အင်္ဂလန်ကစားဖော်များရဲ့ရှောဘတ်တိုကားလို့စ်လို့ အမည်ပေးခြင်းခံနေရတဲ့ လုခ်ရှော

အင်္ဂလန်ဘယ်နောက်ခံလူလုခ်ရှောဟာဘရာဇီးဂန္ထဝင်ဘယ်နောက်ခံလူရောဘတ်တိုကားလို့စ်နှင့်နှိုင်းယှဉ်ပြောကြားခြင်းခံနေရပြီးသူ့ကိုရှောဘတ်တိုကားလို့စ်လို့အင်္ဂလန်ကစားဖော်များကခေါ်ဝေါ်လျက်ရှိကြပါတယ်။

မန်ယူဘယ်နောက်ခံလူဟာရောမမှာယူကရိန်းအား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ယူရို၂၀၂၀ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်တွင်၂ဂိုးသွင်းနိုင်အောင်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

လုခ်ရှောဟာ၃မိနစ်နှင့်၅၅စက္ကန့်အတွင်းမှာဖန်တီးမှု၂ကြိမ်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

သူဟာဂျာမနီကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာတုန်းကလည်းစတာလင်းဂိုးသွင်းနိုင်အောင်ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။

ဒါကြောင့်လည်းလုခ်ရှောကိုအင်္ဂလန်ပရိသတ်များကဘရာဇီးဂန္ထဝင်ဘယ်နောက်ခံလူရောဘတ်ကားလို့စ်နှင့်နှိုင်းယှဉ်ကာအွန်လိုင်းတွင်ရေးသားနေခဲ့ကြပါတယ်။ယခုအခါပရိသတ်များတင်မကအင်္ဂလန်ကစားဖော်များကပါလုခ်ရှောကိုရှောဘတ်တိုကားလို့စ်လို့ခေါ်ဝေါ်နေပါတယ်။

အင်္ဂလန်ရဲ့တွစ်တာတွင်တင်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုတွင်အင်္ဂလန်ကွင်းလယ်ကစားသမားဒက်လန်းရိုက်စ်ကလုခ်ရှောကိုရှောဘတ်တိုကားလို့စ်ဆိုပြီးခေါ်ဝေါ်နေတာတွေ့ရပါတယ်။ဒါ့အပြင်အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကလည်းရှောဘတ်တိုဆိုပြီးခေါ်ဝေါ်ခဲ့ပါတယ်။

Lions Den စီးရီးတွင်မန်ယူကစားသမားဂျော်ဒန်ဆန်ချိုကလည်းမန်ယူကစားဖော်သစ် လုခ်ရှောကို “ငါတို့မှာရှောဘတ်တိုကားလို့စ်ရှိနေပြီ”ဆိုပြီးပြောခဲ့ပါသေးတယ်။

ZawGyi

အဂၤလန္ကစားေဖာ္မ်ားရဲ႕ေရွာဘတ္တိုကားလို႔စ္လို႔ အမည္ေပးျခင္းခံေနရတဲ့ လုခ္ေရွာ

အဂၤလန္ဘယ္ေနာက္ခံလူလုခ္ေရွာဟာဘရာဇီးဂႏၴဝင္ဘယ္ေနာက္ခံလူေရာဘတ္တိုကားလို႔စ္ႏွင့္ႏႈိင္းယွဥ္ေျပာၾကားျခင္းခံေနရၿပီးသူ႔ကိုေရွာဘတ္တိုကားလို႔စ္လို႔အဂၤလန္ကစားေဖာ္မ်ားကေခၚေဝၚလ်က္ရွိၾကပါတယ္။

မန္ယူဘယ္ေနာက္ခံလူဟာေရာမမွာယူကရိန္းအား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ယူ႐ို၂၀၂၀ၿပိဳင္ပြဲကြာတားဖိုင္နယ္ပြဲစဥ္တြင္၂ဂိုးသြင္းႏိုင္ေအာင္ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

လုခ္ေရွာဟာ၃မိနစ္ႏွင့္၅၅စကၠန႔္အတြင္းမွာဖန္တီးမႈ၂ႀကိမ္ျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

သူဟာဂ်ာမနီကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာတုန္းကလည္းစတာလင္းဂိုးသြင္းႏိုင္ေအာင္ဖန္တီးေပးခဲ့သူျဖစ္ပါတယ္။

ဒါေၾကာင့္လည္းလုခ္ေရွာကိုအဂၤလန္ပရိသတ္မ်ားကဘရာဇီးဂႏၴဝင္ဘယ္ေနာက္ခံလူေရာဘတ္ကားလို႔စ္ႏွင့္ႏႈိင္းယွဥ္ကာအြန္လိုင္းတြင္ေရးသားေနခဲ့ၾကပါတယ္။ယခုအခါပရိသတ္မ်ားတင္မကအဂၤလန္ကစားေဖာ္မ်ားကပါလုခ္ေရွာကိုေရွာဘတ္တိုကားလို႔စ္လို႔ေခၚေဝၚေနပါတယ္။

အဂၤလန္ရဲ႕တြစ္တာတြင္တင္ထားတဲ့ဗီဒီယိုဖိုင္တစ္ခုတြင္အဂၤလန္ကြင္းလယ္ကစားသမားဒက္လန္း႐ိုက္စ္ကလုခ္ေရွာကိုေရွာဘတ္တိုကားလို႔စ္ဆိုၿပီးေခၚေဝၚေနတာေတြ႕ရပါတယ္။ဒါ့အျပင္အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းကလည္းေရွာဘတ္တိုဆိုၿပီးေခၚေဝၚခဲ့ပါတယ္။

Lions Den စီးရီးတြင္မန္ယူကစားသမားေဂ်ာ္ဒန္ဆန္ခ်ိဳကလည္းမန္ယူကစားေဖာ္သစ္ လုခ္ေရွာကို “ငါတို႔မွာေရွာဘတ္တိုကားလို႔စ္ရွိေနၿပီ”ဆိုၿပီးေျပာခဲ့ပါေသးတယ္။