အင်ဒိုနီးရှားဘောလုံးပွဲတစ်ပွဲတွင် ပရိသတ်များ တက်နင်းမိမှုကြောင့် အနည်းဆုံး ၁၇၄ ဦးသေဆုံး

အင်ဒိုနီးရှားဘောလုံးပွဲတစ်ပွဲတွင်ပရိသတ်များနှင့်လုံခြုံရေးအကြားရုန်းရင်းဆန်ခတ်မှုဖြစ်ပွားရာမှာပရိသတ်များတက်နင်းမိမှုကြောင့်အနည်းဆုံးလူ၁၇၄ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

စနေနေ့တုန်းကအရှေ့ဂျာဗား၊မာလန်းတွင်ကစားတဲ့အိမ်ရှင်အေမီရာအက်ဖ်စီကခါးသီးတဲ့ပြိုင်ဘက်ပါဆီဘာယာကိုဧည့်ခံကစားတဲ့ပွဲတွင်အထက်ပါအဖြစ်အပျက်ဖြစ်ပျက်ခဲ့တာဖြစ်ပြီးအနည်းဆုံးလူပေါင်း၁၈၀ဦးတို့လည်းဒဏ်ရာရရှိခဲ့ကြပါတယ်။

အဆိုပါပွဲစဉ်အပြီးတွင်ရဲတပ်ဖွဲ့ဝင်များနှင့်ကွင်းအတွင်းကျူးကျော်ဝင်ရောက်လာတဲ့ပရိသတ်များအကြားခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။

အဆိုပါရန်ပွဲကြောင့်ပရိသတ်များထွက်ပြေးရန်ကြိုးပမ်းကြရာမှာအထက်ပါ ကမ္ဘာ့အဆိုးဆုံးကွင်းတွင်းသေဆုံးရမှုများထဲမှတစ်ခုဖြစ်ပျက်လာခဲ့တာလည်းဖြစ်ပါတယ်။

ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ပရိသတ်တစ်ဦးကရဲတပ်ဖွဲ့များကမျက်ရည်ယိုဗုံးများဖြင့်ဆက်တိုက်ပစ်ခတ်မှုနှင့်အတူပရိသတ်များမှာကြောက်လန့်တကြီးထွက်ပြေးကြရာမှာအထက်ပါအဖြစ်အပျက်ဆိုးကြီးဖြစ်ပျက်လာခဲ့ခြင်းဖြစ်ကြောင်း ဘီဘီစီသို့ပြောကြားထားပါတယ်။

အစောပိုင်းတုန်းကလူ၁၃၀ဦးခန့်သေဆုံးကြောင်းသတင်းထွက်ခဲ့ပေမဲ့နောက်ပိုင်းအာဏာပိုင်တို့ရဲ့ကြေညာလာမှုအရ၁၇၄ဦးအထိမြင့်တက်လာပြီး လူ၁၁ဦးတို့မှာလည်းဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းသိရပါတယ်။

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုကအထက်ပါအဖြစ်အပျက်အားစုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးချိန်အထိ အင်ဒိုနီးရှားအဆင့်မြင့်တန်းလိဂ်ပွဲအားလုံးကိုရပ်ဆိုင်းထားရန်ကြေညာထားပါတယ်။

ကွင်းအတွင်းရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်များအရအိမ်ရှင်အသင်းက၂-၃ဖြင့်ရှုံးနိမ့်တဲ့ပွဲအပြီးတွင်ပရိသတ်များဟာကွင်းမြက်ခင်းသို့ဆင်းခဲ့ကြပြီးရဲတပ်ဖွဲ့ဝင်များကလည်း မျက်ရည်ယိုဗုံးများဖြင့်တုံ့ပြန်ခဲ့ကြောင်းတွေ့ရပါတယ်။

ကွင်းအတွင်းသို့ပြေးဝင်ရောက်ခဲ့ကြတဲ့ပရိသတ်ပမာဏမှာလည်း၃၀၀၀မှ၄၀၀၀အတွင်းအထိရှိကြောင်းလည်းသိရပါတယ်။

ဒါ့အပြင်လုံခြုံရေးဝန်ကြီမာဖတ်အမ်ဒီရဲ့အင်စတာဂရမ်တွင်တင်လာတဲ့ပို့စ်အရKanjuruhan stadiumမှာပရိသတ်၃၈၀၀၀တည်းသာဆန့်ပေမဲ့လည်း လက်မှတ်၄၂၀၀၀အထိရောင်းချထားကြောင်းတွေ့ရပါတယ်။

ZawGyi

အင္ဒိုနီးရွားေဘာလုံးပြဲတစ္ပြဲတြင္ ပရိသတ္မ်ား တက္နင္းမိမႈေၾကာင့္ အနည္းဆုံး ၁၇၄ ဦးေသဆုံး

အင္ဒိုနီးရွားေဘာလုံးပြဲတစ္ပြဲတြင္ပရိသတ္မ်ားႏွင့္လုံၿခဳံေရးအၾကား႐ုန္းရင္းဆန္ခတ္မႈျဖစ္ပြားရာမွာပရိသတ္မ်ားတက္နင္းမိမႈေၾကာင့္အနည္းဆုံးလူ၁၇၄ဦးေသဆုံးခဲ့ေၾကာင္းသိရပါတယ္။

စေနေန႔တုန္းကအေရွ႕ဂ်ာဗား၊မာလန္းတြင္ကစားတဲ့အိမ္ရွင္ေအမီရာအက္ဖ္စီကခါးသီးတဲ့ၿပိဳင္ဘက္ပါဆီဘာယာကိုဧည့္ခံကစားတဲ့ပြဲတြင္အထက္ပါအျဖစ္အပ်က္ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီးအနည္းဆုံးလူေပါင္း၁၈၀ဦးတို႔လည္းဒဏ္ရာရရွိခဲ့ၾကပါတယ္။

အဆိုပါပြဲစဥ္အၿပီးတြင္ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ကြင္းအတြင္းက်ဴးေက်ာ္ဝင္ေရာက္လာတဲ့ပရိသတ္မ်ားအၾကားခိုက္ရန္ျဖစ္ပြားခဲ့ၾကပါတယ္။

အဆိုပါရန္ပြဲေၾကာင့္ပရိသတ္မ်ားထြက္ေျပးရန္ႀကိဳးပမ္းၾကရာမွာအထက္ပါ ကမာၻ႔အဆိုးဆုံးကြင္းတြင္းေသဆုံးရမႈမ်ားထဲမွတစ္ခုျဖစ္ပ်က္လာခဲ့တာလည္းျဖစ္ပါတယ္။

ကြင္းအတြင္းသြားေရာက္ၾကည့္ခဲ့တဲ့ပရိသတ္တစ္ဦးကရဲတပ္ဖြဲ႕မ်ားကမ်က္ရည္ယိုဗုံးမ်ားျဖင့္ဆက္တိုက္ပစ္ခတ္မႈႏွင့္အတူပရိသတ္မ်ားမွာေၾကာက္လန႔္တႀကီးထြက္ေျပးၾကရာမွာအထက္ပါအျဖစ္အပ်က္ဆိုးႀကီးျဖစ္ပ်က္လာခဲ့ျခင္းျဖစ္ေၾကာင္း ဘီဘီစီသို႔ေျပာၾကားထားပါတယ္။

အေစာပိုင္းတုန္းကလူ၁၃၀ဦးခန႔္ေသဆုံးေၾကာင္းသတင္းထြက္ခဲ့ေပမဲ့ေနာက္ပိုင္းအာဏာပိုင္တို႔ရဲ႕ေၾကညာလာမႈအရ၁၇၄ဦးအထိျမင့္တက္လာၿပီး လူ၁၁ဦးတို႔မွာလည္းဒဏ္ရာအျပင္းအထန္ရရွိခဲ့ေၾကာင္းသိရပါတယ္။

အင္ဒိုနီးရွားသမၼတဂ်ိဳကိုဝီဒိုဒိုကအထက္ပါအျဖစ္အပ်က္အားစုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ၿပီးခ်ိန္အထိ အင္ဒိုနီးရွားအဆင့္ျမင့္တန္းလိဂ္ပြဲအားလုံးကိုရပ္ဆိုင္းထားရန္ေၾကညာထားပါတယ္။

ကြင္းအတြင္း႐ိုက္ကူးထားတဲ့ဗီဒီယိုဖိုင္မ်ားအရအိမ္ရွင္အသင္းက၂-၃ျဖင့္ရႈံးနိမ့္တဲ့ပြဲအၿပီးတြင္ပရိသတ္မ်ားဟာကြင္းျမက္ခင္းသို႔ဆင္းခဲ့ၾကၿပီးရဲတပ္ဖြဲ႕ဝင္မ်ားကလည္း မ်က္ရည္ယိုဗုံးမ်ားျဖင့္တုံ႔ျပန္ခဲ့ေၾကာင္းေတြ႕ရပါတယ္။

ကြင္းအတြင္းသို႔ေျပးဝင္ေရာက္ခဲ့ၾကတဲ့ပရိသတ္ပမာဏမွာလည္း၃၀၀၀မွ၄၀၀၀အတြင္းအထိရွိေၾကာင္းလည္းသိရပါတယ္။

ဒါ့အျပင္လုံၿခဳံေရးဝန္ႀကီမာဖတ္အမ္ဒီရဲ႕အင္စတာဂရမ္တြင္တင္လာတဲ့ပို႔စ္အရKanjuruhan stadiumမွာပရိသတ္၃၈၀၀၀တည္းသာဆန႔္ေပမဲ့လည္း လက္မွတ္၄၂၀၀၀အထိေရာင္းခ်ထားေၾကာင္းေတြ႕ရပါတယ္။