အင်္ဂလန်ကို ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင် ဦးဆောင်နိုင်လျှင် ပေါင် ၄ သန်းအပိုဆုကြေးရလာမယ့် ဆောက်ဂိတ်

အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂတ်ဟာအင်္ဂလန်အသင်းကိုလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ပါကအပိုဆုကြေးပေါင်၄သန်းရရှိလာပါမယ်။

ဆောက်ဂိတ်ဟာ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကချန်ပီယံဖြစ်လျှင်အပိုဆုကြေးပေါင်၁.၈သန်းရရှိမှာဖြစ်ပေမဲ့ယခုနှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်လျှင် အပိုဆုကြေးသုံးဆနီးပါးပိုမိုရရှိကာ ပေါင်၄သန်းအထိရရှိလာပါမယ်။

အသက်၅၂နှစ်ရှိဆောက်ဂိတ်ဟာအင်္ဂလန်ကိုကာတာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင်စွမ်းဆောင်နိုင်မှုကြောင့် ဆုကြေးငွေပေါင်၅၀၀၀၀၀ရရှိထားပြီးလည်းဖြစ်ပါတယ်။

အင်္ဂလန်ဟာလာမယ့်နိုဝင်ဘာလ၂၁ရက်နေ့တွင်ကမ္ဘာ့ဖလားအုပ်စု(ခ)အဖွင့်ပွဲအဖြစ်အီရန်နှင့်ရင်ဆိုင်ကစားရပါမယ်။

ဆောက်ဂိတ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်တစ်ဆင့်ပို့ပေးနိုင်တိုင်းဆုကြေးငွေရရှိလာမှာဖြစ်ပြီးချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်လျှင်ပေါင်၄သန်းအထိရရှိလာမှာလည်းဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာကိုဗစ်ကာလတုန်းကလုပ်ခ၃၀ရာခိုင်နှုန်းလျှော့ယူခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းကတစ်နှစ်လုပ်ခပေါင်၆သန်းတန် ၃နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

ZawGyi


အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂတ်ဟာအင်္ဂလန်အသင်းကိုလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ပါကအပိုဆုကြေးပေါင်၎သန်းရရှိလာပါမယ်။

ဆောက်ဂိတ်ဟာ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကချန်ပီယံဖြစ်လျှင်အပိုဆုကြေးပေါင်၁.၈သန်းရရှိမှာဖြစ်ပေမဲ့ယခုနှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်လျှင် အပိုဆုကြေးသုံးဆနီးပါးပိုမိုရရှိကာ ပေါင်၎သန်းအထိရရှိလာပါမယ်။



ဆောက်ဂိတ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်တစ်ဆင့်ပို့ပေးနိုင်တိုင်းဆုကြေးငွေရရှိလာမှာဖြစ်ပြီးချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်လျှင်ပေါင်၎သန်းအထိရရှိလာမှာလည်းဖြစ်ပါတယ်။
