
ခရစ္စတီယန်အဲရစ်ဆင်ဟာခြေကျင်းဝတ်အရွတ်ဒဏ်ရာကြောင့်အနည်းဆုံး၃လကြာအနားယူရတော့မှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာအဲရစ်ဆင်ဒဏ်ရာကြောင့်လအတန်ကြာအနားယူရတော့မှာဖြစ်လို့အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးအချိန်တွင်ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမားမာဆယ်လိုဆာဘစ်ဇာကိုရာသီအကုန်အထိ အငှားဖြင့်ခေါ်ယူခဲ့ရပါတယ်။
ဒိန်းမတ်ကွင်းလယ်ကစားသမားခရစ္စတီယန်အဲရစ်ဆင်ဟာစနေနေ့တုန်းကရီးဒင်းကိုအနိုင်ရရှိတဲ့အက်ဖ်အေဖလားပွဲစဉ်တွင်လီဗာပူးတိုက်စစ်မှူးဟောင်းအင်ဒီကာရိုးလ်ရဲ့ကြမ်းတမ်းစွာဖျက်ထုတ်ခြင်းခံရတာဖြစ်ပါတယ်။
အဲရစ်ဆင်ဟာခြေကျင်းဝတ်အရွတ်ထိခိုက်သွားမှုနဲ့အတူ Protective Boot ဝတ်ဆင်ကာဂျိုင်းထောက်ဖြင့်အိုးထရက်ဖို့ဒ်မှထွက်ခွာသွားခဲ့ရပါတယ်။
ယခုအခါမှာတော့ယူနိုက်တက်ကခရစ္စတီယန်အဲရစ်ဆင်မှာဒဏ်ရာကြောင့်သုံးလကြာအနားယူရတော့မှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။
အသက်၃၀နှစ်ရှိအဲရစ်ဆင်ဟာအနည်းဆုံးဧပြီလနှောင်းပိုင်း(သို့မဟုတ်)မေလအစောပိုင်းအထိအနားယူရမှာဖြစ်လို့လက်ကျန်တစ်ရာသီလုံးနီးပါးကိုလွဲတော့မှာဖြစ်ပါတယ်။ယူနိုက်တက်ဟာဗန်ဒီဘိခ်ကိုလည်းရာသီအကုန်အထိဆုံးရှုံးထားရသလိုစကော့မက်တိုမီနေးမှာလည်းဒဏ်ရာကြောင့်အနားယူနေရပါတယ်။
ZawGyi
အင္ဒီကာ႐ိုးလ္ရဲ႕ၾကမ္းတမ္းတဲ့ဖ်က္ထုတ္မႈေၾကာင့္ ၃ လအနားယူရေတာ့မဲ့ အဲရစ္ဆင္
ခရစၥတီယန္အဲရစ္ဆင္ဟာေျခက်င္းဝတ္အ႐ြတ္ဒဏ္ရာေၾကာင့္အနည္းဆုံး၃လၾကာအနားယူရေတာ့မွာျဖစ္ပါတယ္။
ယူႏိုက္တက္ဟာအဲရစ္ဆင္ဒဏ္ရာေၾကာင့္လအတန္ၾကာအနားယူရေတာ့မွာျဖစ္လို႔အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးအခ်ိန္တြင္ဘိုင္ယန္ျမဴးနစ္ကြင္းလယ္ကစားသမားမာဆယ္လိုဆာဘစ္ဇာကိုရာသီအကုန္အထိ အငွားျဖင့္ေခၚယူခဲ့ရပါတယ္။
ဒိန္းမတ္ကြင္းလယ္ကစားသမားခရစၥတီယန္အဲရစ္ဆင္ဟာစေနေန႔တုန္းကရီးဒင္းကိုအႏိုင္ရရွိတဲ့အက္ဖ္ေအဖလားပြဲစဥ္တြင္လီဗာပူးတိုက္စစ္မႉးေဟာင္းအင္ဒီကာ႐ိုးလ္ရဲ႕ၾကမ္းတမ္းစြာဖ်က္ထုတ္ျခင္းခံရတာျဖစ္ပါတယ္။
အဲရစ္ဆင္ဟာေျခက်င္းဝတ္အ႐ြတ္ထိခိုက္သြားမႈနဲ႔အတူ Protective Boot ဝတ္ဆင္ကာဂ်ိဳင္းေထာက္ျဖင့္အိုးထရက္ဖို႔ဒ္မွထြက္ခြာသြားခဲ့ရပါတယ္။
ယခုအခါမွာေတာ့ယူႏိုက္တက္ကခရစၥတီယန္အဲရစ္ဆင္မွာဒဏ္ရာေၾကာင့္သုံးလၾကာအနားယူရေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။
အသက္၃၀ႏွစ္ရွိအဲရစ္ဆင္ဟာအနည္းဆုံးဧၿပီလေႏွာင္းပိုင္း(သို႔မဟုတ္)ေမလအေစာပိုင္းအထိအနားယူရမွာျဖစ္လို႔လက္က်န္တစ္ရာသီလုံးနီးပါးကိုလြဲေတာ့မွာျဖစ္ပါတယ္။ယူႏိုက္တက္ဟာဗန္ဒီဘိခ္ကိုလည္းရာသီအကုန္အထိဆုံးရႈံးထားရသလိုစေကာ့မက္တိုမီေနးမွာလည္းဒဏ္ရာေၾကာင့္အနားယူေနရပါတယ္။