အင်ဒိုနီးရှားတွင် အိမ်ရှေ့စံမင်းသားဖြစ်နေတဲ့ စပိန်လူငယ်အသင်းတိုင်းအတွက် ကစားခဲ့သလို ပရီးမီးယားလိဂ်တွင် ၅ နှစ်ကစားခဲ့တဲ့ ကစားသမား

ဆွမ်စီးနှင့်လာလီဂါကစားသမားဟောင်းဂျော်ဒီအာမက်ဟာအင်ဒိုနီးရှားမင်းသားအဖြစ်ရှိနေပြီဖြစ်ပါတယ်။

အာမက်ကို၁၉၉၂ခုနှစ်မှာကက်တလန်ရှိကာနက်ဒီမာပြည်နယ်မှာမွေးဖွားခဲ့တာဖြစ်ပြီးအက်စ်ပန်ညို၊ဗယ်လီကာနို၊ဘက်တစ်တို့မှာကစားခဲ့ကာအထင်ကြီးစရာကောင်းတဲ့လာလီဂါကစားသမားဘဝပိုင်ဆိုင်ခဲ့ပါတယ်။

ဗဟိုနောက်ခံလူဟာစပိန်ယူ-၁၆မှစပိန်ယူ-၂၁အထိသက်တမ်းလိုက်လူငယ်အသင်းတိုင်းမှာကစားခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့သူဟာကစားသမားဘဝ၁၄နှစ်တာကာလအတွင်းမှာစီနီယာအသင်းအတွက်တစ်ပွဲမျှကစားခွင့်မရခဲ့ပါဘူး။

ဒါပေမဲ့အသက်၃၀နှစ်ရှိအာမက်ဟာအဖွားဖြစ်သူရဲ့အနွယ် အင်ဒိုနီးရှားနိုင်ငံသားအဖြစ်ခံယူလိုက်ပြီးနောက်မှာတော့သူ့ဘဝနဲ့ပတ်သက်ပြီးဘာမှစိုးရိမ်စရာမရှိတော့ပါဘူး။

အာမက်က “တစ်နှစ်တည်းပဲကြာမြင့်ခဲ့တယ်ဆိုပေမဲ့ထင်မှတ်ထားတာထက်ကြာတယ်။အခြားသူတွေဆိုနိုင်ငံသားခံယူဖို့ခုနှစ်နှစ်အထိကြာတယ်။ကျွန်တော်ဟာစပိန်အသင်းအတွက်အငယ်တန်းတွေမှာကစားခဲ့တယ်။ဒါပေမဲ့ကျွန်တော့်အဖွားကြောင့်တစ်နေ့မှာအင်ဒိုနီးရှားနိုင်ငံသားဖြစ်လာမယ်ဆိုတာသိထားတယ်။ပြီးခဲ့တဲ့နှစ်မှာကျွန်တော်အူပန်မှာရှိနေတုန်းကဒီရွေးချယ်မှုကိုတန်ဖိုးထားခဲ့တယ်။စပြီးတော့ဆွေးနွေးခဲ့ကြတယ်”လို့ပြောကြားသွားပါတယ်။

အာမက်ရဲ့အဖွားဖြစ်သူက Siau မင်းသမီးဖြစ်ပြီးအင်ဒိုနီးရှားတော်ဝင်မျိုးနွယ်ဖြစ်နေပါတယ်။သူ့အဘွားရဲ့အဖေဖြစ်သူက Rajah of Siau ဖြစ်ပါတယ်။

ဒါကြောင့်လည်းပရီးမီးယားလိဂ်ကစားသမားဟောင်းဟာနိုင်ငံသစ်မှာအိမ်ရှေ့စံမင်းသားဖြစ်နေပါတယ်။

သူဟာလက်ရှိအချိန်မှာ အရှေ့တောင်အာရှဖလားAFF Cup ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။

ဆက်လက်ပြီးအာမက်က “ကျွန်တော်ငယ်ငယ်တုန်းကအဖွားကပုံပြင်တစ်ပုဒ်ပြောခဲ့ဖူးတယ်။ကျွန်တော်ကအင်ဒိုနီးရှားဒေသတစ်ခုကအိမ်ရှေ့မင်းသားတဲ့။အခုတော့ကျွန်တော်တို့ဟာအိမ်ရှေ့စံဖြစ်ဖို့အတွက်စာရွက်စာတမ်းစောင့်ဆိုင်းနေပါတယ်”လို့ပြောကြားသွားပါတယ်။

သူဟာ၂၀၁၃ခုနှစ်တုန်းကဆွမ်စီးသို့ပြောင်းရွှေ့ကစားခဲ့ပြီးဝေးလ်အခြေစိုက်ကလပ်မှာငါးနှစ်တိုင်တိုင်ကစားခဲ့ရာမှာ၇၂ပွဲကစားခဲ့ပါတယ်။

လက်ရှိအချိန်မှာသူဟာအင်ဒိုနီးရှားကလပ်Johor Darul Ta’zim မှာကစားနေပါတယ်။

ZawGyi

အင္ဒိုနီးရွားတြင္ အိမ္ေရွ႕စံမင္းသားျဖစ္ေနတဲ့ စပိန္လူငယ္အသင္းတိုင္းအတြက္ ကစားခဲ့သလို ပရီးမီးယားလိဂ္တြင္ ၅ ႏွစ္ကစားခဲ့တဲ့ ကစားသမား

ဆြမ္စီးႏွင့္လာလီဂါကစားသမားေဟာင္းေဂ်ာ္ဒီအာမက္ဟာအင္ဒိုနီးရွားမင္းသားအျဖစ္ရွိေနၿပီျဖစ္ပါတယ္။

အာမက္ကို၁၉၉၂ခုႏွစ္မွာကက္တလန္ရွိကာနက္ဒီမာျပည္နယ္မွာေမြးဖြားခဲ့တာျဖစ္ၿပီးအက္စ္ပန္ညိဳ၊ဗယ္လီကာႏို၊ဘက္တစ္တို႔မွာကစားခဲ့ကာအထင္ႀကီးစရာေကာင္းတဲ့လာလီဂါကစားသမားဘဝပိုင္ဆိုင္ခဲ့ပါတယ္။

ဗဟိုေနာက္ခံလူဟာစပိန္ယူ-၁၆မွစပိန္ယူ-၂၁အထိသက္တမ္းလိုက္လူငယ္အသင္းတိုင္းမွာကစားခဲ့သူလည္းျဖစ္ပါတယ္။ဒါေပမဲ့သူဟာကစားသမားဘဝ၁၄ႏွစ္တာကာလအတြင္းမွာစီနီယာအသင္းအတြက္တစ္ပြဲမွ်ကစားခြင့္မရခဲ့ပါဘူး။

ဒါေပမဲ့အသက္၃၀ႏွစ္ရွိအာမက္ဟာအဖြားျဖစ္သူရဲ႕အႏြယ္ အင္ဒိုနီးရွားႏိုင္ငံသားအျဖစ္ခံယူလိုက္ၿပီးေနာက္မွာေတာ့သူ႔ဘဝနဲ႔ပတ္သက္ၿပီးဘာမွစိုးရိမ္စရာမရွိေတာ့ပါဘူး။

အာမက္က “တစ္ႏွစ္တည္းပဲၾကာျမင့္ခဲ့တယ္ဆိုေပမဲ့ထင္မွတ္ထားတာထက္ၾကာတယ္။အျခားသူေတြဆိုႏိုင္ငံသားခံယူဖို႔ခုႏွစ္ႏွစ္အထိၾကာတယ္။ကြၽန္ေတာ္ဟာစပိန္အသင္းအတြက္အငယ္တန္းေတြမွာကစားခဲ့တယ္။ဒါေပမဲ့ကြၽန္ေတာ့္အဖြားေၾကာင့္တစ္ေန႔မွာအင္ဒိုနီးရွားႏိုင္ငံသားျဖစ္လာမယ္ဆိုတာသိထားတယ္။ၿပီးခဲ့တဲ့ႏွစ္မွာကြၽန္ေတာ္အူပန္မွာရွိေနတုန္းကဒီေ႐ြးခ်ယ္မႈကိုတန္ဖိုးထားခဲ့တယ္။စၿပီးေတာ့ေဆြးေႏြးခဲ့ၾကတယ္”လို႔ေျပာၾကားသြားပါတယ္။

အာမက္ရဲ႕အဖြားျဖစ္သူက Siau မင္းသမီးျဖစ္ၿပီးအင္ဒိုနီးရွားေတာ္ဝင္မ်ိဳးႏြယ္ျဖစ္ေနပါတယ္။သူ႔အဘြားရဲ႕အေဖျဖစ္သူက Rajah of Siau ျဖစ္ပါတယ္။

ဒါေၾကာင့္လည္းပရီးမီးယားလိဂ္ကစားသမားေဟာင္းဟာႏိုင္ငံသစ္မွာအိမ္ေရွ႕စံမင္းသားျဖစ္ေနပါတယ္။

သူဟာလက္ရွိအခ်ိန္မွာ အေရွ႕ေတာင္အာရွဖလားAFF Cup ဝင္ေရာက္ယွဥ္ၿပိဳင္ေနပါတယ္။

ဆက္လက္ၿပီးအာမက္က “ကြၽန္ေတာ္ငယ္ငယ္တုန္းကအဖြားကပုံျပင္တစ္ပုဒ္ေျပာခဲ့ဖူးတယ္။ကြၽန္ေတာ္ကအင္ဒိုနီးရွားေဒသတစ္ခုကအိမ္ေရွ႕မင္းသားတဲ့။အခုေတာ့ကြၽန္ေတာ္တို႔ဟာအိမ္ေရွ႕စံျဖစ္ဖို႔အတြက္စာ႐ြက္စာတမ္းေစာင့္ဆိုင္းေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

သူဟာ၂၀၁၃ခုႏွစ္တုန္းကဆြမ္စီးသို႔ေျပာင္းေ႐ႊ႕ကစားခဲ့ၿပီးေဝးလ္အေျခစိုက္ကလပ္မွာငါးႏွစ္တိုင္တိုင္ကစားခဲ့ရာမွာ၇၂ပြဲကစားခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာသူဟာအင္ဒိုနီးရွားကလပ္Johor Darul Ta’zim မွာကစားေနပါတယ္။