အင်ဒရေပီယာလိုအား နည်းပြရာထူးမှ ဂျူဗင်တပ် ထုတ်ပယ်

ဂျူဗင်တပ်ဟာအင်ဒရေပီယာအားနည်းပြရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။အင်ဒရေပီယာလိုဟာဂျူဗင်တပ်ကိုတစ်နှစ်သာကိုင်တွယ်ရပြီးနောက်ထုတ်ပယ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

အသက်၄၂ရှိပီယာလိုဟာပြီးခဲ့တဲ့နွေတုန်းကထုတ်ပယ်ခြင်းခံခဲ့ရတဲ့မော်ရီစီယိုဆာရီရဲ့နေရာတွင်အံ့ဩသင့်ဖွယ်ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ဒါပေမယ့်သူဟာဂျူဗင်တပ်ကို၂၀၁၂ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်စကူဒက်တိုဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်ခြင်းမရှိမှုနဲ့အတူထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ပီယာလိုလက်ထက်တွင်ဂျူဗင်တပ်ဟာကိုပါအီတာလီယာဖလားဆွတ်ခူးနိုင်ခဲ့ပေမယ့်ရာသီသိမ်းပွဲတွင်မှချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။

လက်ရှိအချိန်တွင်ဂျူဗင်တပ်နည်းပြဖြစ်လာရန်မက်ဆီမိုအယ်လီဂရီကထိပ်ဆုံးမှရေပန်းစားနေပါတယ်။အယ်လီဂရီဟာ၂၀၁၄မှ၂၀၁၉ခုနှစ်အထိဂျူဗင်တပ်ကိုကိုင်တွယ်ခဲ့ဖူးပြီးစကူဒက်တိုဖလားငါးကြိမ်ဆက်ဆွတ်ခူးခဲ့ဖူးပါတယ်။ဒါ့အပြင်သူဟာဂျူဗင်တပ်ကိုချန်ပီယံလိဂ်ဗိုလ်လုပွဲသို့နှစ်ကြိမ်ပို့ဆောင်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာသူဟာအသင်းလက်မဲ့ဖြစ်နေသူတစ်ဦးပါ။

ZawGyi

အင္ဒေရပီယာလိုအား နည္းျပရာထူးမွ ဂ်ဴဗင္တပ္ ထုတ္ပယ္

ဂ်ဴဗင္တပ္ဟာအင္ဒေရပီယာအားနည္းျပရာထူးမွထုတ္ပယ္လိုက္ၿပီျဖစ္ပါတယ္။အင္ဒေရပီယာလိုဟာဂ်ဴဗင္တပ္ကိုတစ္ႏွစ္သာကိုင္တြယ္ရၿပီးေနာက္ထုတ္ပယ္ျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။

အသက္၄၂ရွိပီယာလိုဟာၿပီးခဲ့တဲ့ေႏြတုန္းကထုတ္ပယ္ျခင္းခံခဲ့ရတဲ့ေမာ္ရီစီယိုဆာရီရဲ႕ေနရာတြင္အံ့ဩသင့္ဖြယ္ခန႔္အပ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။

ဒါေပမယ့္သူဟာဂ်ဴဗင္တပ္ကို၂၀၁၂ခုႏွစ္ေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္စကူဒက္တိုဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ႏိုင္ျခင္းမရွိမႈနဲ႔အတူထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ပီယာလိုလက္ထက္တြင္ဂ်ဴဗင္တပ္ဟာကိုပါအီတာလီယာဖလားဆြတ္ခူးႏိုင္ခဲ့ေပမယ့္ရာသီသိမ္းပြဲတြင္မွခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္ဂ်ဴဗင္တပ္နည္းျပျဖစ္လာရန္မက္ဆီမိုအယ္လီဂရီကထိပ္ဆုံးမွေရပန္းစားေနပါတယ္။အယ္လီဂရီဟာ၂၀၁၄မွ၂၀၁၉ခုႏွစ္အထိဂ်ဴဗင္တပ္ကိုကိုင္တြယ္ခဲ့ဖူးၿပီးစကူဒက္တိုဖလားငါးႀကိမ္ဆက္ဆြတ္ခူးခဲ့ဖူးပါတယ္။ဒါ့အျပင္သူဟာဂ်ဴဗင္တပ္ကိုခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔ႏွစ္ႀကိမ္ပို႔ေဆာင္ႏိုင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာသူဟာအသင္းလက္မဲ့ျဖစ္ေနသူတစ္ဦးပါ။