အင်ဒီရောဘတ်ဆင်ပြီးတော့ ကာတစ်ဂျုံးစ်ထပ်မံရရှိလို့ ဒဏ်ရာပြဿနာစမွှေခံနေရတဲ့ လီဗာပူး

လီဗာပူးအတွက်နောက်ထပ်ထိုးနှက်တစ်ခုထပ်မံကြုံလာရပြန်ပြီဖြစ်ပါတယ်။အလယ်တန်းကစားသမားကာတစ်ဂျုံးစ်အိုဆာဆူနာနှင့်ခြေစမ်းပွဲတွင်ထပ်မံဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

အသက်၂၀နှစ်ရှိအလယ်တန်းကစားသမားဟာပထမပိုင်းတွင်ဒဏ်ရာရရှိကာဘင်ဝုဒ်ဘန်းနှင့်လူစားလဲခဲ့ရပါတယ်။

ကာတစ်ဂျုံးစ်ဒဏ်ရာရရှိခဲ့ပေမယ့်လီဗာပူးဟာအိုဆာဆူနာအား၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

လီဗာပူးဟာကာတစ်ဂျုံးစ်ဒဏ်ရာမရရှိမီဘီလ်ဘာအိုနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင်လည်းဘယ်နောက်ခံလူအင်ဒီရောဘတ်ဆင်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

အင်ဒီရောဘတ်ဆင်က၎င်းမှာခြေကျင်းဝတ်ဒဏ်ရာကြောင့်ရက်သတ္တပတ်အနည်းငယ်ကြာအနားယူရမည်ဖြစ်ကြောင်းအတည်ပြုထားပါတယ်။

ZawGyi

အင္ဒီေရာဘတ္ဆင္ၿပီးေတာ့ ကာတစ္ဂ်ဳံးစ္ထပ္မံရရွိလို႔ ဒဏ္ရာျပႆနာစေမႊခံေနရတဲ့ လီဗာပူး

လီဗာပူးအတြက္ေနာက္ထပ္ထိုးႏွက္တစ္ခုထပ္မံႀကဳံလာရျပန္ၿပီျဖစ္ပါတယ္။အလယ္တန္းကစားသမားကာတစ္ဂ်ဳံးစ္အိုဆာဆူနာႏွင့္ေျခစမ္းပြဲတြင္ထပ္မံဒဏ္ရာရရွိသြားခဲ့တာျဖစ္ပါတယ္။

အသက္၂၀ႏွစ္ရွိအလယ္တန္းကစားသမားဟာပထမပိုင္းတြင္ဒဏ္ရာရရွိကာဘင္ဝုဒ္ဘန္းႏွင့္လူစားလဲခဲ့ရပါတယ္။

ကာတစ္ဂ်ဳံးစ္ဒဏ္ရာရရွိခဲ့ေပမယ့္လီဗာပူးဟာအိုဆာဆူနာအား၃-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

လီဗာပူးဟာကာတစ္ဂ်ဳံးစ္ဒဏ္ရာမရရွိမီဘီလ္ဘာအိုႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္တြင္လည္းဘယ္ေနာက္ခံလူအင္ဒီေရာဘတ္ဆင္ဒဏ္ရာရရွိသြားခဲ့ပါတယ္။

အင္ဒီေရာဘတ္ဆင္က၎မွာေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ရက္သတၱပတ္အနည္းငယ္ၾကာအနားယူရမည္ျဖစ္ေၾကာင္းအတည္ျပဳထားပါတယ္။