အင်္ဂလန်စတားသစ်အိုင်ဗန်တိုနေးကို မသိမှုကြောင့် လေ့လာမှုပြုလုပ်ထားရကြောင်း အီတလီနောက်ခံလူဘိုနုချီဖွင့်ဟလာ

အီတလီဝါရင့်နောက်ခံလူဘိုနုချီကအင်္ဂလန်စတားသစ်အိုင်ဗန်တိုနေးကိုမသိမှုကြောင့်လေ့လာမှုပြုလုပ်ထားရကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ဘရန့်ဖို့ဒ်တိုက်စစ်မှူးဟာအင်္ဂလန်အသင်းတွင်ပထမဆုံးအကြိမ်အဖြစ်ရွေးချယ်ခံထားရပြီးယနေ့ညအီတလီနှင့်ရင်ဆိုင်ရမယ့်ပွဲတွင်အင်္ဂလန်အတွက်ပထမဆုံးပွဲအဖြစ်ကစားလာနိုင်ပါတယ်။

သူဟာဘရန့်ဖို့ဒ်တွင်ခြေစွမ်းပြကစားနေပေမဲ့လည်းဟယ်ရီကိန်းကဲ့သို့နိုင်ငံခြားအသင်းများရဲ့စိတ်ဝင်စားခြင်းမခံရပါဘူး။

အီတလီဝါရင့်နောက်ခံလူဘိုနုချီကကွင်းထဲတွင်ပထမဆုံးရင်ဆိုင်ရမယ့်အိုင်ဗန်တိုနေးကိုထိန်းချုပ်နိုင်ရန်အတွက်ဗီဒီယိုဆန်းစစ်မှုအခန်းတွင်အချိန်များစွာအချိန်ယူလေ့လာမှုပြုလုပ်ထားရကြောင်းဆိုလာပါတယ်။

ဘိုနုချီက “ကိန်းနဲ့အကြိမ်များစွာရင်ဆိုင်ဖူးတယ်။သူကတကယ့်ကိုကြီးကျယ်တဲ့တိုက်စစ်မှူးတစ်ဦးပါ။ကမ္ဘာ့အကောင်းဆုံးထဲကတစ်ဦးလည်းဖြစ်တယ်။နောက်အသစ်တစ်ယောက်လား။ဘယ်လိုဖြစ်လာမလဲကြည့်ရမယ်။ပြီးခဲ့တဲ့ရက်တွေမှာသူ့ရဲ့ဗီဒီယိုအချို့ကိုတော့လေ့လာထားတယ်။သူကလည်းတကယ့်ပါရမီရှင်ပါ။အင်္ဂလန်မှာကပရီးမီးယားလိဂ်ကလပ်တွေကလူငယ်တွေကိုရဲရဲသုံးတော့ပါရမီရှင်တွေအများကြီးရှိနေတာအားသာချက်ပါ”လို့ပြောကြားသွားပါတယ်။

အိုင်ဗန်တိုနေးဟာယခုရာသီတွင်ဘရန့်ဖို့ဒ်အတွက်ပရီးမီးယားလိဂ်ပွဲ၇ပွဲကစားထားရာမှာ၅ဂိုးသွင်းယူထားနိုင်သူဖြစ်ပါတယ်။

ZawGyi

အဂၤလန္စတားသစ္အိုင္ဗန္တိုေနးကို မသိမႈေၾကာင့္ ေလ့လာမႈျပဳလုပ္ထားရေၾကာင္း အီတလီေနာက္ခံလူဘိုႏုခ်ီဖြင့္ဟလာ

အီတလီဝါရင့္ေနာက္ခံလူဘိုႏုခ်ီကအဂၤလန္စတားသစ္အိုင္ဗန္တိုေနးကိုမသိမႈေၾကာင့္ေလ့လာမႈျပဳလုပ္ထားရေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ဘရန႔္ဖို႔ဒ္တိုက္စစ္မႉးဟာအဂၤလန္အသင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ေ႐ြးခ်ယ္ခံထားရၿပီးယေန႔ညအီတလီႏွင့္ရင္ဆိုင္ရမယ့္ပြဲတြင္အဂၤလန္အတြက္ပထမဆုံးပြဲအျဖစ္ကစားလာႏိုင္ပါတယ္။

သူဟာဘရန႔္ဖို႔ဒ္တြင္ေျခစြမ္းျပကစားေနေပမဲ့လည္းဟယ္ရီကိန္းကဲ့သို႔ႏိုင္ငံျခားအသင္းမ်ားရဲ႕စိတ္ဝင္စားျခင္းမခံရပါဘူး။

အီတလီဝါရင့္ေနာက္ခံလူဘိုႏုခ်ီကကြင္းထဲတြင္ပထမဆုံးရင္ဆိုင္ရမယ့္အိုင္ဗန္တိုေနးကိုထိန္းခ်ဳပ္ႏိုင္ရန္အတြက္ဗီဒီယိုဆန္းစစ္မႈအခန္းတြင္အခ်ိန္မ်ားစြာအခ်ိန္ယူေလ့လာမႈျပဳလုပ္ထားရေၾကာင္းဆိုလာပါတယ္။

ဘိုႏုခ်ီက “ကိန္းနဲ႔အႀကိမ္မ်ားစြာရင္ဆိုင္ဖူးတယ္။သူကတကယ့္ကိုႀကီးက်ယ္တဲ့တိုက္စစ္မႉးတစ္ဦးပါ။ကမာၻ႔အေကာင္းဆုံးထဲကတစ္ဦးလည္းျဖစ္တယ္။ေနာက္အသစ္တစ္ေယာက္လား။ဘယ္လိုျဖစ္လာမလဲၾကည့္ရမယ္။ၿပီးခဲ့တဲ့ရက္ေတြမွာသူ႔ရဲ႕ဗီဒီယိုအခ်ိဳ႕ကိုေတာ့ေလ့လာထားတယ္။သူကလည္းတကယ့္ပါရမီရွင္ပါ။အဂၤလန္မွာကပရီးမီးယားလိဂ္ကလပ္ေတြကလူငယ္ေတြကိုရဲရဲသုံးေတာ့ပါရမီရွင္ေတြအမ်ားႀကီးရွိေနတာအားသာခ်က္ပါ”လို႔ေျပာၾကားသြားပါတယ္။

အိုင္ဗန္တိုေနးဟာယခုရာသီတြင္ဘရန႔္ဖို႔ဒ္အတြက္ပရီးမီးယားလိဂ္ပြဲ၇ပြဲကစားထားရာမွာ၅ဂိုးသြင္းယူထားႏိုင္သူျဖစ္ပါတယ္။