အင်ဒီရောဘတ်ဆင်နဲ့စပါးစ်တို့ကို ထိုးနှက်လိုက်တဲ့ တီယာဂိုဆေးလ်ဗားရဲ့ဇနီး

တီယာဂိုဆေးလ်ဗားရဲ့ဇနီးဟာဆိုရှယ်မီဒီယာကနေလီဗာပူးရဲ့အင်ဒီရောဘတ်ဆင်နဲ့လန်ဒန်မြို့ခံပြိုင်ဘက်ကလပ် စပါးစ်တို့အားတိုက်ခိုက်လိုက်ပါတယ်။

ဘရာဇီးဝါရင့်နောက်ခံလူတီယာဂိုဆေးလ်ဗားဟာဝက်စ်ဘရွန်းနှင့်၃ဂိုးစီသရေကျတဲ့ပွဲမှာအမှားပြုလုပ်ပြီးပရီးမီးယားလိဂ်ကစားသမားဘဝတာထွက်မလှပပေမယ့် ယခုအခါသူဟာဖရန့်လမ်းပတ်ရဲ့အသင်းမှာအရေးပါတဲ့ကစား သမားတစ်ဦးဖြစ်နေပြီဖြစ်ပါတယ်။

တီယာဂိုဟာအသင်းကိုဦးဆောင်နိုင်ခြင်း၊ဘောလုံးဖျက်ထုတ်ရာတွင်ပါးနပ်ခြင်း၊တိုက်ပွဲဝင်စိတ်ဓာတ်ဖြင့်ကစားခြင်း တို့နှင့်အတူပီအက်စ်ဂျီ၊အေစီမီလန်တို့မှာကစားတုန်းကခြေစွမ်းမျိုးဖြင့်ပင်ကစားနေပါတယ်။

တီယာဂိုကကွင်းထဲမှာခြေစွမ်းပြနေချိန်မှာဇနီးသည်အစ္စဘယ်လီဒါဆေးလ်ဗားကလည်းဆိုရှယ်မီဒီယာမှာကီးဘုတ် အစွမ်းပြပြီးလူစိတ်ဝင်စားခြင်ခံနေရပါတယ်။

လီဗာပူးနောက်ခံလူအင်ဒီရောဘတ်ဆင်ကယခုရာသီအစောပိုင်းတုန်းကချဲလ်ဆီးနှင့်ပွဲစဉ်တွင်ချဲလ်ဆီးကွင်းလယ် ကစားသမားဂျော်ဂျင်ဟိုကိုကွင်းမြက်ခင်းမှာလဲကျသွားအောင်စကေးကြမ်းပြခဲ့တဲ့ဗီဒီယိဖိုင်တစ်ခုကိုတွစ်တာမှ ရှယ်ယာလုပ်ခဲ့ပါတယ်။

ယင်းကိုအစ္စဘယ်လီက “ချဲလ်ဝဲလ်ကရှင့်ထက်အပုံကြီးပိုကောင်းသေးတယ်။ရှင်တို့ကဆောက်သမ်တန်ကိုတောင် ရှုံးခဲ့တယ်”လို့ကွန်မင်းမှာဝင်ရေးသားခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။သူမဟာလန်ဒန်မြို့ခံပြိုင်ဘက်စပါးစ်ကိုလည်းထိုးနှက်ခဲ့ပါသေးတယ်။သူမကိုအကြီးမားဆုံးပြိုင်ဘက်အသင်းတစ်ခုအားအမည်မဖော်ပြဘဲရေးသားခိုင်းမှုကိုလည်း “ကျွန်မတို့အသင်းရဲ့ပြိုင်ဘက် ကဆုဖလားမရတဲ့အသင်းပါ”လို့ဆိုခဲ့ပါတယ်။

ZawGyi

အင္ဒီေရာဘတ္ဆင္နဲ႔စပါးစ္တို႔ကို ထိုးႏွက္လိုက္တဲ့ တီယာဂိုေဆးလ္ဗားရဲ႕ဇနီး

တီယာဂိုေဆးလ္ဗားရဲ႕ဇနီးဟာဆိုရွယ္မီဒီယာကေနလီဗာပူးရဲ႕အင္ဒီေရာဘတ္ဆင္နဲ႔လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ကလပ္ စပါးစ္တို႔အားတိုက္ခိုက္လိုက္ပါတယ္။

ဘရာဇီးဝါရင့္ေနာက္ခံလူတီယာဂိုေဆးလ္ဗားဟာဝက္စ္ဘ႐ြန္းႏွင့္၃ဂိုးစီသေရက်တဲ့ပြဲမွာအမွားျပဳလုပ္ၿပီးပရီးမီးယားလိဂ္ကစားသမားဘဝတာထြက္မလွပေပမယ့္ ယခုအခါသူဟာဖရန႔္လမ္းပတ္ရဲ႕အသင္းမွာအေရးပါတဲ့ကစား သမားတစ္ဦးျဖစ္ေနၿပီျဖစ္ပါတယ္။

တီယာဂိုဟာအသင္းကိုဦးေဆာင္ႏိုင္ျခင္း၊ေဘာလုံးဖ်က္ထုတ္ရာတြင္ပါးနပ္ျခင္း၊တိုက္ပြဲဝင္စိတ္ဓာတ္ျဖင့္ကစားျခင္း တို႔ႏွင့္အတူပီအက္စ္ဂ်ီ၊ေအစီမီလန္တို႔မွာကစားတုန္းကေျခစြမ္းမ်ိဳးျဖင့္ပင္ကစားေနပါတယ္။

တီယာဂိုကကြင္းထဲမွာေျခစြမ္းျပေနခ်ိန္မွာဇနီးသည္အစၥဘယ္လီဒါေဆးလ္ဗားကလည္းဆိုရွယ္မီဒီယာမွာကီးဘုတ္ အစြမ္းျပၿပီးလူစိတ္ဝင္စားျခင္ခံေနရပါတယ္။

လီဗာပူးေနာက္ခံလူအင္ဒီေရာဘတ္ဆင္ကယခုရာသီအေစာပိုင္းတုန္းကခ်ဲလ္ဆီးႏွင့္ပြဲစဥ္တြင္ခ်ဲလ္ဆီးကြင္းလယ္ ကစားသမားေဂ်ာ္ဂ်င္ဟိုကိုကြင္းျမက္ခင္းမွာလဲက်သြားေအာင္စေကးၾကမ္းျပခဲ့တဲ့ဗီဒီယိဖိုင္တစ္ခုကိုတြစ္တာမွ ရွယ္ယာလုပ္ခဲ့ပါတယ္။

ယင္းကိုအစၥဘယ္လီက “ခ်ဲလ္ဝဲလ္ကရွင့္ထက္အပုံႀကီးပိုေကာင္းေသးတယ္။ရွင္တို႔ကေဆာက္သမ္တန္ကိုေတာင္ ရႈံးခဲ့တယ္”လို႔ကြန္မင္းမွာဝင္ေရးသားခဲ့ပါတယ္။

ဒါတင္မကေသးပါဘူး။သူမဟာလန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္စပါးစ္ကိုလည္းထိုးႏွက္ခဲ့ပါေသးတယ္။သူမကိုအႀကီးမားဆုံးၿပိဳင္ဘက္အသင္းတစ္ခုအားအမည္မေဖာ္ျပဘဲေရးသားခိုင္းမႈကိုလည္း “ကြၽန္မတို႔အသင္းရဲ႕ၿပိဳင္ဘက္ ကဆုဖလားမရတဲ့အသင္းပါ”လို႔ဆိုခဲ့ပါတယ္။