အင်္ဂလန်စတားသုံးဦးကို တိုက်ခိုက်ရေးသားခဲ့တဲ့ ပရိသတ်တစ်ဦး ဆိုင်းငံ့ထောင်ဒဏ် ၁၄ ပတ်ချမှတ်ခံရ

ယူရို၂၀၂၀ဗိုလ်လုပွဲရှုံးပွဲအပြီးတွင်အင်္ဂလန်လူမည်းကစားသမားသုံးဦးတို့အားလူမျိုးရေးခွဲခြားတိုက်ခိုက်ရေးသားခဲ့တဲ့လူတစ်ဦးဟာဆိုင်းငံ့ထောင်ဒဏ်၁၄ပတ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

အသက်၄၃နှစ်ရှိစကော့မက်လပ်စ်ကီးဟာယူရို၂၀၂၀ဗိုလ်လုပွဲတွင်အီတလီအားပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ပြီးနောက်ပင်နယ်တီလွဲခဲ့တဲ့အင်္ဂလန်ကစားသမားသုံးဦးတို့အားဖစ်ဘုတ်တွင်လူမျိုးရေးခွဲခြားတိုက်ခိုက်ရေးသားခဲ့ပါတယ်။

မားကပ်စ်ရပ်ရှ်ဖို့ဒ်၊ဘူကာယိုဆာကာနှင့်ဂျာဒွန်ဆန်ချိုတို့ဟာပင်နယ်တီလွဲချော်ခဲ့ကြပြီးနောက်ချက်ချင်းပင်အွန်လိုင်းတွင်အကြီးအကျယ်တိုက်ခိုက်မှုခံခဲ့ရပါတယ်။

အဆိုပါလူမည်းကစားသမားသုံးဦးကိုတိုက်ခိုက်ရေးသားခဲ့တဲ့အသက်၄၃နှစ်ရှိလူဟာဆိုင်းငံ့ထောင်ဒဏ်မတူကွဲပြားမှုဆိုင်ရာပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား ရက်၃၀ကြာလုပ်ဆောင်ရန်လည်းအမိန့်ချမှတ်ခြင်းခံခဲ့ရပါတယ်။

ZawGyi




