အင်္ဂလန်တွင် မီတာခအများဆုံးပေးရတဲ့ ကစားသမားအဖြစ် ကိုင်လီဝေါလ်ကားရပ်တည်နေ

ကိုင်လီဝေါလ်ကားဟာဘောလုံးသမားများထဲမှာမီတာခအများဆုံးပေးရတဲ့ကစားသမားအဖြစ်ရပ်တည်နေကြောင်းသိရပါတယ်။

အင်္ဂလန်လက်ရွေးစင်ညာနောက်ခံလူရဲ့ချီရှိုင်းယားရှိပေါင်၃သန်းတန်နေအိမ်မှာရေကူးကန်၊ငါးကန်ကြီး၊ရေတံခွန်တို့ဖန်တီးထားမှုနဲ့အတူမီတာခများစွာကျနေတာလည်းဖြစ်ပါတယ်။

Uswitch ရဲ့စစ်တမ်းအရဝေါလ်ကားဟာတစ်နှစ်လျှင်မီတာခပေါင်၁၆၂၀၀အထိပေးဆောင်ရကြောင်းသိရပါတယ်။

မန်စီးတီးနောက်ခံလူရဲ့နေအိမ်မှာအိမ်ခန်းခြောက်ခန်းပါဝင်တဲ့အပြင်ဂိမ်းခန်းမ၊ရေပူကန်တို့လည်းရှိနေပါတယ်။

ကိုင်လီဝေါလ်ကားရဲ့မီတာခကဗြိတိန်နိုင်ငံမှပျမ်းမျှမီတာခပေးဆောင်ရသူများထက်၁၅ဆအထိပိုမိုမြင့်မားနေပါတယ်။

ဒါပေမယ့်မန်စီးတီးမှာတစ်ပတ်လုပ်ခပေါင်၁၁၀၀၀အထိရရှိနေတဲ့ကိုင်လီဝေါလ်ကားအတွက်တစ်နှစ်စာမီတာခကတစ်နေ့တာလုပ်ခတောင်မရှိပါဘူး။

ဝေါလ်ကားရဲ့မန်စီးတီးကစားဖော်ဂျွန်စတုန်းကတစ်နှစ်မီတာပေါင်၁၅၉၀၀ဖြင့်ဒုတိယမီတာအများဆုံးပေးရသူအဖြစ်ရပ်တည်နေပါတယ်။အင်္ဂလန်ဗဟိုနောက်ခံလူရဲ့နေအိမ်မှာချွေးထုပ်ခန်း၊ရုပ်ရှင်ရုံ၊အားကစားခန်းမ၊အိမ်တွင်းရေပူရေကူးကန်တို့တင်တစ်နှစ်လျှင်မီတာပေါင်၅၀၀၀ကျသင့်မှုနဲ့အတူယင်းမျှအထိမီတာပေးနေရတာလည်းဖြစ်ပါတယ်။

မန်ယူကွင်းလယ်ကစားသမားပေါလ်ပေါ့ဘာကတစ်နှစ်မီတာခ၁၄၃၀၀ဖြင့်တတိယနေရာမှာရပ်တည်နေပြီးဒီဂီယာကတစ်နှစ်မီတာခပေါင်၁၄၁၀၀ဖြင့်စတုတ္ထနေရာမှာရပ်တည်နေပါတယ်။ဒီဂီယာရဲ့နေအိမ်မှာရေကူးကန်၊အားကစားခန်းမ၊ရုပ်ရှင်ရုံ၊တင်းနစ်ကွင်း၊လျှပ်စစ်လုံခြုံရေးဂိတ်တို့ရှိပါတယ်။မန်ယူစတားဂျက်စီလင်ဂတ်ကမီတာခတစ်နှစ်လျှင်ပေါင်၁၄၀၀၀ပေးဆောင်နေရကာထိပ်ဆုံး၅ဦးနေရာမှာပါဝင်နေပါတယ်။

ဟယ်ရီကိန်း၊ဂရေမီဆောက်ဂိတ်၊မားကပ်စ်ရပ်ရှ်ဖို့ဒ်၊ဂါရတ်ဘေးလ်တို့ဟာလည်းတစ်နှစ်လျှင်မီတာခပေါင်၁၀၀၀၀၀စီပေးဆောင်နေရကာပစ်ဖို့ဒ်ကလည်းတစ်နှစ်လျှင်ပေါင်၉၄၀၀ပေးရကာမီတာခအများဆုံးပေးနေရတဲ့၁၀ဦးစာရင်းမှာပါဝင်ပါတယ်။

အင်္ဂလန်ကစားသမားဟောင်းများထဲတွင်ဝိန်းရွန်းနီကမီတာခပေါင်၁၅၉၀၀ဖြင့်အများဆုံးပေးဆောင်နေရပါတယ်။ဘက်ဟမ်းကပေါင်၁၁၄၀၀ပေးဆောင်နေရပါတယ်။

ZawGyi

အဂၤလန္တြင္ မီတာခအမ်ားဆုံးေပးရတဲ့ ကစားသမားအျဖစ္ ကိုင္လီေဝါလ္ကားရပ္တည္ေန

ကိုင္လီေဝါလ္ကားဟာေဘာလုံးသမားမ်ားထဲမွာမီတာခအမ်ားဆုံးေပးရတဲ့ကစားသမားအျဖစ္ရပ္တည္ေနေၾကာင္းသိရပါတယ္။

အဂၤလန္လက္ေ႐ြးစင္ညာေနာက္ခံလူရဲ႕ခ်ီရႈိင္းယားရွိေပါင္၃သန္းတန္ေနအိမ္မွာေရကူးကန္၊ငါးကန္ႀကီး၊ေရတံခြန္တို႔ဖန္တီးထားမႈနဲ႔အတူမီတာခမ်ားစြာက်ေနတာလည္းျဖစ္ပါတယ္။

Uswitch ရဲ႕စစ္တမ္းအရေဝါလ္ကားဟာတစ္ႏွစ္လွ်င္မီတာခေပါင္၁၆၂၀၀အထိေပးေဆာင္ရေၾကာင္းသိရပါတယ္။

မန္စီးတီးေနာက္ခံလူရဲ႕ေနအိမ္မွာအိမ္ခန္းေျခာက္ခန္းပါဝင္တဲ့အျပင္ဂိမ္းခန္းမ၊ေရပူကန္တို႔လည္းရွိေနပါတယ္။

ကိုင္လီေဝါလ္ကားရဲ႕မီတာခကၿဗိတိန္ႏိုင္ငံမွပ်မ္းမွ်မီတာခေပးေဆာင္ရသူမ်ားထက္၁၅ဆအထိပိုမိုျမင့္မားေနပါတယ္။

ဒါေပမယ့္မန္စီးတီးမွာတစ္ပတ္လုပ္ခေပါင္၁၁၀၀၀အထိရရွိေနတဲ့ကိုင္လီေဝါလ္ကားအတြက္တစ္ႏွစ္စာမီတာခကတစ္ေန႔တာလုပ္ခေတာင္မရွိပါဘူး။

ေဝါလ္ကားရဲ႕မန္စီးတီးကစားေဖာ္ဂြၽန္စတုန္းကတစ္ႏွစ္မီတာေပါင္၁၅၉၀၀ျဖင့္ဒုတိယမီတာအမ်ားဆုံးေပးရသူအျဖစ္ရပ္တည္ေနပါတယ္။အဂၤလန္ဗဟိုေနာက္ခံလူရဲ႕ေနအိမ္မွာေခြၽးထုပ္ခန္း၊႐ုပ္ရွင္႐ုံ၊အားကစားခန္းမ၊အိမ္တြင္းေရပူေရကူးကန္တို႔တင္တစ္ႏွစ္လွ်င္မီတာေပါင္၅၀၀၀က်သင့္မႈနဲ႔အတူယင္းမွ်အထိမီတာေပးေနရတာလည္းျဖစ္ပါတယ္။

မန္ယူကြင္းလယ္ကစားသမားေပါလ္ေပါ့ဘာကတစ္ႏွစ္မီတာခ၁၄၃၀၀ျဖင့္တတိယေနရာမွာရပ္တည္ေနၿပီးဒီဂီယာကတစ္ႏွစ္မီတာခေပါင္၁၄၁၀၀ျဖင့္စတုတၳေနရာမွာရပ္တည္ေနပါတယ္။ဒီဂီယာရဲ႕ေနအိမ္မွာေရကူးကန္၊အားကစားခန္းမ၊႐ုပ္ရွင္႐ုံ၊တင္းနစ္ကြင္း၊လွ်ပ္စစ္လုံၿခဳံေရးဂိတ္တို႔ရွိပါတယ္။မန္ယူစတားဂ်က္စီလင္ဂတ္ကမီတာခတစ္ႏွစ္လွ်င္ေပါင္၁၄၀၀၀ေပးေဆာင္ေနရကာထိပ္ဆုံး၅ဦးေနရာမွာပါဝင္ေနပါတယ္။

ဟယ္ရီကိန္း၊ဂေရမီေဆာက္ဂိတ္၊မားကပ္စ္ရပ္ရွ္ဖို႔ဒ္၊ဂါရတ္ေဘးလ္တို႔ဟာလည္းတစ္ႏွစ္လွ်င္မီတာခေပါင္၁၀၀၀၀၀စီေပးေဆာင္ေနရကာပစ္ဖို႔ဒ္ကလည္းတစ္ႏွစ္လွ်င္ေပါင္၉၄၀၀ေပးရကာမီတာခအမ်ားဆုံးေပးေနရတဲ့၁၀ဦးစာရင္းမွာပါဝင္ပါတယ္။

အဂၤလန္ကစားသမားေဟာင္းမ်ားထဲတြင္ဝိန္း႐ြန္းနီကမီတာခေပါင္၁၅၉၀၀ျဖင့္အမ်ားဆုံးေပးေဆာင္ေနရပါတယ္။ဘက္ဟမ္းကေပါင္၁၁၄၀၀ေပးေဆာင္ေနရပါတယ္။