အင်္ဂလန်ကို ကျော်ပြီး အယ်ဘေးနီးယားကို ဘာကြောင့် ရွေးချယ်သလဲ ချဲလ်ဆီးတိုက်စစ်သမားဘရိုဂျာဖွင့်ဟလာ

ချဲလ်ဆီးတိုက်စစ်မှူးအာမန်ဒိုဘရိုဂျာကလက်ရွေးစင်အသင်းတွင်အင်္ဂလန်ကိုမရွေးချယ်ဘဲအယ်ဘေးနီးယားကိုဘာကြောင့်ရွေးချယ်သလဲဆိုတာဖွင့်ဟလာပါတယ်။အယ်ဘေးနီးယားဟာတနင်္ဂနွေနေ့မှာကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ်အင်္ဂလန်ကိုဧည့်ခံကစားရပါမယ်။

အသက်၁၉နှစ်ရှိဘရိုဂျာဟာချဲလ်ဆီးမှဒတ်ချ်ကလပ်ဗီတက်စ်ဆီသို့အငှားချခြင်းခံထားရသူဖြစ်ပါတယ်။

အယ်ဘေးနီးယားဟာကြာသပတေးနေ့တုန်းကအန်ဒိုရာကို၁-၀ဂိုးဖြင့်အနိုင်ယူကာကမ္ဘာ့ဖလားခြေစစ်ပွဲအားအနိုင်ဖြင့်စတင်နိုင်ခဲ့ပါတယ်။

ဘရိုဂျာဟာဆလောက်တွင်မွေးဖွားသော်လည်းမွေးရပ်မြေအတွက်မကစားဘဲမိဘများမွေးဖွားရာအယ်ဘေးနီးယားအတွက်ကစားရန်ဆုံးဖြတ်ခဲ့ပါတယ်။

ဘရိုဂျာက “ကိုယ်ကစားမယ့်လက်ရွေးစင်အသင်းကိုရွေးချယ်တာကကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ကျွန်တော့်သွေးသားထဲမှာအယ်ဘေးနီးယားသွေးတွေစီးဆင်းနေလို့အယ်ဘေးနီးယားကိုရွေးချယ်ခဲ့တာပါ။ကျွန်တော်ကအယ်ဘေးနီးယားသားပါ။ကျွန်တော့်မိဘတွေလည်းအယ်ဘေးနီးယားပါ။ဒီတော့ဒီဆုံးဖြတ်ချက်ကိုအလွယ်တကူဘဲချနိုင်ခဲ့ပါတယ်။အယ်ဘေးနီးယားပြည်သူတွေ၊ကျွန်တော့်မိဘတွေကိုဂုဏ်ယူရအောင်လုပ်ပြချင်ပါတယ်။အယ်ဘေးနီးယားကိုယူရို(သို့မဟုတ်)ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင်လုပ်ပေးချင်ပါတယ်။ဒါမျိုးအရင်တုန်းကတစ်ခါမှမရှိခဲ့ဖူးပါဘူး။ဖြစ်လာခဲ့ရင်တော့ဒီလိုနိုင်ငံအတွက်တကယ့်ကိုကြီးကျယ်ခမ်းနားတဲ့အရာဖြစ်လာပါလိမ့်မယ်။ကျွန်တော့်မိဘတွေကအယ်ဘေးနီးယားသားတွေပါ။ကျွန်တော်ကလည်းအယ်ဘေးနီးယားပါ။အယ်ဘေးနီးယားမှာကျွန်တော့်မိသားစုတွေအများကြီးရှိပါတယ်။နှစ်တိုင်းသွားလည်ပတ်ဖြစ်ပါတယ်။ဒါကကျွန်တော့်ဘဝရဲ့အစိတ်အပိုင်းလည်းဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဘရိုဂျာဟာအယ်ဘေးနီးယားယူ-၁၉နှင့်ယူ-၂၁တို့အတွက်၈ပွဲကစားခဲ့ရာမှာ၈ဂိုးသွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဘရိုဂျာဟာချဲလ်ဆီးအကယ်ဒမီအသင်းရဲ့နံပါတ်တစ်တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့ပြီးဗီတက်စ်ဆီမှာအငှားဖြင့်ကစားနေပါတယ်။သူဟာဗီတက်စ်ဆီကိုဥရောပဝင်ခွင့်ရရှိနိုင်တဲ့အနေအထားရောက်အောင် ကူညီထားသလိုဒတ်ချ်ရှုံးထွက်ဖလားဗိုလ်လုပွဲသို့လည်းပို့ဆောင်ပေးထားပါတယ်။

ZawGyi

အဂၤလန္ကို ေက်ာ္ၿပီး အယ္ေဘးနီးယားကို ဘာေၾကာင့္ ေ႐ြးခ်ယ္သလဲ ခ်ဲလ္ဆီးတိုက္စစ္သမားဘ႐ိုဂ်ာဖြင့္ဟလာ

ခ်ဲလ္ဆီးတိုက္စစ္မႉးအာမန္ဒိုဘ႐ိုဂ်ာကလက္ေ႐ြးစင္အသင္းတြင္အဂၤလန္ကိုမေ႐ြးခ်ယ္ဘဲအယ္ေဘးနီးယားကိုဘာေၾကာင့္ေ႐ြးခ်ယ္သလဲဆိုတာဖြင့္ဟလာပါတယ္။အယ္ေဘးနီးယားဟာတနဂၤေႏြေန႔မွာကမာၻ႔ဖလားေျခစစ္ပြဲစဥ္အျဖစ္အဂၤလန္ကိုဧည့္ခံကစားရပါမယ္။

အသက္၁၉ႏွစ္ရွိဘ႐ိုဂ်ာဟာခ်ဲလ္ဆီးမွဒတ္ခ်္ကလပ္ဗီတက္စ္ဆီသို႔အငွားခ်ျခင္းခံထားရသူျဖစ္ပါတယ္။

အယ္ေဘးနီးယားဟာၾကာသပေတးေန႔တုန္းကအန္ဒိုရာကို၁-၀ဂိုးျဖင့္အႏိုင္ယူကာကမာၻ႔ဖလားေျခစစ္ပြဲအားအႏိုင္ျဖင့္စတင္ႏိုင္ခဲ့ပါတယ္။

ဘ႐ိုဂ်ာဟာဆေလာက္တြင္ေမြးဖြားေသာ္လည္းေမြးရပ္ေျမအတြက္မကစားဘဲမိဘမ်ားေမြးဖြားရာအယ္ေဘးနီးယားအတြက္ကစားရန္ဆုံးျဖတ္ခဲ့ပါတယ္။

ဘ႐ိုဂ်ာက “ကိုယ္ကစားမယ့္လက္ေ႐ြးစင္အသင္းကိုေ႐ြးခ်ယ္တာကႀကီးမားတဲ့ဆုံးျဖတ္ခ်က္တစ္ခု ျဖစ္ပါတယ္။ကြၽန္ေတာ့္ေသြးသားထဲမွာအယ္ေဘးနီးယားေသြးေတြစီးဆင္းေနလို႔အယ္ေဘးနီးယားကိုေ႐ြးခ်ယ္ခဲ့တာပါ။ကြၽန္ေတာ္ကအယ္ေဘးနီးယားသားပါ။ကြၽန္ေတာ့္မိဘေတြလည္းအယ္ေဘးနီးယားပါ။ဒီေတာ့ဒီဆုံးျဖတ္ခ်က္ကိုအလြယ္တကူဘဲခ်ႏိုင္ခဲ့ပါတယ္။အယ္ေဘးနီးယားျပည္သူေတြ၊ကြၽန္ေတာ့္မိဘေတြကိုဂုဏ္ယူရေအာင္လုပ္ျပခ်င္ပါတယ္။အယ္ေဘးနီးယားကိုယူ႐ို(သို႔မဟုတ္)ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေအာင္လုပ္ေပးခ်င္ပါတယ္။ဒါမ်ိဳးအရင္တုန္းကတစ္ခါမွမရွိခဲ့ဖူးပါဘူး။ျဖစ္လာခဲ့ရင္ေတာ့ဒီလိုႏိုင္ငံအတြက္တကယ့္ကိုႀကီးက်ယ္ခမ္းနားတဲ့အရာျဖစ္လာပါလိမ့္မယ္။ကြၽန္ေတာ့္မိဘေတြကအယ္ေဘးနီးယားသားေတြပါ။ကြၽန္ေတာ္ကလည္းအယ္ေဘးနီးယားပါ။အယ္ေဘးနီးယားမွာကြၽန္ေတာ့္မိသားစုေတြအမ်ားႀကီးရွိပါတယ္။ႏွစ္တိုင္းသြားလည္ပတ္ျဖစ္ပါတယ္။ဒါကကြၽန္ေတာ့္ဘဝရဲ႕အစိတ္အပိုင္းလည္းျဖစ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဘ႐ိုဂ်ာဟာအယ္ေဘးနီးယားယူ-၁၉ႏွင့္ယူ-၂၁တို႔အတြက္၈ပြဲကစားခဲ့ရာမွာ၈ဂိုးသြင္းယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ဘ႐ိုဂ်ာဟာခ်ဲလ္ဆီးအကယ္ဒမီအသင္းရဲ႕နံပါတ္တစ္တိုက္စစ္မႉးတစ္ဦးျဖစ္ခဲ့ၿပီးဗီတက္စ္ဆီမွာအငွားျဖင့္ကစားေနပါတယ္။သူဟာဗီတက္စ္ဆီကိုဥေရာပဝင္ခြင့္ရရွိႏိုင္တဲ့အေနအထားေရာက္ေအာင္ ကူညီထားသလိုဒတ္ခ်္ရႈံးထြက္ဖလားဗိုလ္လုပြဲသို႔လည္းပို႔ေဆာင္ေပးထားပါတယ္။