အင်တာမီလန်တွင်ပင် ဆက်ရှိနေမည်ဖြစ်ကြောင်း လူကာကူအတည်ပြု

ရိုမီလူလူကာကူကအင်တာမီလန်တွင်ပင်ဆက်ရှိနေမည်ဖြစ်ကြောင်းအတည်ပြုလာခဲ့ပါတယ်။လူကာကူရဲ့ပြောဆိုလာမှုကသူ့ကိုခေါ်ယူရန်ပစ်မှတ်ထားနေတဲ့ချဲလ်ဆီးနှင့်မန်စီးတီးတို့အတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်နေပါတယ်။

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာဂိုးသွင်းကောင်းတဲ့တိုက်စစ်မှူးတစ်ဦးခေါ်ယူလိုနေပြီးကစားသမားဟောင်းလူကာကူကိုစတမ်းဖို့ဒ်ဘရစ်ချ်သို့ပြန်လည်ခေါ်ဆောင်လိုနေပါတယ်။

ချဲလ်ဆီးဟာလူကာကူအားခေါ်ယူနိုင်ရေးအတွက်ကစားသမားခြောက်ဦးအထိယခုနွေရာသီတွင်ရောင်းချကာငွေရှာဖွေသွားရန်စီစဉ်နေပါတယ်။

ဒါပေမယ့်အသက်၂၈နှစ်ရှိမန်ယူတိုက်စစ်မှူးဟောင်းကအင်တာမီလန်အားစကူဒက်တိုဖလားနှစ်ကြိမ်ဆက်ဆွတ်ခူးနိုင်အောင်ကူညီသွားမည်ဖြစ်ကြောင်းကြုံးဝါးလာပါတယ်။သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက၃၆ပွဲတွင်၂၄ဂိုးသွင်းယူပြီး၂၀၁၀ခုနှစ်နောက်ပိုင်းပထမဆုံးစကူဒက်တိုဖလားရရှိအောင်ကူညီခဲ့ပါတယ်။

လူကာကူဟာအင်တာမီလန်သို့ နည်းပြသစ်အဖြစ်ရောက်လာမယ့်လာဇီယိုနည်းပြအင်ဇာဂီနှင့်အဆက်အသွယ်များပင်ပြုလုပ်ထားပြီးဖြစ်ပါတယ်။အင်ဇာဂီဟာလာဇီယိုနည်းပြရာထူးမှနုတ်ထွက်လာခဲ့ပြီဖြစ်ပြီးယခုရက်ပိုင်းအတွင်းတွင်အင်တာနည်းပြသစ်အဖြစ်ကြေညာလာပါမယ်။

လူကာကူက “အင်တာမီလန်မှာဘဲဆက်ရှိနေပါမယ်။နည်းပြသစ်အင်ဇာဂီ(ဆိုင်မွန်)နဲ့အဆက်အသွယ်တွေရှိထားပြီးပါပြီ။ဒါနဲ့ပတ်သက်ပြီးဖွင့်မပြောသင့်ပေမယ့်ကောင်းမွန်တဲ့ဆွေးနွေးမှုဖြစ်ခဲ့ပါတယ်။အင်တာနဲ့အတူနောက်တစ်ကြိမ်စကူဒက်တိုဖလားရရှိရေးစိန်ခေါ်မှုရှိနေပါတယ်။အင်တာမှာအားလုံးအဆင်ပြေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

အင္တာမီလန္တြင္ပင္ ဆက္ရွိေနမည္ျဖစ္ေၾကာင္း လူကာကူအတည္ျပဳ

႐ိုမီလူလူကာကူကအင္တာမီလန္တြင္ပင္ဆက္ရွိေနမည္ျဖစ္ေၾကာင္းအတည္ျပဳလာခဲ့ပါတယ္။လူကာကူရဲ႕ေျပာဆိုလာမႈကသူ႔ကိုေခၚယူရန္ပစ္မွတ္ထားေနတဲ့ခ်ဲလ္ဆီးႏွင့္မန္စီးတီးတို႔အတြက္ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ေနပါတယ္။

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာဂိုးသြင္းေကာင္းတဲ့တိုက္စစ္မႉးတစ္ဦးေခၚယူလိုေနၿပီးကစားသမားေဟာင္းလူကာကူကိုစတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ျပန္လည္ေခၚေဆာင္လိုေနပါတယ္။

ခ်ဲလ္ဆီးဟာလူကာကူအားေခၚယူႏိုင္ေရးအတြက္ကစားသမားေျခာက္ဦးအထိယခုေႏြရာသီတြင္ေရာင္းခ်ကာေငြရွာေဖြသြားရန္စီစဥ္ေနပါတယ္။

ဒါေပမယ့္အသက္၂၈ႏွစ္ရွိမန္ယူတိုက္စစ္မႉးေဟာင္းကအင္တာမီလန္အားစကူဒက္တိုဖလားႏွစ္ႀကိမ္ဆက္ဆြတ္ခူးႏိုင္ေအာင္ကူညီသြားမည္ျဖစ္ေၾကာင္းႀကဳံးဝါးလာပါတယ္။သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက၃၆ပြဲတြင္၂၄ဂိုးသြင္းယူၿပီး၂၀၁၀ခုႏွစ္ေနာက္ပိုင္းပထမဆုံးစကူဒက္တိုဖလားရရွိေအာင္ကူညီခဲ့ပါတယ္။

လူကာကူဟာအင္တာမီလန္သို႔ နည္းျပသစ္အျဖစ္ေရာက္လာမယ့္လာဇီယိုနည္းျပအင္ဇာဂီႏွင့္အဆက္အသြယ္မ်ားပင္ျပဳလုပ္ထားၿပီးျဖစ္ပါတယ္။အင္ဇာဂီဟာလာဇီယိုနည္းျပရာထူးမွႏုတ္ထြက္လာခဲ့ၿပီျဖစ္ၿပီးယခုရက္ပိုင္းအတြင္းတြင္အင္တာနည္းျပသစ္အျဖစ္ေၾကညာလာပါမယ္။

လူကာကူက “အင္တာမီလန္မွာဘဲဆက္ရွိေနပါမယ္။နည္းျပသစ္အင္ဇာဂီ(ဆိုင္မြန္)နဲ႔အဆက္အသြယ္ေတြရွိထားၿပီးပါၿပီ။ဒါနဲ႔ပတ္သက္ၿပီးဖြင့္မေျပာသင့္ေပမယ့္ေကာင္းမြန္တဲ့ေဆြးေႏြးမႈျဖစ္ခဲ့ပါတယ္။အင္တာနဲ႔အတူေနာက္တစ္ႀကိမ္စကူဒက္တိုဖလားရရွိေရးစိန္ေခၚမႈရွိေနပါတယ္။အင္တာမွာအားလုံးအဆင္ေျပပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။