အင်တာသို့ တရားဝင်မပြောင်းမီမှာပင် အင်တာအတွက် တစ်ဂိုးသွင်းယူခဲ့တဲ့ အေဒင်ဂျက်ကို

အေဒင်ဂျက်ကိုဟာစနေနေ့တုန်းကရိုးမားအသင်းကအင်တာမီလန်သို့ပြောင်းရွှေ့ကြောင်း တရားဝင်ကြေညာမှုမပြုလုပ်မီမှာဘဲအင်တာမီလန်အတွက်တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဘော့စနီးယားတိုက်စစ်မှူးဟာရိုးမားမှအင်တာမီလန်သို့တရားဝင်ပြောင်းရွှေ့မှုမပြုလုပ်မီ စနေနေ့တုန်းကဒိုင်နမိုကိဗ်နှင့်အင်တာမီလန်တို့ကစားတဲ့ရာသီကြိုခြေစမ်းပွဲတွင်အင်တာလူစာရင်းတွင်ပါဝင်ခဲ့ပါတယ်။

အင်တာမီလန်ဟာမွန်ဇာတွင်တံခါးပိတ်ကစားတဲ့ယင်းပွဲစဉ်တွင်အေဒင်ဂျက်ကိုပါဝင်ကြောင်းလည်းတရားဝင်ကြေညာခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့်လည်းမန်စီးတီးတိုက်စစ်မှူးဟာဒိုင်နမိုကိဗ်နှင့်ခြေစမ်းပွဲတွင်အင်တာမီလန်အတွက်ပါဝင်ကစားခဲ့ပြီးအင်တာရဲ့ဒုတိယဂိုးအားသွင်းယူခဲ့ပါတယ်။အင်တာအတွက်ဦးဆောင်ဂိုးကိုဘာရယ်လာကသွင်းယူခဲ့ပြီးတတိယဂိုးကိုဆန်စီကသွင်းယူခဲ့ကာအင်တာမီလန်က၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အင်တာမီလန်ဟာယခုအပတ်အစောပိုင်းတုန်းကလူကာကူအားချဲလ်ဆီးသို့ပေါင်၉၇.၅သန်းဖြင့်ရောင်းချကာဂျက်ကိုအားအစားထိုးခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။

အင်တာမီလန်ဟာရိုးမားတိုက်စစ်မှူးအေဒင်ဂျက်ကိုအပြင်ပီအက်စ်ဗွီကွင်းလယ်ကစားသမားဒန်ဇဲလ်ဒမ်ဖရီကိုလည်းလေးနှစ်စာချုပ်ဖြင့်ခေါ်ယူခဲ့ပါတယ်။အင်တာမီလန်ဟာဒတ်ချ်လက်ရွေးစင်အတွက်ယူရို၁၂.၅သန်းပေးရမှာဖြစ်ပြီးအောင်မြင်မှုအပေါ်မူတည်ကာယူရို၂.၅သန်းထပ်မံပေးရပါမယ်။

ZawGyi

အင္တာသို႔ တရားဝင္မေျပာင္းမီမွာပင္ အင္တာအတြက္ တစ္ဂိုးသြင္းယူခဲ့တဲ့ ေအဒင္ဂ်က္ကို

ေအဒင္ဂ်က္ကိုဟာစေနေန႔တုန္းက႐ိုးမားအသင္းကအင္တာမီလန္သို႔ေျပာင္းေ႐ႊ႕ေၾကာင္း တရားဝင္ေၾကညာမႈမျပဳလုပ္မီမွာဘဲအင္တာမီလန္အတြက္တစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ေဘာ့စနီးယားတိုက္စစ္မႉးဟာ႐ိုးမားမွအင္တာမီလန္သို႔တရားဝင္ေျပာင္းေ႐ႊ႕မႈမျပဳလုပ္မီ စေနေန႔တုန္းကဒိုင္နမိုကိဗ္ႏွင့္အင္တာမီလန္တို႔ကစားတဲ့ရာသီႀကိဳေျခစမ္းပြဲတြင္အင္တာလူစာရင္းတြင္ပါဝင္ခဲ့ပါတယ္။

အင္တာမီလန္ဟာမြန္ဇာတြင္တံခါးပိတ္ကစားတဲ့ယင္းပြဲစဥ္တြင္ေအဒင္ဂ်က္ကိုပါဝင္ေၾကာင္းလည္းတရားဝင္ေၾကညာခဲ့ျခင္းမရွိပါဘူး။

ဒါေပမယ့္လည္းမန္စီးတီးတိုက္စစ္မႉးဟာဒိုင္နမိုကိဗ္ႏွင့္ေျခစမ္းပြဲတြင္အင္တာမီလန္အတြက္ပါဝင္ကစားခဲ့ၿပီးအင္တာရဲ႕ဒုတိယဂိုးအားသြင္းယူခဲ့ပါတယ္။အင္တာအတြက္ဦးေဆာင္ဂိုးကိုဘာရယ္လာကသြင္းယူခဲ့ၿပီးတတိယဂိုးကိုဆန္စီကသြင္းယူခဲ့ကာအင္တာမီလန္က၃-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

အင္တာမီလန္ဟာယခုအပတ္အေစာပိုင္းတုန္းကလူကာကူအားခ်ဲလ္ဆီးသို႔ေပါင္၉၇.၅သန္းျဖင့္ေရာင္းခ်ကာဂ်က္ကိုအားအစားထိုးေခၚယူလိုက္တာလည္းျဖစ္ပါတယ္။

အင္တာမီလန္ဟာ႐ိုးမားတိုက္စစ္မႉးေအဒင္ဂ်က္ကိုအျပင္ပီအက္စ္ဗြီကြင္းလယ္ကစားသမားဒန္ဇဲလ္ဒမ္ဖရီကိုလည္းေလးႏွစ္စာခ်ဳပ္ျဖင့္ေခၚယူခဲ့ပါတယ္။အင္တာမီလန္ဟာဒတ္ခ်္လက္ေ႐ြးစင္အတြက္ယူ႐ို၁၂.၅သန္းေပးရမွာျဖစ္ၿပီးေအာင္ျမင္မႈအေပၚမူတည္ကာယူ႐ို၂.၅သန္းထပ္မံေပးရပါမယ္။