အင်တာမီလန်မှာ ကွင်းလယ်လူဗီဒယ်ထွက်ခွာမည်မဟုတ်

အာတူရိုဗီဒယ်မှာစာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိအင်တာမီလန်တွင်ဆက်ရှိနေမှာဖြစ်ကြောင်းသိရပါတယ်။ချီလီလက်ရွေးစင်ဟာရာသီအစောပိုင်းတုန်းကအင်တာမီလန်တွင်ပုံမှန်ပွဲထွက်ကစားခွင့်ရရှိပေမယ့်လည်းနောက်ပိုင်းတွင်ပွဲထွက်ခွင့်ရရှိရန်ရုန်းကန်လာခဲ့ရပါတယ်။

အထူးသဖြင့်အင်တာမီလန်နည်းပြကွန်တီဟာဒိန်းမတ်လက်ရွေးစင်အဲရစ်ဆင်ကိုကွင်းလယ်ခံစစ်တွင် အောင်မြင်စွာစမ်းသပ်ကစားနိုင်မှုနှင့်အတူဗီဒယ်ကိုအရန်အဖြစ်သာအသုံးပြုလာခဲ့တာလည်းဖြစ်ပါတယ်။

သူဟာနည်းပြကွန်တီနှင့်လည်းအဆင်မပြေမှုကြောင့်အသင်းပြောင်းမယ်လို့သတင်းထွက်နေပြီးသူ့ကိုဖလာမင်ဂို၊မာဆေးလ်နှင့်ဂါလာတာစာရေးတို့ကစိတ်ဝင်စားနေပါတယ်။

ဒါပေမယ့်ဗီဒယ်မှာအင်တာမီလန်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်၂၀၂၂ခုနှစ်၊ဇွန်လမတိုင်မီထွက်ခွာမှာမဟုတ်ကြောင်းသိရပါတယ်။ဗီဒယ်ရဲ့အင်တာနှင့်စာချုပ်အတွင်းမှာတစ်နှစ်သက်တမ်းတိုးနိုင် မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

ZawGyi




