အင်တာ-ဆက်စ်ဆူလိုပွဲစဉ်ကို ဧပြီလ၇ရက်နေ့တွင်ကစားရမည်

အင်တာ-ဆက်စ်ဆူလိုပွဲစဉ်ကိုဧပြီလ၇ရက်နေ့တွင်ကစားမည်ဖြစ်ကြောင်းစီးရီးအေအဖွဲ့ချုပ်ကကြေညာလာပါတယ်။အင်တာ-ဆက်စ်ဆူလိုပွဲစဉ်ကိုဂျူဗင်တပ်-နာပိုလီပွဲစဉ်နှင့်တစ်ချိန်တည်းကစားသွားမှာလည်းဖြစ်ပါတယ်။

အင်တာ-ဆက်စ်ဆူလိုပွဲစဉ်ကိုပြီးခဲ့တဲ့စနေနေ့တုန်းကကစားရန်စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်အင်တာအသင်းတွင်ကိုဗစ်ကူးစက်ရောဂါကူးစက်ခံရသူတွေ့ရှိမှုနှင့်အတူရွှေ့ဆိုင်းခဲ့ရပါတယ်။

ယခုအခါစီးရီးအေကယင်းပွဲကိုဧပြီလ၇ရက်နေ့တွင်ကစားမည်ဖြစ်ကြောင်းကြေညာလာပါတယ်။ယင်းဧပြီလ၇ရက်နေ့တွင်ဂျူဗင်တပ်-နာပိုလီပွဲစဉ်ကိုလည်းကစားသွားပါမယ်။

ဂျူဗင်တပ်-နာပိုလီပွဲစဉ်မှာစီးရီးအေပွဲစဉ်၃တွင်ကစားရန်စီစဉ်ခဲ့သော်လည်းနာပိုလီအသင်းတွင်ကိုဗစ်ကူးစက်ခံရသူများရှိနေ၍တူရင်သို့ခရီးထွက်ခွင့်မရ၍မကစားခဲ့ရပါဘူး။အစောပိုင်းတုန်းကစီးရီးအေကယင်းပွဲကိုဂျူဗင်တပ်အား၃-၀ဖြင့်အနိုင်ပေးပြီးနာပိုလီအား၁မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ဒါပေမယ့်နာပိုလီဟာအရေးယူမှုအားအယူခံဝင်ခဲ့ရာအောင်မြင်မှုကြောင့်ပြန်လည်ကစားရန် စီစဉ်လာခြင်းဖြစ်ပါတယ်။

ZawGyi

အင္တာ-ဆက္စ္ဆူလိုပြဲစဥ္ကို ဧၿပီလ၇ရက္ေန႔တြင္ကစားရမည္

အင္တာ-ဆက္စ္ဆူလိုပြဲစဥ္ကိုဧၿပီလ၇ရက္ေန႔တြင္ကစားမည္ျဖစ္ေၾကာင္းစီးရီးေအအဖြဲ႕ခ်ဳပ္ကေၾကညာလာပါတယ္။အင္တာ-ဆက္စ္ဆူလိုပြဲစဥ္ကိုဂ်ဴဗင္တပ္-နာပိုလီပြဲစဥ္ႏွင့္တစ္ခ်ိန္တည္းကစားသြားမွာလည္းျဖစ္ပါတယ္။

အင္တာ-ဆက္စ္ဆူလိုပြဲစဥ္ကိုၿပီးခဲ့တဲ့စေနေန႔တုန္းကကစားရန္စီစဥ္ထားခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္အင္တာအသင္းတြင္ကိုဗစ္ကူးစက္ေရာဂါကူးစက္ခံရသူေတြ႕ရွိမႈႏွင့္အတူေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။

ယခုအခါစီးရီးေအကယင္းပြဲကိုဧၿပီလ၇ရက္ေန႔တြင္ကစားမည္ျဖစ္ေၾကာင္းေၾကညာလာပါတယ္။ယင္းဧၿပီလ၇ရက္ေန႔တြင္ဂ်ဴဗင္တပ္-နာပိုလီပြဲစဥ္ကိုလည္းကစားသြားပါမယ္။

ဂ်ဴဗင္တပ္-နာပိုလီပြဲစဥ္မွာစီးရီးေအပြဲစဥ္၃တြင္ကစားရန္စီစဥ္ခဲ့ေသာ္လည္းနာပိုလီအသင္းတြင္ကိုဗစ္ကူးစက္ခံရသူမ်ားရွိေန၍တူရင္သို႔ခရီးထြက္ခြင့္မရ၍မကစားခဲ့ရပါဘူး။အေစာပိုင္းတုန္းကစီးရီးေအကယင္းပြဲကိုဂ်ဴဗင္တပ္အား၃-၀ျဖင့္အႏိုင္ေပးၿပီးနာပိုလီအား၁မွတ္ေလွ်ာ့ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။ဒါေပမယ့္နာပိုလီဟာအေရးယူမႈအားအယူခံဝင္ခဲ့ရာေအာင္ျမင္မႈေၾကာင့္ျပန္လည္ကစားရန္ စီစဥ္လာျခင္းျဖစ္ပါတယ္။