အင်တာမီလန်မှ တိုက်စစ်မှူးမာတီနက်ဇ် ထွက်ခွာမည်မဟုတ်

စပါးစ်နှင့်အာဆင်နယ်တို့ရဲ့ပစ်မှတ်ထားခြင်းခံနေရတဲ့အာဂျင်တီးနားတိုက်စစ်မှူးလူသာရိုမာတီနက်ဇ်မှာအင်တာမီလန်တွင်ပင်ဆက်လက်ကစားလိုနေကြောင်းအေးဂျင့်ကအတည်ပြုလာပါတယ်။

အသက်၂၃နှစ်ရှိအင်တာမီလန်တိုက်စစ်မှူးဟာယခုနွေရာသီတွင်မြောက်လန်ဒန်ကလပ်များရဲ့ပစ်မှတ်ထားခြင်းခံနေရသူလည်းဖြစ်ပါတယ်။

စပါးစ်ဟာမာတီနက်ဇ်အားပေါင်သန်း၆၀ဖြင့်ခေါ်ယူရန်သဘောတူညီမှုရလုနီးပါးဖြစ်နေပြီဟုပင်သတင်းထွက်နေပါတယ်။အာဆင်နယ်မှာလည်းတိုက်စစ်အတွက်အူဘာမီယန်တစ်ဦးတည်းကိုသာအားကိုးနေရ၍တိုက်စစ်မှူးတစ်ဦးခေါ်ယူလိုနေပါတယ်။

အာဆင်နယ်ဟာမာတီနက်ဇ်ကိုတစ်ပတ်လုပ်ခပေါင်၂၇၅၀၀၀အထိပေးရန်အသင့်ရှိနေကြောင်းသတင်းထွက်ထားပါတယ်။

ဒါပေမယ့်အေးဂျင့်အလီဂျန်ဒရိုကာမာနိုက “သူကတော့အင်တာမီလန်ကနေမထွက်ခွာချင်ပါဘူး။ကျွန်တော်တို့ဟာလာမယ့်အပတ်မှာစာချုပ်သက်တမ်းတိုးဖို့ဆွေးနွေးဖို့စီစဉ်ထားပါတယ်”လို့ပြောကြားသွားပါတယ်။

အင်တာမီလန်ဟာလူကာကူအားချဲလ်ဆီးသို့ပေါင်၉၈သန်းဝန်းကျင်ဖြင့်ရောင်းချထားမှုအတွက်ပရိသတ်များဝေဖန်ခံနေရချိန်မှာမာတီနက်ဇ်အားထပ်မံရောင်းချလျှင်ပိုမိုကြီးမားတဲ့ဖိအားနှင့်ရင်ဆိုင်လာရဖို့ရှိပါတယ်။

ZawGyi

အင္တာမီလန္မွ တိုက္စစ္မႉးမာတီနက္ဇ္ ထြက္ခြာမည္မဟုတ္

စပါးစ္ႏွင့္အာဆင္နယ္တို႔ရဲ႕ပစ္မွတ္ထားျခင္းခံေနရတဲ့အာဂ်င္တီးနားတိုက္စစ္မႉးလူသာ႐ိုမာတီနက္ဇ္မွာအင္တာမီလန္တြင္ပင္ဆက္လက္ကစားလိုေနေၾကာင္းေအးဂ်င့္ကအတည္ျပဳလာပါတယ္။

အသက္၂၃ႏွစ္ရွိအင္တာမီလန္တိုက္စစ္မႉးဟာယခုေႏြရာသီတြင္ေျမာက္လန္ဒန္ကလပ္မ်ားရဲ႕ပစ္မွတ္ထားျခင္းခံေနရသူလည္းျဖစ္ပါတယ္။

စပါးစ္ဟာမာတီနက္ဇ္အားေပါင္သန္း၆၀ျဖင့္ေခၚယူရန္သေဘာတူညီမႈရလုနီးပါးျဖစ္ေနၿပီဟုပင္သတင္းထြက္ေနပါတယ္။အာဆင္နယ္မွာလည္းတိုက္စစ္အတြက္အူဘာမီယန္တစ္ဦးတည္းကိုသာအားကိုးေနရ၍တိုက္စစ္မႉးတစ္ဦးေခၚယူလိုေနပါတယ္။

အာဆင္နယ္ဟာမာတီနက္ဇ္ကိုတစ္ပတ္လုပ္ခေပါင္၂၇၅၀၀၀အထိေပးရန္အသင့္ရွိေနေၾကာင္းသတင္းထြက္ထားပါတယ္။

ဒါေပမယ့္ေအးဂ်င့္အလီဂ်န္ဒ႐ိုကာမာႏိုက “သူကေတာ့အင္တာမီလန္ကေနမထြက္ခြာခ်င္ပါဘူး။ကြၽန္ေတာ္တို႔ဟာလာမယ့္အပတ္မွာစာခ်ဳပ္သက္တမ္းတိုးဖို႔ေဆြးေႏြးဖို႔စီစဥ္ထားပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အင္တာမီလန္ဟာလူကာကူအားခ်ဲလ္ဆီးသို႔ေပါင္၉၈သန္းဝန္းက်င္ျဖင့္ေရာင္းခ်ထားမႈအတြက္ပရိသတ္မ်ားေဝဖန္ခံေနရခ်ိန္မွာမာတီနက္ဇ္အားထပ္မံေရာင္းခ်လွ်င္ပိုမိုႀကီးမားတဲ့ဖိအားႏွင့္ရင္ဆိုင္လာရဖို႔ရွိပါတယ္။