အင်္ဂလန်စတားများကို လှောင်ပြောင်တဲ့ ပိုလန်ပရိသတ်များကို အင်္ကျီလက်မောင်းမှ Respect ကို ညွှန်ပြခဲ့တဲ့ လီဝန်ဒေါ့စကီး

ရောဘတ်လီဝန်ဒေါ့စကီးဟာမနေ့ညတုန်းကအင်္ဂလန်နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီအင်္ဂလန်ကစားသမားများကဒူးထောက်ကာလူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်စဉ်လှောင်ပြောင်မှုပြုလုပ်ခဲ့တဲ့ပိုလန်ပရိသတ်များအား အင်္ကျီလက်မောင်းမှ Respect ဆိုတဲ့စာသားကိုညွှန်ပြမှုပြုလုပ်ခဲ့ပါတယ်။

ပိုလန်ပရိသတ်အမြောက်အမြားတို့ဟာအင်္ဂလန်ကစားသမားများ ဒူးထောက်စဉ်လှောင်ပြောင်မှုပြုလုပ်မှုကိုမြင်တွေ့ရပြီးနောက်ပိုလန်အသင်းခေါင်းဆောင်ကယင်းသို့ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

အင်္ဂလန်ကစားသမားများဟာပြီးခဲ့တဲ့အပတ်တုန်းကဟန်ဂေရီနှင့်ပွဲမတိုင်မီဒူးထောက်မှုပြုလုပ်စဉ်တုန်းကလည်းဟန်ဂေရီပရိသတ်များရဲ့လှောင်ပြောင်ခြင်းခံခဲ့ရပါတယ်။

ပိုလန်နှင့်အင်္ဂလန်တို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်အင်္ဂလန်ဟာဟယ်ရီကိန်းရဲ့အဝေးကန်ချက်ဖြင့်ဦးဆောင်နိုင်ခဲ့ပေမယ့်ပွဲပြီးခါနီးမှာဆိုင်မင်စကီးကပိုလန်အတွက်ချေပဂိုးသွင်းယူခဲ့လို့တစ်ဂိုးစီသရေဖြင့်ပွဲပြီးဆုံးခဲ့ပါတယ်။

ZawGyi

အဂၤလန္စတားမ်ားကို ေလွာင္ေျပာင္တဲ့ ပိုလန္ပရိသတ္မ်ားကို အက်ႌလက္ေမာင္းမွ Respect ကို ၫႊန္ျပခဲ့တဲ့ လီဝန္ေဒါ့စကီး

ေရာဘတ္လီဝန္ေဒါ့စကီးဟာမေန႔ညတုန္းကအဂၤလန္ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲမတိုင္မီအဂၤလန္ကစားသမားမ်ားကဒူးေထာက္ကာလူမ်ိဳးေရးခြဲျခားမႈဆန႔္က်င္ေရးလႈပ္ရွားမႈျပဳလုပ္စဥ္ေလွာင္ေျပာင္မႈျပဳလုပ္ခဲ့တဲ့ပိုလန္ပရိသတ္မ်ားအား အက်ႌလက္ေမာင္းမွ Respect ဆိုတဲ့စာသားကိုၫႊန္ျပမႈျပဳလုပ္ခဲ့ပါတယ္။

ပိုလန္ပရိသတ္အေျမာက္အျမားတို႔ဟာအဂၤလန္ကစားသမားမ်ား ဒူးေထာက္စဥ္ေလွာင္ေျပာင္မႈျပဳလုပ္မႈကိုျမင္ေတြ႕ရၿပီးေနာက္ပိုလန္အသင္းေခါင္းေဆာင္ကယင္းသို႔ျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

အဂၤလန္ကစားသမားမ်ားဟာၿပီးခဲ့တဲ့အပတ္တုန္းကဟန္ေဂရီႏွင့္ပြဲမတိုင္မီဒူးေထာက္မႈျပဳလုပ္စဥ္တုန္းကလည္းဟန္ေဂရီပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္ျခင္းခံခဲ့ရပါတယ္။

ပိုလန္ႏွင့္အဂၤလန္တို႔ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲတြင္အဂၤလန္ဟာဟယ္ရီကိန္းရဲ႕အေဝးကန္ခ်က္ျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ပြဲၿပီးခါနီးမွာဆိုင္မင္စကီးကပိုလန္အတြက္ေခ်ပဂိုးသြင္းယူခဲ့လို႔တစ္ဂိုးစီသေရျဖင့္ပြဲၿပီးဆုံးခဲ့ပါတယ္။