့ အင္တာမီလန္ရဲ႕လက္ရွိေႂကြးၿမီ ယူ႐ို ၄၀၀ ကိုေပးေခ်ျခင္း၊ေနာက္ထပ္ ယူ႐ိုသန္း ၂၀၀ ထပ္ေခ်းျခင္းတို႔ ျပဳလုပ္ၿပီးရာသီအကုန္တြင္မွအသင္းရဲ႕အေျခအေနအေပၚမူတည္ၿပီး ကလပ္ကိုလြဲေျပာင္းယူေရး ေဆြးေႏြးရန္ စီစဥ္ထားပါတယ္။

လက္ရွိအေနအထားမ်ားအရ Suning အေနျဖင့္ Bain Capital ရဲ႕ကမ္းလွမ္းလာမႈကိုလက္ခံရမယ့္အေျခအေနမ်ိဳး မွာဆိုက္ေရာက္ေနပါတယ္။