အင်္ဂလန်ဂန္ထဝင်မတ်လီတက်စီယာရဲ့ချွေးမ အပြာမင်းသမီးကို ဒေါ်လာ ၆၀၀ ပေးပြီး အတူနေဖို့ ကြိုးစားတဲ့ ပရီးမီးယားလိဂ်စတား
ပရီးမီးယားလိဂ်ဘောလုံးသမားတစ်ဦးဟာအင်္ဂလန်နှင့်ဆောက်သမ်တန်ဂန္ထဝင်ကစားသမားမတ်လီတက်စီယာရဲ့သမီးနှင့်တစ်ညအတူနေဖို့အတွက်ပေါင်၆၀၀ဖြင့်ကမ်းလှမ်းမှုပြုလုပ်လာခဲ့ပါတယ်။
အဲလက်စ်လီတက်စီယာဟာကိုဗစ်ကာလအတွင်းတွင်အပြာမင်းသမီးဖြစ်လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှစတင်ကာကလေးလေးဦးစရိတ်ဖြေရှင်းနိုင်ရန်အတွက်OnlyFan တွင်လည်းဓာတ်ပုံနှင့်ဗီဒီယိုများရောင်းစားသလို Cam Girl အဖြစ်လည်းအလုပ်လုပ်သူဖြစ်ပါတယ်။
အသက်၃၀နှစ်ရှိသူမဟာလီသက်ဆီယာရဲ့သားဖြစ်သူမတ်ချ်နှင့်လက်ထပ်ထားပါတယ်။မတ်လီသက်ဆီယာဟာမိသားစုအရှက်ရအောင်လုပ်ဆောင်နေမှုအတွက်သားနှင့်ချွေးမတို့ကိုအဆက်အသွယ်ဖြတ်ထားပါတယ်။
ယနေ့တွင်အဲလက်စ်ကအသက်၂၀ကျော်အရွယ်ပရီးမီးယားလိဂ်ကစားသမားတစ်ဦးကအင်စတာဂရမ်မှတဆင့်အတူနေရန်ကမ်းလှမ်းလာရန် Daily Star သို့ဖွင့်ဟာလာပါတယ်။
သူမက “အင်စတာဂရမ်ကနေကမ်းလှမ်းလာတာ။ဒါကစော်ကားတာပါ။ဒီတော့အကြောင်းမပြန်လိုက်ဘူး။သူဒီလောက်ငွေတွေအများကြီးရနေတာ ပေါင်၆၀၀တည်းပဲပေးတာလား။သူဟာဘာဘီစတေးရှင်းကကျွန်မရဲ့ရှိုးတွေကိုကြည့်ပုံရတယ်။သူကတော့သူကဘောလုံးသမားဆိုတော့ကျွန်မတော့လက်ခံမှာဘဲတွေးမိလိမ့်မယ်။ဒါပေမဲ့ကျွန်မမှာလည်းတန်ဖိုးတစ်ခုရှိပြီးသားပါ”လို့ပြောကြားသွားပါတယ်။
သူမဟာပြီးခဲ့တဲ့ဇွန်လတုန်းကထုတ်လွှင့်တဲ့’Olivia Attwood: Getting Filthy Rich’ မှတ်တမ်းရုပ်ရှင်တွင်ပါဝင်ပြီးနောက်OnlyFan တွင် ပရိသတ်နှစ်ထောင်အထိမြင့်မားစွာရရှိလာခဲ့သူလည်းဖြစ်ပါတယ်။
ZawGyi