အင်တာမီလန်နှင့် စာချုပ်သစ်ချုပ်ဆိုတော့မှာဖြစ်ကြောင်း မာတီနက်ဇ်ဖွင့်ဟ

လူသာရိုမာတီနက်ဇ်ကအင်တာမီလန်နှင့်စာချုပ်သစ်ချုပ်ဆိုတော့မှာဖြစ်ပြီးဘာစီလိုနာသို့ပြောင်းရွှေ့မှာအတိတ် တွင်ကျန်ရစ်ခဲ့ပြီဖြစ်ကြောင်းပြောကြားလာပါတယ်။

အသက်၂၃နှစ်ရှိအာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟာပြီးခဲ့တဲ့နှစ်တုန်းကဘာစီလိုနာသို့ပြောင်းရန်ဆွေးနွေးမှု များစွာပြုလုပ်ခဲ့ဖူးသူဖြစ်ပါတယ်။

ဘာစီလိုနာဟာကိုဗစ်ကြောင့်ကလပ်ရဲ့ဘဏ္ဍာရေးကိုများစွာထိခိုက်မှုနဲ့အတူမာတီနက်ဇ်အားခေါ်ယူရေးလက်လျှော့ခဲ့ရပါတယ်။

မာတီနက်ဇ်က “ဘာစီလိုနာနဲ့ဆွေးနွေးခဲ့တယ်ဆိုတာအမှန်ပါပဲ။အခုတော့အန်တိုနီယို(ကွန်တီ)ကိုရှင်းရှင်းလေး ပြောထားပါတယ်။အင်တာအတွက်ဘဲတွေးနေတယ်၊ဘာမှရိုက်ခတ်လာမှာမဟုတ်ဘူးလို့ပြောထားပါတယ်။ဒါတွေကအတိတ်မှာကျန်ခဲ့ပါပြီ။ကျွန်တော် အင်တာနဲ့စာချုပ်သက်တမ်းတိုးသွားပါမယ်။ဘယ်တော့တရားဝင်ကြေညာ လာမလဲမသိပါဘူး။ဒါပေမယ့်ကျွန်တော့်အနာဂတ်ကဒီမှာပါ။မီလန်မှာအကြာကြီးရှိနေပါတော့မယ်။ဒီမြို့နဲ့ပတ်သက်ပြီးအားလုံးကိုကြိုက်တယ်။အစားအသောက်၊ပရိသတ်၊အသင်းအားလုံးကိုကြိုက်တယ်”လို့ပြောကြားသွားပါတယ်။

လူသာရိုမာတီနက်ဇ်ဟာ၂၀၁၈ခုနှစ်တွင်ရေးဆင်းတွင်လူငယ်ပါရမီရှင်တိုက်စစ်မှူးတစ်ဦးအဖြစ်ထင်ပေါ်လာပြီး နောက်အင်တာမီလန်သို့ရောက်လာသူဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကအင်တာအတွက်၄၉ပွဲကစားကာ ၂၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ယခုရာသီတွင်လည်းသူဟာအင်တာအတွက်၃၃ပွဲကစားထားရာတွင်၁၅ဂိုးသွင်းယူထားပါတယ်။

ZawGyi

အင္တာမီလန္ႏွင့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုေတာ့မွာျဖစ္ေၾကာင္း မာတီနက္ဇ္ဖြင့္ဟ

လူသာ႐ိုမာတီနက္ဇ္ကအင္တာမီလန္ႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေတာ့မွာျဖစ္ၿပီးဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕မွာအတိတ္ တြင္က်န္ရစ္ခဲ့ၿပီျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အသက္၂၃ႏွစ္ရွိအာဂ်င္တီးနားလက္ေ႐ြးစင္တိုက္စစ္မႉးဟာၿပီးခဲ့တဲ့ႏွစ္တုန္းကဘာစီလိုနာသို႔ေျပာင္းရန္ေဆြးေႏြးမႈ မ်ားစြာျပဳလုပ္ခဲ့ဖူးသူျဖစ္ပါတယ္။

ဘာစီလိုနာဟာကိုဗစ္ေၾကာင့္ကလပ္ရဲ႕ဘ႑ာေရးကိုမ်ားစြာထိခိုက္မႈနဲ႔အတူမာတီနက္ဇ္အားေခၚယူေရးလက္ေလွ်ာ့ခဲ့ရပါတယ္။

မာတီနက္ဇ္က “ဘာစီလိုနာနဲ႔ေဆြးေႏြးခဲ့တယ္ဆိုတာအမွန္ပါပဲ။အခုေတာ့အန္တိုနီယို(ကြန္တီ)ကိုရွင္းရွင္းေလး ေျပာထားပါတယ္။အင္တာအတြက္ဘဲေတြးေနတယ္၊ဘာမွ႐ိုက္ခတ္လာမွာမဟုတ္ဘူးလို႔ေျပာထားပါတယ္။ဒါေတြကအတိတ္မွာက်န္ခဲ့ပါၿပီ။ကြၽန္ေတာ္ အင္တာနဲ႔စာခ်ဳပ္သက္တမ္းတိုးသြားပါမယ္။ဘယ္ေတာ့တရားဝင္ေၾကညာ လာမလဲမသိပါဘူး။ဒါေပမယ့္ကြၽန္ေတာ့္အနာဂတ္ကဒီမွာပါ။မီလန္မွာအၾကာႀကီးရွိေနပါေတာ့မယ္။ဒီၿမိဳ႕နဲ႔ပတ္သက္ၿပီးအားလုံးကိုႀကိဳက္တယ္။အစားအေသာက္၊ပရိသတ္၊အသင္းအားလုံးကိုႀကိဳက္တယ္”လို႔ေျပာၾကားသြားပါတယ္။

လူသာ႐ိုမာတီနက္ဇ္ဟာ၂၀၁၈ခုႏွစ္တြင္ေရးဆင္းတြင္လူငယ္ပါရမီရွင္တိုက္စစ္မႉးတစ္ဦးအျဖစ္ထင္ေပၚလာၿပီး ေနာက္အင္တာမီလန္သို႔ေရာက္လာသူျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကအင္တာအတြက္၄၉ပြဲကစားကာ ၂၁ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ယခုရာသီတြင္လည္းသူဟာအင္တာအတြက္၃၃ပြဲကစားထားရာတြင္၁၅ဂိုးသြင္းယူထားပါတယ္။