Derby d’italia ပွဲတွင် ဂိုးမသွင်းမီ ဂျူဗင်တပ်လိုဂိုကို နမ်းခဲ့တဲ့ အင်တာရဲ့ဗီဒယ်

အင်တာမီလန်ပရိသတ်များဟာမနေ့ညတုန်းကဂျူဗင်တပ်နှင့်ပွဲမတိုင်မီကွင်းလယ်ကစားသမားအာတူရိုဗီဒယ်ကို ဂျူဗင်တပ်လိုဂိုအားနမ်းခဲ့တယ်လို့စွပ်စွဲဝေဖန်နေကြပါတယ်။

ဗီဒယ်ဟာတနင်္ဂနွေနေ့တုန်းကအသင်းဟောင်းဂျူဗင်တပ်နှင့်ရင်ဆိုင်ကစားရမယ့် Derby d’italia ပွဲမတိုင်မီအသင်း ဟောင်းဂျူဗင်တပ်လိုဂိုကိုနမ်းခဲ့တာလည်းဖြစ်ပါတယ်။

ဗီဒယ်ဟာဂျူဗင်တပ်ကစားဖော်ဂျော့ဂျီယိုချီရယ်လီနီကိုနူတ်ဆက်ခဲ့ပြီးပွေ့ဖက်ပြီးနောက်ဂျူဗင်တပ်လိုဂိုကိုနမ်းခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်ဗီဒယ်ရဲ့လုပ်ရပ်ကလျို့ဝှက်လုပ်ရပ်ဖြစ်မနေခဲ့ပါဘူး။

ဗီဒယ်ရဲ့ဂျူဗင်တပ်လိုဂိုကိုနမ်းတဲ့ဓာတ်ပုံကဆိုရှယ်မီဒီယာမှာပြန့်နှံ့လျက်ရှိနေပါတယ်။

ဗီဒယ်ဟာအင်တာ-ဂျူဗင်တပ်ပွဲမတိုင်မီ ဂျူဗင်တပ်လိုဂိုကိုနမ်းခဲ့ပေမယ့်အင်တာမီလန်အတွက်ဦးဆောင်ဂိုးကိုပွဲချိန် ၁၂ မိနစ်ဘဲသွင်းယူခဲ့ပါတယ်။အင်တာအတွက်ဒုတိယအနိုင်ဂိုးကိုဘာရယ်လာကသွင်းယူခဲ့ပြီးအင်တာမီလန်က၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi






