
အာဆင်နယ်တိုက်စစ်မှူးဘတ်မီးဟာ၂၀၂၁-၂၂ရာသီအတွက်တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးကစားသမားဆုကိုဆွတ်ခူးသွားခဲ့ပါတယ်။
ဘတ်မီးဟာနွေရာသီတုန်းကအင်္ဂလန်အသင်းကိုယူရို၂၀၂၂ချန်ပီယံဖြစ်အောင်အဓိကနေရာမှစွမ်းဆောင်နိုင်ခဲ့သူဖြစ်ပြီး Golden Boot နှင့် ယူရို၂၀၂၂ အကောင်းဆုံးကစားသမားဆုတို့ကိုလည်းဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။
အသက်၂၇နှစ်ရှိတိုက်စစ်မှူးဟာ Ballon d’Or ဆုအတွက်ဆန်ကာတင်စာရင်းတွင်လည်းပါဝင်နေသူဖြစ်ပြီး အင်္ဂလန်အတွက် တစ်နှစ်အတွင်းဂိုးအများဆုံးသွင်းသူအဖြစ် ၁၄ဂိုးအထိသွင်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ပရိသတ်များရဲ့မဲဆန္ဒဖြင့်ရွေးချယ်ဆုံးဖြတ်မှုတွင် ဘတ်မီးဟာလီယာဝီလီယမ်နှင့်ကိုင်ရာဝေးလ်ရှ်တို့ကိုကျော်ဖြတ်ကာဆွတ်ခူးသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဘတ်မီးဟာယူရို၂၀၂၂ပြိုင်ပွဲတုန်းက ၆ဂိုးသွင်းပြီး၄ကြိမ်ဖန်တီးကာ ဂျာမနီတိုက်စစ်မှူးအဲလက်စ်ပေါ့ပ်(၆ဂိုး)ကိုကျော်ဖြတ်ကာ Golden Boot ဆုကိုဆွတ်ခူးသွားခဲ့သူဖြစ်ပါတယ်။
ZawGyi
အင်္ဂလန်တစ်နှစ်တာအကောင်းဆုံးကစားသမားဆု(အမျိုးသမီး)ကို တိုက်စစ်မှူးဘတ်မီးဆွတ်ခူး
ဘတ်မီးဟာယူရို၂၀၂၂ပြိုင်ပွဲတုန်းက ၆ဂိုးသွင်းပြီး၎ကြိမ်ဖန်တီးကာ ဂျာမနီတိုက်စစ်မှူးအဲလက်စ်ပေါ့ပ်(၆ဂိုး)ကိုကျော်ဖြတ်ကာ Golden Boot ဆုကိုဆွတ်ခူးသွားခဲ့သူဖြစ်ပါတယ်။