အင်္ဂလန်စတားမေဆင်မောင့်ကို ချဲလ်ဆီးစူပါပရိသတ်အပြာမင်းသမီးအက်စ်ထရစ်ဝက်ဝေဖန်လာ
အပြာစတားအက်စ်ထရစ်ဝက်ဟာအမေရိကန်နှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှအင်္ဂလန်စတားမေဆင်မောင့်ရဲ့ခြေစွမ်းကိုဝေဖန်လာပါတယ်။
အသက်၂၁နှစ်ရှိအပြာစတားဟာချဲလ်ဆီးပရိသတ်တစ်ဦးဖြစ်ပြီးအင်စတာဂရမ်မှနာမည်ကျော်စတားတစ်ဦးဖြစ်သလို Tiktok၊ YouTube နှင့်Only Funsတို့တွင်လည်းနာမည်ကျော်ကြားသူဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာကြာသပတေးနေ့တုန်းကကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်အဖြစ်အမေရိကန်နှင့်ပွဲတွင်စိတ်ပျက်ဖွယ်ရာခြေစွမ်းဖြင့်ကစားခဲ့ပြီးဂိုးမရှိသရေကျခဲ့ပါတယ်။
အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာလည်းအမေရိကန်နှင့်ပွဲတွင်မေဆင်မောင့်ကိုပွဲထွက်ကစားသမားအဖြစ်အသုံးပြုပြီးမန်စီးတီးနှင့်အတူအကောင်းဆုံးခြေစွမ်းပြနေတဲ့ဖီးလ်ဖိုဒန်ကိုအရန်အဖြစ်ပင်မသုံးမှုနှင့်အတူဝေဖန်ခံနေရပါတယ်။
ယခုအခါအက်စ်ထရစ်က “မေဆင်မောင့်ရေ။ရှင့်ကိုချစ်တယ်။ဒါပေမဲ့ဒါကကမ္ဘာ့ဖလားပြိုင်ပွဲ။နော့ဝှစ်ချ်ကွင်းမှာကစားနေတာမဟုတ်ဘူးနော်”လို့ဝေဖန်သွားခဲ့ပါတယ်။
အင်္ဂလန်ဟာအမေရိကန်နှင့်ဂိုးမရှိသရေကျခဲ့ပေမဲ့ရမှတ်၄မှတ်ဖြင့်အမှတ်ပေးဇယားထိပ်ဆုံးတွင်ဦးဆောင်နေတုန်းဖြစ်ပါတယ်။၎င်းတို့ဟာဝေးလ်နှင့်အုပ်စုနောက်ဆုံးပွဲတွင်သရေကျပါက၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ပါမယ်။
ZawGyi