အင်္ကျီရင်ဘတ်စပွန်ဆာ Three က စာချုပ်ရပ်ဆိုင်းလိုက်ပြီးနောက် အင်္ကျီရင်ဘတ်တွင် ငြိမ်းချမ်းရေးစာသား အသုံးပြုလာနိုင်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ကချဲလ်ဆီးအင်္ကျီရင်ဘတ်တွင်ငြိမ်းချမ်းရေးနှင့်သက်ဆိုင်တဲ့စာသားကိုအသုံးပြုဝတ်ဆင်လာနိုင်ကြောင်းပြောကြားလာပါတယ်။

မိုဘိုင်းဖုန်းကုမ္ပဏီ Three ဟာချဲလ်ဆီးပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ကို ဗြိတိန်အစိုးရကဆန်ရှင်လုပ်လာပြီးနောက်ချဲလ်ဆီးနှင့်ချုပ်ဆိုထားတဲ့အင်္ကျီရင်ဘတ်စပွန်ဆာအားရပ်ဆိုင်းထားပြီး အင်္ကျီရင်ဘတ်မှ လိုဂိုကို ဖယ်ရှားရန် တောင်းဆိုထားခဲ့ပါတယ်။

ချဲလ်ဆီးဟာကြားရက်တုန်းကနော့ဝှစ်ချ်အား၃-၁ ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာ Three လိုဂိုပါအင်္ကျီကိုဆက်လက်ဝတ်ဆင်ခဲ့ပေမဲ့လည်းတနင်္ဂနွေနေ့ နယူးကာဆယ်နှင့်အိမ်ကွင်းပွဲမှာယင်းလိုဂိုကိုဖယ်ရှားသွားပါမယ်။

တူချယ်ဟာThree ရဲ့နေရာတွင်ငြိမ်းချမ်းရေးနှင့်သက်ဆိုင်တဲ့စာသားအသုံးပြုရန်ကလပ်ကိုတောင်းဆိုမှုပြုလုပ်ထားပါတယ်။

တူချယ်က “ငြိမ်းချမ်းရေးအတွက်မက်ဆေ့တစ်ခုပါတဲ့အင်္ကျီကိုဝတ်ဆင်နိုင်ပါတယ်။ဘယ်တော့မှမမှားနိုင်တဲ့စာသားမျိုးပေါ့။ကိုယ့်ဆီကိုမုန်တိုင်းကျလာချိန်မှာအတူတကွလက်တွဲထားဖို့လိုပါတယ်။သန်မာနေဖို့လိုတယ်။အခက်အခကိုကျော်ဖြတ်ရပါမယ်။ငြိမ်းချမ်းရေးအတွက်စာသားကတော့ဘယ်တော့မှမမှားနိုင်ပါဘူး”လို့ပြောကြားသွားပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ဟာဆန်ရှင်ထိမှုကြောင့်ပိုင်ဆိုင်မှုအားလုံးအသိမ်းခံထားရပါတယ်။ယင်းသို့ပိုင်ဆိုင်မှုအသိမ်းခံရမှုနဲ့အတူချဲလ်ဆီးဟာလည်းလာမယ့်နှစ်ပတ်အတွင်းတွင်ဘဏ္ဍာရေးအကျပ်အတည်းနှင့်ကြုံလာရဖို့ရှိနေပါတယ်။

ဒါကြောင့်လည်းရိုမန်အေဘရာမိုဗစ်ဟာငွေကြေးတစ်ပြားမှမရရှိပေမဲ့လည်း ကလပ်ကိုဆက်လက်လုပ်ဆောင်ရန် ကလပ်ရောင်းချရေးလုပ်ဆောင်ပေးနေတဲ့ Raine Group ကိုညွှန်ကြားထားကြောင်းသိရပါတယ်။

ZawGyi

အက်ႌရင္ဘတ္စပြန္ဆာ Three က စာခ်ဳပ္ရပ္ဆိုင္းလိုက္ၿပီးေနာက္ အက်ႌရင္ဘတ္တြင္ ၿငိမ္းခ်မ္းေရးစာသား အသုံးျပဳလာႏိုင္တဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ကခ်ဲလ္ဆီးအက်ႌရင္ဘတ္တြင္ၿငိမ္းခ်မ္းေရးႏွင့္သက္ဆိုင္တဲ့စာသားကိုအသုံးျပဳဝတ္ဆင္လာႏိုင္ေၾကာင္းေျပာၾကားလာပါတယ္။

မိုဘိုင္းဖုန္းကုမၸဏီ Three ဟာခ်ဲလ္ဆီးပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ကို ၿဗိတိန္အစိုးရကဆန္ရွင္လုပ္လာၿပီးေနာက္ခ်ဲလ္ဆီးႏွင့္ခ်ဳပ္ဆိုထားတဲ့အက်ႌရင္ဘတ္စပြန္ဆာအားရပ္ဆိုင္းထားၿပီး အက်ႌရင္ဘတ္မွ လိုဂိုကို ဖယ္ရွားရန္ ေတာင္းဆိုထားခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာၾကားရက္တုန္းကေနာ့ဝွစ္ခ်္အား၃-၁ ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာ Three လိုဂိုပါအက်ႌကိုဆက္လက္ဝတ္ဆင္ခဲ့ေပမဲ့လည္းတနဂၤေႏြေန႔ နယူးကာဆယ္ႏွင့္အိမ္ကြင္းပြဲမွာယင္းလိုဂိုကိုဖယ္ရွားသြားပါမယ္။

တူခ်ယ္ဟာThree ရဲ႕ေနရာတြင္ၿငိမ္းခ်မ္းေရးႏွင့္သက္ဆိုင္တဲ့စာသားအသုံးျပဳရန္ကလပ္ကိုေတာင္းဆိုမႈျပဳလုပ္ထားပါတယ္။

တူခ်ယ္က “ၿငိမ္းခ်မ္းေရးအတြက္မက္ေဆ့တစ္ခုပါတဲ့အက်ႌကိုဝတ္ဆင္ႏိုင္ပါတယ္။ဘယ္ေတာ့မွမမွားႏိုင္တဲ့စာသားမ်ိဳးေပါ့။ကိုယ့္ဆီကိုမုန္တိုင္းက်လာခ်ိန္မွာအတူတကြလက္တြဲထားဖို႔လိုပါတယ္။သန္မာေနဖို႔လိုတယ္။အခက္အခကိုေက်ာ္ျဖတ္ရပါမယ္။ၿငိမ္းခ်မ္းေရးအတြက္စာသားကေတာ့ဘယ္ေတာ့မွမမွားႏိုင္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ဟာဆန္ရွင္ထိမႈေၾကာင့္ပိုင္ဆိုင္မႈအားလုံးအသိမ္းခံထားရပါတယ္။ယင္းသို႔ပိုင္ဆိုင္မႈအသိမ္းခံရမႈနဲ႔အတူခ်ဲလ္ဆီးဟာလည္းလာမယ့္ႏွစ္ပတ္အတြင္းတြင္ဘ႑ာေရးအက်ပ္အတည္းႏွင့္ႀကဳံလာရဖို႔ရွိေနပါတယ္။

ဒါေၾကာင့္လည္း႐ိုမန္ေအဘရာမိုဗစ္ဟာေငြေၾကးတစ္ျပားမွမရရွိေပမဲ့လည္း ကလပ္ကိုဆက္လက္လုပ္ေဆာင္ရန္ ကလပ္ေရာင္းခ်ေရးလုပ္ေဆာင္ေပးေနတဲ့ Raine Group ကိုၫႊန္ၾကားထားေၾကာင္းသိရပါတယ္။