အင်္ဂလန်ကွင်းလယ်ကစားသမားဟင်ဒါဆင် လေ့ကျင့်ခန်းအပြည့်အဝဆင်းနိုင်ပြီ

လီဗာပူးအသင်းခေါင်းဆောင်ဂျော်ဒန်ဟင်ဒါဆင်ဟာလေ့ကျင့်ခန်းအပြည့်အဝဆင်းလာနိုင်ပြီဖြစ်လို့ယူရို၂၀၂၀အတွက်ပြင်ဆင်နေတဲ့အင်္ဂလန်အတွက်စိတ်အားတက်စရာဖြစ်နေပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟာဒဏ်ရာကြောင့်ဘောလုံးပွဲနှင့်လေးလကြာဝေးကွာလာခဲ့တဲ့သူဖြစ်ပြီးဇွန်လ၁၃ရက်နေ့တွင်ကစားမယ့်ခရိုအေးရှားနှင့်ပွဲစဉ်အတွက်ကြံ့ခိုင်မှုပြည့်ဝရန်မရေမရာဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့်ယခုအခါအသက်၃၀နှစ်ရှိအင်္ဂလန်ဒုတိယအသင်းခေါင်းဆောင်ဟာအင်္ဂလန်အသင်းနှင့်အတူအပြည့်အဝလေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်ပါတယ်။

သို့ရာတွင်သူဟာခရိုအေးရှားနှင့်အဖွင့်ပွဲစဉ်အမီကြံ့ခိုင်မှုပြည့်ဝလာဖို့တော့မရှိသေးပါဘူး။အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာပွဲကစားမှုကြံ့ခိုင်မှုလိုနေတဲ့ဟင်ဒါဆင်ကိုယူရိုပြိုင်ပွဲအတွင်းမှာပွဲချိန်အနည်းငယ်စီကစားစေပြီးကြံ့ခိုင်မှုပြည့်ဝလာအောင်လုပ်ဆောင်သွားဖို့ရှိပါတယ်။

ZawGyi

အဂၤလန္ကြင္းလယ္ကစားသမားဟင္ဒါဆင္ ေလ့က်င့္ခန္းအျပည့္အဝဆင္းႏိုင္ၿပီ

လီဗာပူးအသင္းေခါင္းေဆာင္ေဂ်ာ္ဒန္ဟင္ဒါဆင္ဟာေလ့က်င့္ခန္းအျပည့္အဝဆင္းလာႏိုင္ၿပီျဖစ္လို႔ယူ႐ို၂၀၂၀အတြက္ျပင္ဆင္ေနတဲ့အဂၤလန္အတြက္စိတ္အားတက္စရာျဖစ္ေနပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ဟာဒဏ္ရာေၾကာင့္ေဘာလုံးပြဲႏွင့္ေလးလၾကာေဝးကြာလာခဲ့တဲ့သူျဖစ္ၿပီးဇြန္လ၁၃ရက္ေန႔တြင္ကစားမယ့္ခ႐ိုေအးရွားႏွင့္ပြဲစဥ္အတြက္ႀကံ့ခိုင္မႈျပည့္ဝရန္မေရမရာျဖစ္ေနခဲ့ပါတယ္။

ဒါေပမယ့္ယခုအခါအသက္၃၀ႏွစ္ရွိအဂၤလန္ဒုတိယအသင္းေခါင္းေဆာင္ဟာအဂၤလန္အသင္းႏွင့္အတူအျပည့္အဝေလ့က်င့္ခန္းဆင္းႏိုင္ၿပီျဖစ္ပါတယ္။

သို႔ရာတြင္သူဟာခ႐ိုေအးရွားႏွင့္အဖြင့္ပြဲစဥ္အမီႀကံ့ခိုင္မႈျပည့္ဝလာဖို႔ေတာ့မရွိေသးပါဘူး။အဂၤလန္နည္းျပေဆာက္ဂိတ္ဟာပြဲကစားမႈႀကံ့ခိုင္မႈလိုေနတဲ့ဟင္ဒါဆင္ကိုယူ႐ိုၿပိဳင္ပြဲအတြင္းမွာပြဲခ်ိန္အနည္းငယ္စီကစားေစၿပီးႀကံ့ခိုင္မႈျပည့္ဝလာေအာင္လုပ္ေဆာင္သြားဖို႔ရွိပါတယ္။