အင်္ဂလန်ကို မကြောက်လန့်ကြောင်း ယူကရိန်းနည်းပြရှက်ဗ်ချင်ကိုပြောကြား

ယူကရိန်းနည်းပြအင်ဒရေရှက်ဗ်ချင်ကိုကယူရို၂၀၂၀ပြိုင်ပွဲကွာတားဖိုင်နယ်တွင်ရင်ဆိုင်ရမယ့်အင်္ဂလန်နှင့်ပွဲအတွက်စိတ်လှုပ်ရှားရကြောင်းနှင့်ဆောက်ဂိတ်ရဲ့အသင်းကို မိမိတို့မကြောက်လန့်ကြောင်းဆိုသွားပါတယ်။

ဂျာမနီနှင့်ဆွီဒင်တို့ကို၁၆သင်းအဆင့်မှာအနိုင်ရယူလာခဲ့ကြတဲ့အင်္ဂလန်နှင့်ယူကရိန်းတို့ဟာလာမယ့်စနေနေ့မှာရောမမှာကွာတားဖိုင်နယ်ပွဲစဉ်ရင်ဆိုင်ကစားရပါမယ်။

ဆောက်ဂိတ်ရဲ့အင်္ဂလန်ဟာဝင်ဘာလေကွင်းမှာဂျာမနီကို၂-၀ဂိုးဖြင့်အနိုင်ရယူလာခဲ့ပြီးရှက်ဗ်ချင်ကိုရဲ့ယူကရိန်းဟာလည်းယင်းနေ့မှာပင်ဆွီဒင်ကိုအချိန်ပိုဂိုးဖြင့်အနိုင်ရရှိလာခဲ့ပါတယ်။

အင်္ဂလန်ကဆီမီးဖိုင်နယ်သို့တက်ရောက်ရန်ရေပန်းစားနေသော်လည်းအေစီမီလန်နှင့်ချဲလ်ဆီးတိုက်စစ်မှူးဟောင်းကအင်္ဂလန်နှင့်ပွဲတွင်မထင်မှတ်တဲ့ရလဒ်ရရှိအောင်အစွမ်းကြိုးပမ်းကြရန်တိုက်တွန်းလာပါတယ်။

ရှက်ဗ်ချင်ကိုက “အင်္ဂလန်ကအသင်းကောင်းတစ်သင်းပါ။အရန်အင်အားလည်းအရမ်းတောင့်ပါတယ်။အရမ်းကောင်းတဲ့နည်းပြတစ်ဦးလည်းဦးဆောင်နေပါတယ်။ဒါကြောင့်ဒီပွဲကျွန်တော်တို့အတွက်ဘယ်လောက်ခက်ခဲတဲ့ပွဲဖြစ်လာမလဲဆိုတာသိထားပြီးဖြစ်ပတယ်။သူတို့ရဲ့အုပ်စုပွဲသုံးပွဲကိုကြည့်ခဲ့ပါတယ်။ဂျာမနီနဲ့ပွဲကိုတော့မကြည့်ခဲ့ပါဘူး။သူတို့ကဂိုးသွင်းဖို့အရမ်းခက်ခဲတဲ့အသင်းပါ။ဒါပေမယ့်သူတို့ရဲ့အကောင်းဆုံးအရာကကျွန်တော်တို့ကိုကြောက်လန့်စေမှာမဟုတ်ပါဘူး။ဘောလုံးမှာဘာမဆိုဖြစ်နိုင်မှုကကျွန်တော်တို့အတွက်စိတ်အားတက်စရာတစ်ခုပါ။ကျွန်တော်တို့ပရိသတ်တွေအတွက်နှလုံးသားနဲ့ရင်းပြီးကစားသွားပါ”လို့ပြောကြားခဲ့ပါတယ်။

ဆွီဒင်နဲ့ပွဲတွင်တစ်ဂိုးသွင်းကာဖန်တီးမှုတစ်ကြိမ်ပြုလုပ်ခဲ့တဲ့ဇင်ချင်ကိုကလည်းမန်စီးတီးကစားဖော်စတာလင်းမှာကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားများထဲမှတစ်ဦးဖြစ်ပြီးထိန်းချုပ်ရအလွန်ခက်ခဲသူဖြစ်ကြောင်းဆိုသွားပါတယ်။

ZawGyi

အဂၤလန္ကို မေၾကာက္လန႔္ေၾကာင္း ယူကရိန္းနည္းျပရွက္ဗ္ခ်င္ကိုေျပာၾကား

ယူကရိန္းနည္းျပအင္ဒေရရွက္ဗ္ခ်င္ကိုကယူ႐ို၂၀၂၀ၿပိဳင္ပြဲကြာတားဖိုင္နယ္တြင္ရင္ဆိုင္ရမယ့္အဂၤလန္ႏွင့္ပြဲအတြက္စိတ္လႈပ္ရွားရေၾကာင္းႏွင့္ေဆာက္ဂိတ္ရဲ႕အသင္းကို မိမိတို႔မေၾကာက္လန႔္ေၾကာင္းဆိုသြားပါတယ္။

ဂ်ာမနီႏွင့္ဆြီဒင္တို႔ကို၁၆သင္းအဆင့္မွာအႏိုင္ရယူလာခဲ့ၾကတဲ့အဂၤလန္ႏွင့္ယူကရိန္းတို႔ဟာလာမယ့္စေနေန႔မွာေရာမမွာကြာတားဖိုင္နယ္ပြဲစဥ္ရင္ဆိုင္ကစားရပါမယ္။

ေဆာက္ဂိတ္ရဲ႕အဂၤလန္ဟာဝင္ဘာေလကြင္းမွာဂ်ာမနီကို၂-၀ဂိုးျဖင့္အႏိုင္ရယူလာခဲ့ၿပီးရွက္ဗ္ခ်င္ကိုရဲ႕ယူကရိန္းဟာလည္းယင္းေန႔မွာပင္ဆြီဒင္ကိုအခ်ိန္ပိုဂိုးျဖင့္အႏိုင္ရရွိလာခဲ့ပါတယ္။

အဂၤလန္ကဆီမီးဖိုင္နယ္သို႔တက္ေရာက္ရန္ေရပန္းစားေနေသာ္လည္းေအစီမီလန္ႏွင့္ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းကအဂၤလန္ႏွင့္ပြဲတြင္မထင္မွတ္တဲ့ရလဒ္ရရွိေအာင္အစြမ္းႀကိဳးပမ္းၾကရန္တိုက္တြန္းလာပါတယ္။

ရွက္ဗ္ခ်င္ကိုက “အဂၤလန္ကအသင္းေကာင္းတစ္သင္းပါ။အရန္အင္အားလည္းအရမ္းေတာင့္ပါတယ္။အရမ္းေကာင္းတဲ့နည္းျပတစ္ဦးလည္းဦးေဆာင္ေနပါတယ္။ဒါေၾကာင့္ဒီပြဲကြၽန္ေတာ္တို႔အတြက္ဘယ္ေလာက္ခက္ခဲတဲ့ပြဲျဖစ္လာမလဲဆိုတာသိထားၿပီးျဖစ္ပတယ္။သူတို႔ရဲ႕အုပ္စုပြဲသုံးပြဲကိုၾကည့္ခဲ့ပါတယ္။ဂ်ာမနီနဲ႔ပြဲကိုေတာ့မၾကည့္ခဲ့ပါဘူး။သူတို႔ကဂိုးသြင္းဖို႔အရမ္းခက္ခဲတဲ့အသင္းပါ။ဒါေပမယ့္သူတို႔ရဲ႕အေကာင္းဆုံးအရာကကြၽန္ေတာ္တို႔ကိုေၾကာက္လန႔္ေစမွာမဟုတ္ပါဘူး။ေဘာလုံးမွာဘာမဆိုျဖစ္ႏိုင္မႈကကြၽန္ေတာ္တို႔အတြက္စိတ္အားတက္စရာတစ္ခုပါ။ကြၽန္ေတာ္တို႔ပရိသတ္ေတြအတြက္ႏွလုံးသားနဲ႔ရင္းၿပီးကစားသြားပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ဆြီဒင္နဲ႔ပြဲတြင္တစ္ဂိုးသြင္းကာဖန္တီးမႈတစ္ႀကိမ္ျပဳလုပ္ခဲ့တဲ့ဇင္ခ်င္ကိုကလည္းမန္စီးတီးကစားေဖာ္စတာလင္းမွာကမာၻ႔အေကာင္းဆုံးေတာင္ပံကစားသမားမ်ားထဲမွတစ္ဦးျဖစ္ၿပီးထိန္းခ်ဳပ္ရအလြန္ခက္ခဲသူျဖစ္ေၾကာင္းဆိုသြားပါတယ္။