အင်္ဂလန်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လိဒ်ကွင်းလယ်လူကယ်ဗင်ဖီးလစ်ဆွတ်ခူး

ကယ်ဗင်ဖီးလစ်ဟာအင်္ဂလန်ကိုယူရို၂၀၂၀ဗိုလ်လုပွဲသို့တက်ရောက်အောင်အဓိကနေရာမှစွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက်အင်္ဂလန်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားခဲ့ပါတယ်။

လိဒ်ကွင်းလယ်ကစားသမားဟာအင်္ဂလန်အသင်းလေ့ကျင့်ရေးကွင်းတွင်အင်္ဂလန်ကွင်းလယ်ကစားသမားဒက်လန်းရိုက်စ်ထံမှ အင်္ဂလန်တစ်နှစ်တာအကောင်းဆုံးဆုကိုလက်ခံရယူခဲ့ပါတယ်။

အသက်၂၅နှစ်ရှိကယ်ဗင်ဖီးလစ်ဟာယူရို၂၀၂၀ဗိုလ်လုပွဲအထိပွဲတိုင်းပွဲထွက်ကစားခဲ့ပါတယ်။

ဝက်စ်ဟမ်းစတားရိုက်စ်ဟာအင်္ဂလန်ရဲ့စိန့်ဂျော့ပါ့ခ်လေ့ကျင့်ရေးစခန်းတွင်အင်္ဂလန်တစ်နှစ်တာအကောင်းဆုံးဆုကိုဝှက်ယူကာကယ်ဗင်ဖီးလစ်အား Suprise လုပ်ကာချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။

ကယ်ဗင်ဖီးလစ်ဟာမဲ၄၀၀၀၀ရရှိကာယင်းဆုကိုဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။

ဖီးလစ်ဟာပြီးခဲ့တဲ့နှစ်စက်တင်ဘာလတုန်းကဒိန်းမတ်နှင့်ဂိုးမရှိသရေကျတဲ့ပွဲတွင်အင်္ဂလန်အတွက်ပထမဆုံးပွဲကိုကစားပြီးနောက်ချက်ချင်းပင်ဆောက်ဂိတ်ရဲ့အရေးပါတဲ့ကစားသမားဖြစ်လာသူလည်းဖြစ်ပါတယ်။ယခုအခါသူဟာအင်္ဂလန်အတွက်၁၅ပွဲအထိကစားခဲ့ပြီးဖြစ်ပါတယ်။

ZawGyi






